Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား

 60

Pika (NP News) - စက်တင်ဘာ ၁၉

မှတ်ဉာဏ်အလွန်ကောင်းသော အိန္ဒိယအမျိုး သားတစ်ဦးသည် Euler နံပါတ် ဂဏန်းပေါင်း (၁၄၀ဝဝ)ကို အချိန်(၄၉)မိနစ်အတွင်းရွတ်ပြခဲ့ပြီး နောက် ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့ကြောင်းသိရသည်။ Deepu V ဆိုသည့်အမျိုးသားသည် ကိန်းဂဏန်းများကို စွဲစွဲမြဲမြဲမှတ်နိုင်သော မှတ်ဉာဏ်ရှိကြောင်းလည်းသိရသည်။

ယခင်က ၎င်းသည် pi နံပါတ်ဂဏန်းပေါင်း(၂)ထောင်ကို ရွတ်ဆိုပြခဲ့ပြီး နောက် နိုင်ငံစံချိန်တစ်ခုကို တင်နိုင်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ၎င်းသည် တယ်လီဖုန်းနံပါတ်(၅၀ဝ)ခန့်ကို ၎င်း၏မှတ်ဉာဏ်တွင် ထည့်သွင်းမှတ်သား ထားနိုင်ကြောင်းလည်းDeepu V က ပြောကြားခဲ့ သည်။ သို့သော်လည်း ၎င်းသည် Eulerနံပါတ်များ နှင့်ပတ်သက်သည့် ဂင်းနစ်စံချိန်အကြောင်းကို ကြားသိခဲ့ရပြီးနောက် ယခုကဲ့သို့ကြိုးပမ်းရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါကြိုးပမ်းမှု အတွက် ၎င်းသည်အချိန်(၄)လခန့်ကြာအောင် ပြင်ဆင်မှုများလုပ်ဆောင်ခဲ့ပြီး ယခင်စံချိန်ဖြစ်သည့် ဂဏန်းပေါင်း(၁၀၁၂၂)လုံး ရွတ်ပြနိုင်ခဲ့သူကို ကျော်တက်နိုင်ရန်အတွက် အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရကြောင်းလည်းသိရသည်။ နကူန နံပါတ် သည် (၂ . ၇၁၈၂၈)ဖြင့်စတင်ပြီး ၎င်း၏နောက် တွင် ဒဿမဂဏန်းအတွဲပေါင်းများစွာရှိကြောင်း လည်းသိရသည်။ Deepu V သည် အဆိုပါဂင်းနစ် စံချိန်ကိုတင်နိုင်ရန် ကြိုးပမ်းစဉ်အချိန်အတွင်း လိမ်လည်မှုမရှိကြောင်းသေချာစေရန်အတွက် နားများကို စစ်ဆေးခံခဲ့ရပြီး မျက်လုံးများကိုလည်း အဝတ်စဖြင့် စည်းထားခဲ့ရကြောင်းသိရသည်။

အသက်(၃၃)နှစ်အရွယ် Deepu V က"ဇယားတစ်ခုမှာ ကော်လံ (၁၀)ခုနဲ့ အတန်း(၂၀)ခုပါရှိပါတယ်။ ကော်လံတစ်ခုစီ တိုင်းမှာ ဂဏန်း(၅)လုံးစီထည့်သွင်းထားပြီး အတန်းပြည့်တစ်ခုရဲ့ ကော်လံတစ်ခုစီမှာ ဂဏန်း ပေါင်း(၅၀)ရှိပါတယ်။ ပြီးတော့ စာမျက်နှာတစ်ခုမှာ အတန်း(၂၀)နဲ့အတူ စုစုပေါင်းဂဏန်းအလုံးရေ(၁)ထောင်ရှိပါတယ်။ အဲဒီလိုစာမျက်နှာပေါင်း(၁၄)ခုနဲ့အတူ ဂဏန်းပေါင်း(၁၄၀ဝဝ)ကို ကျွန်တော်ရွတ် ဆိုပြနိုင်ခဲ့ပါတယ်"ဟုပြောဆိုခဲ့သည်။ Deepu V က ၎င်းသည် တနင်္လာနေ့မှ ကြာသပတေးနေ့အထိ တစ်ရက်လျှင်ဂဏန်းပေါင်း(၂၅၀)ကို အလွတ်ကျတ် မှတ်ခဲ့ကာ အချိန်(၄)လခန့် ပြင်ဆင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ ထို့နောက်Deepu V သည် နကူနမ နံပါတ် ဂဏန်းပေါင်း(၁၄၀ဝဝ)ကို အချိန်(၄၉)မိနစ်အတွင်း အောင်မြင်စွာရွတ်ပြခဲ့ပြီးနောက် ယခုကဲ့သို့ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

zawgyi version
Euler နံပါတ္ဂဏန္းေပါင္း (၁၄၀ဝဝ)ကို (၄၉)မိနစ္အတြင္း ႐ြတ္ျပခဲ့ၿပီး ဂင္းနစ္စံခ်ိန္သစ္တင္ႏိုင္ခဲ့တဲ့ အိႏၵိယအမ်ိဳးသား
Pika (NP News) - စက္တင္ဘာ ၁၉

မွတ္ဉာဏ္အလြန္ေကာင္းေသာ အိႏၵိယအမ်ိဳး သားတစ္ဦးသည္ Euler နံပါတ္ ဂဏန္းေပါင္း (၁၄၀ဝဝ)ကို အခ်ိန္(၄၉)မိနစ္အတြင္း႐ြတ္ျပခဲ့ၿပီး ေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္သစ္တင္ႏိုင္ခဲ့ေၾကာင္းသိရသည္။ Deepu V ဆိုသည့္အမ်ိဳးသားသည္ ကိန္းဂဏန္းမ်ားကို စြဲစြဲၿမဲၿမဲမွတ္ႏိုင္ေသာ မွတ္ဉာဏ္ရွိေၾကာင္းလည္းသိရသည္။

ယခင္က ၎သည္ pi နံပါတ္ဂဏန္းေပါင္း(၂)ေထာင္ကို ႐ြတ္ဆိုျပခဲ့ၿပီး ေနာက္ ႏိုင္ငံစံခ်ိန္တစ္ခုကို တင္ႏိုင္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ၎သည္ တယ္လီဖုန္းနံပါတ္(၅၀ဝ)ခန႔္ကို ၎၏မွတ္ဉာဏ္တြင္ ထည့္သြင္းမွတ္သား ထားႏိုင္ေၾကာင္းလည္းDeepu V က ေျပာၾကားခဲ့ သည္။ သို႔ေသာ္လည္း ၎သည္ Eulerနံပါတ္မ်ား ႏွင့္ပတ္သက္သည့္ ဂင္းနစ္စံခ်ိန္အေၾကာင္းကို ၾကားသိခဲ့ရၿပီးေနာက္ ယခုကဲ့သို႔ႀကိဳးပမ္းရန္ ဆုံးျဖတ္ ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါႀကိဳးပမ္းမႈ အတြက္ ၎သည္အခ်ိန္(၄)လခန႔္ၾကာေအာင္ ျပင္ဆင္မႈမ်ားလုပ္ေဆာင္ခဲ့ၿပီး ယခင္စံခ်ိန္ျဖစ္သည့္ ဂဏန္းေပါင္း(၁၀၁၂၂)လုံး ႐ြတ္ျပႏိုင္ခဲ့သူကို ေက်ာ္တက္ႏိုင္ရန္အတြက္ အႀကိမ္ေပါင္းမ်ားစြာ ေလ့က်င့္ခဲ့ရေၾကာင္းလည္းသိရသည္။ နကူန နံပါတ္ သည္ (၂ . ၇၁၈၂၈)ျဖင့္စတင္ၿပီး ၎၏ေနာက္ တြင္ ဒႆမဂဏန္းအတြဲေပါင္းမ်ားစြာရွိေၾကာင္း လည္းသိရသည္။ Deepu V သည္ အဆိုပါဂင္းနစ္ စံခ်ိန္ကိုတင္ႏိုင္ရန္ ႀကိဳးပမ္းစဥ္အခ်ိန္အတြင္း လိမ္လည္မႈမရွိေၾကာင္းေသခ်ာေစရန္အတြက္ နားမ်ားကို စစ္ေဆးခံခဲ့ရၿပီး မ်က္လုံးမ်ားကိုလည္း အဝတ္စျဖင့္ စည္းထားခဲ့ရေၾကာင္းသိရသည္။

အသက္(၃၃)ႏွစ္အ႐ြယ္ Deepu V က"ဇယားတစ္ခုမွာ ေကာ္လံ (၁၀)ခုနဲ႔ အတန္း(၂၀)ခုပါရွိပါတယ္။ ေကာ္လံတစ္ခုစီ တိုင္းမွာ ဂဏန္း(၅)လုံးစီထည့္သြင္းထားၿပီး အတန္းျပည့္တစ္ခုရဲ႕ ေကာ္လံတစ္ခုစီမွာ ဂဏန္း ေပါင္း(၅၀)ရွိပါတယ္။ ၿပီးေတာ့ စာမ်က္ႏွာတစ္ခုမွာ အတန္း(၂၀)နဲ႔အတူ စုစုေပါင္းဂဏန္းအလုံးေရ(၁)ေထာင္ရွိပါတယ္။ အဲဒီလိုစာမ်က္ႏွာေပါင္း(၁၄)ခုနဲ႔အတူ ဂဏန္းေပါင္း(၁၄၀ဝဝ)ကို ကြၽန္ေတာ္႐ြတ္ ဆိုျပႏိုင္ခဲ့ပါတယ္"ဟုေျပာဆိုခဲ့သည္။ Deepu V က ၎သည္ တနလၤာေန႔မွ ၾကာသပေတးေန႔အထိ တစ္ရက္လွ်င္ဂဏန္းေပါင္း(၂၅၀)ကို အလြတ္က်တ္ မွတ္ခဲ့ကာ အခ်ိန္(၄)လခန႔္ ျပင္ဆင္ခဲ့ရေၾကာင္း ေျပာၾကားခဲ့သည္။ ထို႔ေနာက္Deepu V သည္ နကူနမ နံပါတ္ ဂဏန္းေပါင္း(၁၄၀ဝဝ)ကို အခ်ိန္(၄၉)မိနစ္အတြင္း ေအာင္ျမင္စြာ႐ြတ္ျပခဲ့ၿပီးေနာက္ ယခုကဲ့သို႔ဂင္းနစ္စံခ်ိန္သစ္တင္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.