သားဦးလေးကို ရရှိခဲ့ပြီဖြစ်တဲ့ Super Junior အဖွဲ့ဝင် Sungmin တို့စုံတွဲ

 213

Pika (NP News) - စက်တင်ဘာ ၁၉

တောင်ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ Super Junior အဖွဲ့ဝင်တစ်ဦးဖြစ်သူ Sungmin နှင့် ရုပ်ရှင် သရုပ်ဆောင် Kim Sa-eun တို့သည် အိမ်ထောင်သက်(၁၀)နှစ်အကြာတွင် ၎င်း၏ ပထမဆုံးသားဦးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

Sungmin သည် Po Po ဟု နာမည်ပြောင်ပေးထားသည့် ၎င်း၏သားဦးလေး၏ ဓါတ်ပုံများကို အင်စတာဂရမ်တွင် မျှဝေခဲ့ကြောင်းသိရသည်။ Sungmin က "Po Po ကျန်းကျန်းမာမာနဲ့ မွေးဖွားလာနိုင်ဖို့ ဆုတောင်းပေးခဲ့တဲ့လူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ မိခင်ရော၊ ကလေးရော ကျန်းကျန်းမာမာပဲရှိနေပါတယ်။ ကျွန်တော်သူ့ကို အချစ်တွေနဲ့အတူ အကောင်းဆုံးပြုစုပျိုးထောင်သွားမှာပါ" ဟု ရေးသားခဲ့သည်။

တောင်ကိုရီးယားမီဒီယာများ၏ ဖော်ပြချက်အရ Kim Sa-eun သည် ၎င်း၏ သားဦးလေးကို ခွဲကာ မွေးခဲ့ခြင်းဖြစ် ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်စက်တင်ဘာလ(၁၄)ရက်က တင်ထားသောပို့စ်တစ်ခုတွင် သားဦးလေးနှင့် ပတ်သက်ပြီး စိတ်လှုပ်ရှားနေသည့် Kim Sa-eun ကို တွေ့မြင်ခဲ့ရသည်။ Kim Sa-eun က "အမြန်ဆုံးပြန်လည် ကောင်းမွန်လာပြီး လမ်းပြန်လျှောက်နိုင်ဖို့ ကျွန်မမျှော်လင့်ထားပါတယ်။ ဒီအချိန်အထိ ကျွန်မ Po Po ကို မတွေ့ရသေးပါဘူး။ ကျွန်မ နေမြန်မြန်ပြန်ကောင်းလာမှ Po Po ကို သွားတွေ့နိုင်မှာပါ" ဟု ပြောကြားခဲ့သည်။

Sungmin နှင့် Kim Sa-eun တို့သည် ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်တွင် ဂီတပွဲတစ်ခုမှာ တွေ့ဆုံခဲ့ပြီးနောက် ချစ်ကြိုက်ခဲ့တာ လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။ Super Junior အဖွဲ့ဝင်ဖြစ်နေသော်လည်း Sungmin သည် အဖွဲ့မှ အချိန်အတော်ကြာ အနားယူနေခဲ့ကြောင်းလည်း သိရသည်။ သို့သော်လည်း Sungmin သည် ပြီးခဲ့သည့်မေလတွင် Super Junior အဖွဲ့ဝင် Ryeowook ၏ မင်္ဂလာဆောင်တွင် အဖွဲ့ဝင်ဟောင်းများအပြင် လက်ရှိ အဖွဲ့ဝင်များ အားလုံးနှင့် ပြန်လည်ပေါင်းစည်းခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
သားဦးေလးကို ရရွိခဲ့ၿပီျဖစ္တဲ့ Super Junior အဖြဲ႕ဝင္ Sungmin တို႔စုံတြဲ
Pika (NP News) - စက္တင္ဘာ ၁၉

ေတာင္ကိုရီးယားအမ်ိဳးသားအဆိုေတာ္အဖြဲ႕ Super Junior အဖြဲ႕ဝင္တစ္ဦးျဖစ္သူ Sungmin ႏွင့္ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ Kim Sa-eun တို႔သည္ အိမ္ေထာင္သက္(၁၀)ႏွစ္အၾကာတြင္ ၎၏ ပထမဆုံးသားဦးေလးကို ေအာင္ျမင္စြာေမြးဖြားႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။

Sungmin သည္ Po Po ဟု နာမည္ေျပာင္ေပးထားသည့္ ၎၏သားဦးေလး၏ ဓါတ္ပုံမ်ားကို အင္စတာဂရမ္တြင္ မွ်ေဝခဲ့ေၾကာင္းသိရသည္။ Sungmin က "Po Po က်န္းက်န္းမာမာနဲ႔ ေမြးဖြားလာႏိုင္ဖို႔ ဆုေတာင္းေပးခဲ့တဲ့လူေတြ အားလုံးကို ေက်းဇူးတင္ပါတယ္။ မိခင္ေရာ၊ ကေလးေရာ က်န္းက်န္းမာမာပဲရွိေနပါတယ္။ ကြၽန္ေတာ္သူ႔ကို အခ်စ္ေတြနဲ႔အတူ အေကာင္းဆုံးျပဳစုပ်ိဳးေထာင္သြားမွာပါ" ဟု ေရးသားခဲ့သည္။

ေတာင္ကိုရီးယားမီဒီယာမ်ား၏ ေဖာ္ျပခ်က္အရ Kim Sa-eun သည္ ၎၏ သားဦးေလးကို ခြဲကာ ေမြးခဲ့ျခင္းျဖစ္ ေၾကာင္းလည္း သိရသည္။ ၿပီးခဲ့သည့္စက္တင္ဘာလ(၁၄)ရက္က တင္ထားေသာပို႔စ္တစ္ခုတြင္ သားဦးေလးႏွင့္ ပတ္သက္ၿပီး စိတ္လႈပ္ရွားေနသည့္ Kim Sa-eun ကို ေတြ႕ျမင္ခဲ့ရသည္။ Kim Sa-eun က "အျမန္ဆုံးျပန္လည္ ေကာင္းမြန္လာၿပီး လမ္းျပန္ေလွ်ာက္ႏိုင္ဖို႔ ကြၽန္မေမွ်ာ္လင့္ထားပါတယ္။ ဒီအခ်ိန္အထိ ကြၽန္မ Po Po ကို မေတြ႕ရေသးပါဘူး။ ကြၽန္မ ေနျမန္ျမန္ျပန္ေကာင္းလာမွ Po Po ကို သြားေတြ႕ႏိုင္မွာပါ" ဟု ေျပာၾကားခဲ့သည္။

Sungmin ႏွင့္ Kim Sa-eun တို႔သည္ ၿပီးခဲ့သည့္ ၂ဝ၁၄ ခုႏွစ္တြင္ ဂီတပြဲတစ္ခုမွာ ေတြ႕ဆုံခဲ့ၿပီးေနာက္ ခ်စ္ႀကိဳက္ခဲ့တာ လက္ထပ္ခဲ့ၾကျခင္းျဖစ္သည္။ Super Junior အဖြဲ႕ဝင္ျဖစ္ေနေသာ္လည္း Sungmin သည္ အဖြဲ႕မွ အခ်ိန္အေတာ္ၾကာ အနားယူေနခဲ့ေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း Sungmin သည္ ၿပီးခဲ့သည့္ေမလတြင္ Super Junior အဖြဲ႕ဝင္ Ryeowook ၏ မဂၤလာေဆာင္တြင္ အဖြဲ႕ဝင္ေဟာင္းမ်ားအျပင္ လက္ရွိ အဖြဲ႕ဝင္မ်ား အားလုံးႏွင့္ ျပန္လည္ေပါင္းစည္းခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.