မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်

 772

NP News - စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်းနှင့် ငွေကြေးများ လုယက်ယူဆောင်သွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက်၊ နံနက် ၁၀နာရီအချိန်ခန့်က မြစ်သားမြို့ နယ်၊ မယ်ဇယ်ပင်သာကျေးရွာ နှင့် ကဆွန်ကျေးရွာအကြား၊ ကူမဲ- ကင်းတာကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရုတုတ်ကျေးရွာရှိ “စိန္ဒာမယာရာမ”ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေသော သက်တော်(၆၂)နှစ်၊ ဝါတော်(၃)ဝါရှိ ဆရာတော် ဥူးကော ဝိဒသည် တစ်ရွာတည်းနေ ဦးမင်းသိန်းနှင့်အတူ ခရုတုတ်ကျေးရွာမှ ကူမဲမြို့သို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် အထက်ပါနေရာအရောက်၌ PDF အဖွဲ့ဝင် (၃)ဦး က ဆိုင်ကယ်(၂)စီးဖြင့် နောက်မှလိုက်ပါလာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဆရာတော်ဥူးကောဝိဒတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် ပျံလွန်တော်မူခဲ့ပြီး ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံးနှင့်အတူ ငွေကျပ်(၁)သိန်းခွဲကိုလည်း လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းလျက်ရှိကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ အကြမ်းဖက်သတ်ဖြတ်ခံရမှုကြောင့် သံဃာတော်အပါး (၁၀၀)ကျော်နှင့် သီလရှင် ဆရာကြီး(၃)ပါးအထိ ပျံလွန်တော်မူထားသည်။

zawgyi version
ျမစ္သားၿမိဳ႕နယ္တြင္ သံဃာေတာ္တစ္ပါးကို PDF အဖြဲ႕က ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္၍ ဆိုင္ကယ္၊ ဖုန္း ႏွင့္ ေငြေၾကးမ်ား လုယက္ယူေဆာင္

NP News - စက္တင္ဘာ ၁၈

မႏၲေလးတိုင္းေဒသႀကီး၊ ျမစ္သားၿမိဳ႕နယ္တြင္ သံဃာေတာ္တစ္ပါးကို PDF အဖြဲ႕က ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္၍ ဆိုင္ကယ္၊ ဖုန္းႏွင့္ ေငြေၾကးမ်ား လုယက္ယူေဆာင္သြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ စက္တင္ဘာ ၁၆ ရက္၊ နံနက္ ၁၀နာရီအခ်ိန္ခန႔္က ျမစ္သားၿမိဳ႕ နယ္၊ မယ္ဇယ္ပင္သာေက်း႐ြာ ႏွင့္ ကဆြန္ေက်း႐ြာအၾကား၊ ကူမဲ- ကင္းတာကားလမ္းေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ခ႐ုတုတ္ေက်း႐ြာရွိ “စိႏၵာမယာရာမ”ဘုန္းႀကီးေက်ာင္းတြင္ သီတင္းသုံးေနေသာ သက္ေတာ္(၆၂)ႏွစ္၊ ဝါေတာ္(၃)ဝါရွိ ဆရာေတာ္ ဥဴးေကာ ဝိဒသည္ တစ္႐ြာတည္းေန ဦးမင္းသိန္းႏွင့္အတူ ခ႐ုတုတ္ေက်း႐ြာမွ ကူမဲၿမိဳ႕သို႔ ဆိုင္ကယ္ျဖင့္ ထြက္ခြာလာစဥ္ အထက္ပါေနရာအေရာက္၌ PDF အဖြဲ႕ဝင္ (၃)ဦး က ဆိုင္ကယ္(၂)စီးျဖင့္ ေနာက္မွလိုက္ပါလာကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ဆရာေတာ္ဥဴးေကာဝိဒတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာတြင္ ပ်ံလြန္ေတာ္မူခဲ့ၿပီး ဆိုင္ကယ္တစ္စီး၊ ဖုန္းတစ္လုံးႏွင့္အတူ ေငြက်ပ္(၁)သိန္းခြဲကိုလည္း လုယက္ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိေရးႏွင့္ ဥပေဒႏွင့္အညီထိေရာက္စြာအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။

ႏိုင္ငံတစ္ဝန္းတြင္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစတင္ကာ အၾကမ္းဖက္သတ္ျဖတ္ခံရမႈေၾကာင့္ သံဃာေတာ္အပါး (၁၀၀)ေက်ာ္ႏွင့္ သီလရွင္ ဆရာႀကီး(၃)ပါးအထိ ပ်ံလြန္ေတာ္မူထားသည္။

Related news

© 2021. All rights reserved.