တောင်ကိုရီးယားသရုပ်ဆောင် ယိုးအာအင်ရဲ့လိင်ပိုင်းဆိုင်ရာစော်ကားမှုစွပ်စွဲချက်ကို တရားရုံးက ပြန်လည်ရုတ်သိမ်း

 104

ရောင်နီ (NP News) - စက်တင်ဘာ ၂ဝ

တောင်ကိုရီးယားရဲတပ်ဖွဲ့ဟာ တောင်ကိုရီးယားသရုပ်ဆောင် ယိုးအာအင်ရဲ့လိင်ပိုင်းဆိုင်ရာစော်ကားမှုစွပ်စွဲချက်တွေကို တရားစွဲဆိုတဲ့အထိ လွှဲပြောင်းခြင်း မပြုတော့ဘဲ စွဲချက်ရုတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ရုံဆန်ရဲစခန်းရဲ့ စက်တင်ဘာ ၁၉ ရက် က ပြောကြားချက်အရ ယိုးအာအင်ရဲ့လိင်ပိုင်းဆိုင်ရာစော်ကားမှုစွပ်စွဲချက်တွေကို သက်သေပြဖို့ လုံလောက်တဲ့အထောက်အထားမရှိဘူးလို့ ဆုံးဖြတ်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်မှာ အမှုကို ဆက်လက်မလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ယိုးအာအင်ဟာ ရုံဆန်ရှိ တိုက်ခန်းတစ်ခုမှာ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးကို အိပ်ပျော်နေစဉ် လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုလုပ်ခဲ့တယ်ဆိုပြီး တိုင်ကြားခံရတာဖြစ်ပါတယ်။ ယိုးအာအင်ကတော့ လာရောက်စစ်ဆေးမှုတွေမှာ စွပ်စွဲချက်တွေ အားလုံးကို ငြင်းဆိုခဲ့ပါတယ်။

ယိုးအာအင်ဟာ Hellbound၊ Alive၊ Voice of silent ရုပ်ရှင်ကားတွေမှာ သူပါဝင်တဲ့ ကာရိုက်တာတွေကြောင့် နာမည်ကြီးပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ ယိုးအာအင္ရဲ႕လိင္ပိုင္းဆိုင္ရာေစာ္ကားမႈစြပ္စြဲခ်က္ကို တရား႐ုံးက ျပန္လည္႐ုတ္သိမ္း
ေရာင္နီ (NP News) - စက္တင္ဘာ ၂ဝ

ေတာင္ကိုရီးယားရဲတပ္ဖြဲ႕ဟာ ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ ယိုးအာအင္ရဲ႕လိင္ပိုင္းဆိုင္ရာေစာ္ကားမႈစြပ္စြဲခ်က္ေတြကို တရားစြဲဆိုတဲ့အထိ လႊဲေျပာင္းျခင္း မျပဳေတာ့ဘဲ စြဲခ်က္႐ုတ္သိမ္းဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ သိရပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ရွိ ႐ုံဆန္ရဲစခန္းရဲ႕ စက္တင္ဘာ ၁၉ ရက္ က ေျပာၾကားခ်က္အရ ယိုးအာအင္ရဲ႕လိင္ပိုင္းဆိုင္ရာေစာ္ကားမႈစြပ္စြဲခ်က္ေတြကို သက္ေသျပဖို႔ လုံေလာက္တဲ့အေထာက္အထားမရွိဘူးလို႔ ဆုံးျဖတ္ခဲ့ၿပီး စက္တင္ဘာ ၁၁ ရက္မွာ အမႈကို ဆက္လက္မလုပ္ေဆာင္ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ သိရပါတယ္။
ယိုးအာအင္ဟာ ႐ုံဆန္ရွိ တိုက္ခန္းတစ္ခုမွာ အသက္ ၃၀ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကို အိပ္ေပ်ာ္ေနစဥ္ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈျပဳလုပ္ခဲ့တယ္ဆိုၿပီး တိုင္ၾကားခံရတာျဖစ္ပါတယ္။ ယိုးအာအင္ကေတာ့ လာေရာက္စစ္ေဆးမႈေတြမွာ စြပ္စြဲခ်က္ေတြ အားလုံးကို ျငင္းဆိုခဲ့ပါတယ္။

ယိုးအာအင္ဟာ Hellbound၊ Alive၊ Voice of silent ႐ုပ္ရွင္ကားေတြမွာ သူပါဝင္တဲ့ ကာ႐ိုက္တာေတြေၾကာင့္ နာမည္ႀကီးပါတယ္။

Related news

© 2021. All rights reserved.