ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော

 437

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၉

ကုလသမဂ္ဂစားနပ်ရိက္ခာ အစီအစဉ် WFP အနေဖြင့် ရာဂီမုန်တိုင်း၏ သက် ရောက်မှုကြောင့် ရေကြီးမှုဒဏ်တွေ့ကြုံခံစားခဲ့ရသော မြန်မာနိုင်ငံသားများကို အရေးပေါ် ကူညီပေးမှုများစတင်လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ရေကြီးမှုများကြောင့် မြန်မာနိုင်ငံတွင် လူပေါင်းရာချီသေဆုံးခဲ့ပြီး အနည်းဆုံးလူပေါင်း (၆၃၁၀၀၀)ခန့် သက်ရောက်မှုများရင်ဆိုင်ရကြောင်း ကုလသမဂ္ဂအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ အဆိုပါရာဂီမုန်တိုင်းကြောင့်ဖြစ်ပေါ် လာသည့် ရေကြီးမှုများသည် ပြီးခဲ့သောနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံ၏သမိုင်းတွင် အဆိုးရွားဆုံးရေကြီးမှုဖြစ်ခဲ့ရကြောင်း WFP ၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

WFP ၏ မြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ် ရှီလာမက်သရူးက "ရေကြီးမှုများကြောင့် နိုင်ငံအတွင်း နစ်မြှုပ်မှုများဖြစ်ခဲ့တယ်။ အချိုနေရာတွေမှာနစ်မြှုပ်မှုတွေဟာဆယ်စုနှစ်အတွင်းအဆိုးရွားဆုံးဖြစ်ခဲ့တယ်။ စားနပ်ရိက္ခာ ဖူလုံရေးအပေါ် သက်ရောက်မှုတွေရှိလာနိုင်တယ်။ ရေကြီးမှုမဖြစ်ပွားခင်က မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာဖူလုံရေးနဲ့ပတ်သက်ပြီး သက်ရောက်မှုဒဏ်တွေ့ကြုံခံစားနေရသူ (၁၃)သန်းကျော်ရှိခဲ့တယ်။ လက်ရှိအချိန်မှာတော့ လိုအပ်မှုတွေ တိုးလာနေတယ်" ဟု ပြောသည်။

WFP အနေဖြင့် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသူများအနက်မှ လူပေါင်း (၅)သိန်းအတွက် ဆန်၊ ဘီစကွပ်၊ အာဟာရ နှင့် အရေးပေါ်အစားအစာများကို တစ်လစာ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ကောက်ပဲသီးနှံ၊ အသက်မွေးဝမ်း ကျောင်းမှု နှင့် ပြည်သူများ၏ စားနပ်ရိက္ခာ လက်လှမ်းမီနိုင်မှုအခြေအနေများကို ဆောင်ရွက်နေကြောင်း ပြောသည်။

zawgyi version
ေရႀကီးမႈဒဏ္ ေတြ႕ႀကဳံခံစားေနရသည့္ ျမန္မာႏိုင္ငံသားမ်ားကို အေရးေပၚကူညီေထာက္ပံ့ေပးသြားမည္ဟု WFP ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၉

ကုလသမဂၢစားနပ္ရိကၡာ အစီအစဥ္ WFP အေနျဖင့္ ရာဂီမုန္တိုင္း၏ သက္ ေရာက္မႈေၾကာင့္ ေရႀကီးမႈဒဏ္ေတြ႕ႀကဳံခံစားခဲ့ရေသာ ျမန္မာႏိုင္ငံသားမ်ားကို အေရးေပၚ ကူညီေပးမႈမ်ားစတင္လုပ္ေဆာင္ေနေၾကာင္း သတင္းထုတ္ျပန္လိုက္သည္။

ေရႀကီးမႈမ်ားေၾကာင့္ ျမန္မာႏိုင္ငံတြင္ လူေပါင္းရာခ်ီေသဆုံးခဲ့ၿပီး အနည္းဆုံးလူေပါင္း (၆၃၁၀၀၀)ခန႔္ သက္ေရာက္မႈမ်ားရင္ဆိုင္ရေၾကာင္း ကုလသမဂၢအဖြဲ႕က သတင္းထုတ္ျပန္ထားသည္။ အဆိုပါရာဂီမုန္တိုင္းေၾကာင့္ျဖစ္ေပၚ လာသည့္ ေရႀကီးမႈမ်ားသည္ ၿပီးခဲ့ေသာႏွစ္ပိုင္းအတြင္း ျမန္မာႏိုင္ငံ၏သမိုင္းတြင္ အဆိုး႐ြားဆုံးေရႀကီးမႈျဖစ္ခဲ့ရေၾကာင္း WFP ၏ တာဝန္ရွိသူတစ္ဦးကေျပာသည္။

WFP ၏ ျမန္မာႏိုင္ငံဆိုင္ရာဌာနကိုယ္စားလွယ္ ရွီလာမက္သ႐ူးက "ေရႀကီးမႈမ်ားေၾကာင့္ ႏိုင္ငံအတြင္း နစ္ျမႇဳပ္မႈမ်ားျဖစ္ခဲ့တယ္။ အခ်ိဳေနရာေတြမွာနစ္ျမႇဳပ္မႈေတြဟာဆယ္စုႏွစ္အတြင္းအဆိုး႐ြားဆုံးျဖစ္ခဲ့တယ္။ စားနပ္ရိကၡာ ဖူလုံေရးအေပၚ သက္ေရာက္မႈေတြရွိလာႏိုင္တယ္။ ေရႀကီးမႈမျဖစ္ပြားခင္က ျမန္မာႏိုင္ငံမွာ စားနပ္ရိကၡာဖူလုံေရးနဲ႔ပတ္သက္ၿပီး သက္ေရာက္မႈဒဏ္ေတြ႕ႀကဳံခံစားေနရသူ (၁၃)သန္းေက်ာ္ရွိခဲ့တယ္။ လက္ရွိအခ်ိန္မွာေတာ့ လိုအပ္မႈေတြ တိုးလာေနတယ္" ဟု ေျပာသည္။

WFP အေနျဖင့္ ေရႀကီးမႈဒဏ္ရင္ဆိုင္ခဲ့ရသူမ်ားအနက္မွ လူေပါင္း (၅)သိန္းအတြက္ ဆန္၊ ဘီစကြပ္၊ အာဟာရ ႏွင့္ အေရးေပၚအစားအစာမ်ားကို တစ္လစာ ကူညီေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ မိတ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္းၿပီး ေကာက္ပဲသီးႏွံ၊ အသက္ေမြးဝမ္း ေက်ာင္းမႈ ႏွင့္ ျပည္သူမ်ား၏ စားနပ္ရိကၡာ လက္လွမ္းမီႏိုင္မႈအေျခအေနမ်ားကို ေဆာင္႐ြက္ေနေၾကာင္း ေျပာသည္။

Related news

© 2021. All rights reserved.