အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်

 135

Pika (NP News) - စက်တင်ဘာ ၂ဝ

အိန္ဒိယနိုင်ငံမှ ကောလိပ်ကျောင်းသားတစ်ဦးသည် ၎င်း၏ဘောပင်ကိုအသုံး ပြုကာ ကမ္ဘာ့အသေးဆုံးဖုန်စုပ်စက်ကို တီထွင်ဖန်တီးခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။ အသက်(၂၃)နှစ်အရွယ် Tapala Nadamuni သည် ၎င်း၏ဘောပင်ကို (ဝ ဒသမ ၂၅)လက်မသာရှိသော ဖုန်စုပ်စက်အဖြစ် ပြောင်းလဲရန်အတွက် အမေရိကန်ငွေ (၂၃၈)ဒေါ်လာခန့် သုံးစွဲခဲ့ကြောင်း သိရသည်။

အဆိုပါသေးငယ်သော ဖုန်စုပ်စက်ကို four-volt vibration မော်တာဖြင့် စွမ်းအင်ပေးကာ လည်နေသောသေးငယ်သည့်ပန်ကာမှတစ်ဆင့် အမှုန်အမွှားများကို စုပ်ယူနိုင်ကြောင်း Tapala Nadamuni က ပြောကြားခဲ့သည်။

Tapala Nadamuni သည် အလားတူ စံချိန်ကို (၂၀၂၀) ပြည့်နှစ်တွင် ရယူနိုင်ခဲ့ဖူးပြီး အဆို ပါ အချိန်က ( ဝ ဒသမ ၆၉) လက်မသာရှိသော ဖုန် စုပ်စက်ကို တီထွင်ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ သို့သော်လည်း နောက်ပိုင်းတွင် ၎င်းဖန်တီးခဲ့ သည့် ဖုန်စုပ်စက်ထက် ( ဝ ဒသမ ဝ၇) လက်မသာ ပိုကြီးသော ဖုန်စုပ်စက်ကို ဖန်တီးသူရှိခဲ့ပြီးနောက် Tapala Nadamuni သည် အဆိုပါ ဂင်းနစ်စံချိန်ကို လက်လွှတ်ခဲ့ရကြောင်းလည်းသိရသည်။

Tapala Nadamuni က "ကျွန်တော်တို့ ကောလိပ်မှာရှိတဲ့ ကျောင်း သားအားလုံးက ဒီသေးငယ်တဲ့ဖုန်စုပ်စက်နဲ့ပတ်သက်ပြီး အံ့အားသင့်နေခဲ့ ကြတာပါ။ ပြီးတော့ ဒီဖန်တီးမှုက သူတို့မြင်ဖူးသမျှအရာတွေအားလုံးထဲမှာ အလှပဆုံးဖန်တီးမှုတစ်ခုဖြစ် တယ်လို့ ကျွန်တော့်ရဲ့ဆရာ၊ ဆရာမတွေက ပြောကြား ခဲ့ပါတယ်"ဟု ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့ကို ပြောဆိုခဲ့သည်။

zawgyi version
အိႏၵိယေကာလိပ္ေက်ာင္းသားတစ္ဦးက ကမာၻ႔အေသးဆုံး ဖုန္စုပ္စက္ကို တီထြင္ခဲ့ၿပီး ကမာၻ႔ဂင္းနစ္ စံခ်ိန္ခ်ိဳးဖ်က္
Pika (NP News) - စက္တင္ဘာ ၂ဝ

အိႏၵိယႏိုင္ငံမွ ေကာလိပ္ေက်ာင္းသားတစ္ဦးသည္ ၎၏ေဘာပင္ကိုအသုံး ျပဳကာ ကမာၻ႔အေသးဆုံးဖုန္စုပ္စက္ကို တီထြင္ဖန္တီးခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။ အသက္(၂၃)ႏွစ္အ႐ြယ္ Tapala Nadamuni သည္ ၎၏ေဘာပင္ကို (ဝ ဒသမ ၂၅)လက္မသာရွိေသာ ဖုန္စုပ္စက္အျဖစ္ ေျပာင္းလဲရန္အတြက္ အေမရိကန္ေငြ (၂၃၈)ေဒၚလာခန႔္ သုံးစြဲခဲ့ေၾကာင္း သိရသည္။

အဆိုပါေသးငယ္ေသာ ဖုန္စုပ္စက္ကို four-volt vibration ေမာ္တာျဖင့္ စြမ္းအင္ေပးကာ လည္ေနေသာေသးငယ္သည့္ပန္ကာမွတစ္ဆင့္ အမႈန္အမႊားမ်ားကို စုပ္ယူႏိုင္ေၾကာင္း Tapala Nadamuni က ေျပာၾကားခဲ့သည္။

Tapala Nadamuni သည္ အလားတူ စံခ်ိန္ကို (၂၀၂၀) ျပည့္ႏွစ္တြင္ ရယူႏိုင္ခဲ့ဖူးၿပီး အဆို ပါ အခ်ိန္က ( ဝ ဒသမ ၆၉) လက္မသာရွိေသာ ဖုန္ စုပ္စက္ကို တီထြင္ဖန္တီးခဲ့ျခင္းျဖစ္ေၾကာင္း သိရ သည္။ သို႔ေသာ္လည္း ေနာက္ပိုင္းတြင္ ၎ဖန္တီးခဲ့ သည့္ ဖုန္စုပ္စက္ထက္ ( ဝ ဒသမ ဝ၇) လက္မသာ ပိုႀကီးေသာ ဖုန္စုပ္စက္ကို ဖန္တီးသူရွိခဲ့ၿပီးေနာက္ Tapala Nadamuni သည္ အဆိုပါ ဂင္းနစ္စံခ်ိန္ကို လက္လႊတ္ခဲ့ရေၾကာင္းလည္းသိရသည္။

Tapala Nadamuni က "ကြၽန္ေတာ္တို႔ ေကာလိပ္မွာရွိတဲ့ ေက်ာင္း သားအားလုံးက ဒီေသးငယ္တဲ့ဖုန္စုပ္စက္နဲ႔ပတ္သက္ၿပီး အံ့အားသင့္ေနခဲ့ ၾကတာပါ။ ၿပီးေတာ့ ဒီဖန္တီးမႈက သူတို႔ျမင္ဖူးသမွ်အရာေတြအားလုံးထဲမွာ အလွပဆုံးဖန္တီးမႈတစ္ခုျဖစ္ တယ္လို႔ ကြၽန္ေတာ့္ရဲ႕ဆရာ၊ ဆရာမေတြက ေျပာၾကား ခဲ့ပါတယ္"ဟု ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕ကို ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.