တောင်ကိုရီးယား အိုလံပစ်သေနတ်ပစ်သမား အားကစားမယ် ကင်ရီဂျီ global film project Asia ရဲ့ ရုပ်ရှင်တစ်ခုမှာ လူသတ်သမားအဖြစ် ပါဝင်သရုပ်ဆောင်

 28

ရောင်နီ (NP News) - စက်တင်ဘာ ၂၁

၂၀၂၄ ခုနှစ်ရဲ့ ပါရီအိုလံပစ်ပြိုင်ပွဲမှာ သွေးအေးအေးနဲ့ သေနတ်ပစ်ကျွမ်းကျင်ပြီး ငွေတံဆိပ်ဆု ရရှိခဲ့ခြင်းကြောင့် အင်တာနက်မှာ နာမည်ကျော်ကြားခဲ့တဲ့ သေနတ်သမား ကင်ရီဂျီဟာ global film project Asia ရဲ့ Short flim တစ်ခုဖြစ်တဲ့ "Crush" ဇာတ်လမ်းမှာ ကြေးစားလူသတ်သမားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်အရွယ် ကင်ရီဂျီ ဟာပြီးခဲ့တဲ့ ဇူလိုင်လက ပါရီအိုလံပစ်ပြိုင်ပွဲမှာ မီတာ ၁၀၊ လေပစ္စတိုပြိုင်ပွဲမှာ ငွေတံဆိပ်ရရှိခဲ့တာဖြစ်ပြီး သူမရဲ့ အလွန်အေးဆေးတဲ့အမူအရာ၊ သေနတ်ပစ်မျက်မှန် တပ်ဆင်ထားတဲ့ပုံ၊ ဘေ့စ်ဘောဦးထုပ်နဲ့ ခါးမှာဆွဲထားတဲ့ ကံကောင်းစေတဲ့ ဆင်ရုပ်လေးကြောင့် သူမရဲ့အသွင်အပြင်က အင်တာနက်မှာ ကျော်ကြားခဲ့တာပါ။ အခုသူမက global film project Asia ရဲ့ short flim စီးရီးဖြစ်တဲ့ "Crush" ဇာက်ကားမှာ ကြေးစားလူသတ်သမားအဖြစ် သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုးလ်အခြေစိုက် ဖျော်ဖြေရေးကုမ္ပဏီ Asia Lab မှ ပြောရေးဆိုခွင့်ရှိသူရဲ့ စက်တင်ဘာ ၂ဝ ရက်က ပြောကြားချက်အရ သိရပါတယ်။

Korea JoongAng Daily သတင်းဌာနရဲ့အဆိုအရ ဒီဇာတ်ကားဟာ အခုချိန်ထိ ရိုက်ကူးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်မှာ ကင်ရီဂျီက အသက် ၂၂ နှစ်အရွယ် အိန္ဒိယမင်းသမီး အန်နွိုက်ရှ်ကာဆမ် နဲ့အတူသရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယား အိုလံပစ္ေသနတ္ပစ္သမား အားကစားမယ္ ကင္ရီဂ်ီ global film project Asia ရဲ႕ ႐ုပ္ရွင္တစ္ခုမွာ လူသတ္သမားအျဖစ္ ပါဝင္သ႐ုပ္ေဆာင္
ေရာင္နီ (NP News) - စက္တင္ဘာ ၂၁

၂၀၂၄ ခုႏွစ္ရဲ႕ ပါရီအိုလံပစ္ၿပိဳင္ပြဲမွာ ေသြးေအးေအးနဲ႔ ေသနတ္ပစ္ကြၽမ္းက်င္ၿပီး ေငြတံဆိပ္ဆု ရရွိခဲ့ျခင္းေၾကာင့္ အင္တာနက္မွာ နာမည္ေက်ာ္ၾကားခဲ့တဲ့ ေသနတ္သမား ကင္ရီဂ်ီဟာ global film project Asia ရဲ႕ Short flim တစ္ခုျဖစ္တဲ့ "Crush" ဇာတ္လမ္းမွာ ေၾကးစားလူသတ္သမားအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ ကင္ရီဂ်ီ ဟာၿပီးခဲ့တဲ့ ဇူလိုင္လက ပါရီအိုလံပစ္ၿပိဳင္ပြဲမွာ မီတာ ၁၀၊ ေလပစၥတိုၿပိဳင္ပြဲမွာ ေငြတံဆိပ္ရရွိခဲ့တာျဖစ္ၿပီး သူမရဲ႕ အလြန္ေအးေဆးတဲ့အမူအရာ၊ ေသနတ္ပစ္မ်က္မွန္ တပ္ဆင္ထားတဲ့ပုံ၊ ေဘ့စ္ေဘာဦးထုပ္နဲ႔ ခါးမွာဆြဲထားတဲ့ ကံေကာင္းေစတဲ့ ဆင္႐ုပ္ေလးေၾကာင့္ သူမရဲ႕အသြင္အျပင္က အင္တာနက္မွာ ေက်ာ္ၾကားခဲ့တာပါ။ အခုသူမက global film project Asia ရဲ႕ short flim စီးရီးျဖစ္တဲ့ "Crush" ဇာက္ကားမွာ ေၾကးစားလူသတ္သမားအျဖစ္ သ႐ုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ဆိုးလ္အေျခစိုက္ ေဖ်ာ္ေျဖေရးကုမၸဏီ Asia Lab မွ ေျပာေရးဆိုခြင့္ရွိသူရဲ႕ စက္တင္ဘာ ၂ဝ ရက္က ေျပာၾကားခ်က္အရ သိရပါတယ္။

Korea JoongAng Daily သတင္းဌာနရဲ႕အဆိုအရ ဒီဇာတ္ကားဟာ အခုခ်ိန္ထိ ႐ိုက္ကူးေနဆဲျဖစ္တယ္လို႔ သိရပါတယ္။ ဒီ႐ုပ္ရွင္မွာ ကင္ရီဂ်ီက အသက္ ၂၂ ႏွစ္အ႐ြယ္ အိႏၵိယမင္းသမီး အန္ႏြိဳက္ရွ္ကာဆမ္ နဲ႔အတူသ႐ုပ္ေဆာင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.