တောင်ကိုရီးယား အမျိုးသား K Pop အဖွဲ့ VROMANCE ပွဲဦးထွက်ပြီး ၈ နှစ်အကြာမှာ တရားဝင်ဖျက်သိမ်း

 102

ရောင်နီ (NP News) - စက်တင်ဘာ ၂၁

တောင်ကိုရီးယားအမျိုးသား K Pop အဖွဲ့ Vromance ဟာ ပွဲဦးထွက်ပြီး ရှစ်နှစ်ကျော်အကြာမှာ အဖွဲ့တရားဝင် ဖျက်သိမ်းခဲ့ပြီဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်ကစ Blackpink၊ Twice၊ Redvelvet အဖွဲ့တွေနဲ့ခေတ်ပြိုင်ပွဲဦးထွက်ခဲ့တဲ့ Vromance အဖွဲ့ဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်မှာတော့ အပြီးတိုင်ဖျက်သိမ်းခဲ့ပြီဖြစ်တယ်လို့ သူတို့ရဲ့ အေဂျင်စီ RBW က အကြောင်းကြားလာခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းကို Vromance ရဲ့အေဂျင်စီ RBW က "ကျွန်တော်တို့ရဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ VROMANCE ရဲ့ နောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး တရားဝင်ကြေငြာလိုပါတယ်။

VROMANCE အဖွဲ့ဝင် ပက်ခ်ဂျန်ဟွန်၊ ပက်ခ်ဟွန်ကျူ၊ လီဟွန်ဆော့တို့နဲ့ အလေးအနက်ဆွေးနွေးပြီးနောက်၊ VROMANCE အဖွဲ့ရဲ့လှုပ်ရှားမှုတွေ ကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျွန်တော်တို့နဲ့ အတူ ရှစ်နှစ်ကြာအောင် အတူလက်တွဲခဲ့ကြတဲ့ VROMANCE အဖွဲ့ဝင်တွေနဲ့အဖွဲ့ကို ချစ်ပေးကြတဲ့ VROMANCE ပရိသတ်တွေကို ကျေးဇူးတင်ရှိပါတယ်။ ပက်ခ်ဂျန်ဟွန်၊ ပက်ခိဟွန်ကျူနဲ့ လီဟွန်ဆော့တို့ရဲ့အနာဂတ်ခရီးလမ်းသစ်ကိုလည်း အားပေးကြမယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

VROMANCE အဖွဲ့ဟာ လေးယောက်အဖွဲ့အနေနဲ့ ပွဲဦးထွက်ခဲ့တာဖြစ်ပြီး လေးယောက်လုံး Vocal ချည်းပဲ စုထားတဲ့ ထူးခြားတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယား အမ်ိဳးသား K Pop အဖြဲ႕ VROMANCE ပြဲဦးထြက္ၿပီး ၈ ႏွစ္အၾကာမွာ တရားဝင္ဖ်က္သိမ္း
ေရာင္နီ (NP News) - စက္တင္ဘာ ၂၁

ေတာင္ကိုရီးယားအမ်ိဳးသား K Pop အဖြဲ႕ Vromance ဟာ ပြဲဦးထြက္ၿပီး ရွစ္ႏွစ္ေက်ာ္အၾကာမွာ အဖြဲ႕တရားဝင္ ဖ်က္သိမ္းခဲ့ၿပီျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္ကစ Blackpink၊ Twice၊ Redvelvet အဖြဲ႕ေတြနဲ႔ေခတ္ၿပိဳင္ပြဲဦးထြက္ခဲ့တဲ့ Vromance အဖြဲ႕ဟာ ၂၀၂၄ ခုႏွစ္ စက္တင္ဘာလ ၁၉ ရက္မွာေတာ့ အၿပီးတိုင္ဖ်က္သိမ္းခဲ့ၿပီျဖစ္တယ္လို႔ သူတို႔ရဲ႕ ေအဂ်င္စီ RBW က အေၾကာင္းၾကားလာခဲ့တာ ျဖစ္ပါတယ္။ ဒီအေၾကာင္းကို Vromance ရဲ႕ေအဂ်င္စီ RBW က "ကြၽန္ေတာ္တို႔ရဲ႕ အဖြဲ႕တစ္ခုျဖစ္တဲ့ VROMANCE ရဲ႕ ေနာက္ပိုင္း အႏုပညာလႈပ္ရွားမႈေတြနဲ႔ ပတ္သက္ၿပီး တရားဝင္ေၾကျငာလိုပါတယ္။

VROMANCE အဖြဲ႕ဝင္ ပက္ခ္ဂ်န္ဟြန္၊ ပက္ခ္ဟြန္က်ဴ၊ လီဟြန္ေဆာ့တို႔နဲ႔ အေလးအနက္ေဆြးေႏြးၿပီးေနာက္၊ VROMANCE အဖြဲ႕ရဲ႕လႈပ္ရွားမႈေတြ ကို အဆုံးသတ္ဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ ကြၽန္ေတာ္တို႔နဲ႔ အတူ ရွစ္ႏွစ္ၾကာေအာင္ အတူလက္တြဲခဲ့ၾကတဲ့ VROMANCE အဖြဲ႕ဝင္ေတြနဲ႔အဖြဲ႕ကို ခ်စ္ေပးၾကတဲ့ VROMANCE ပရိသတ္ေတြကို ေက်းဇူးတင္ရွိပါတယ္။ ပက္ခ္ဂ်န္ဟြန္၊ ပက္ခိဟြန္က်ဴနဲ႔ လီဟြန္ေဆာ့တို႔ရဲ႕အနာဂတ္ခရီးလမ္းသစ္ကိုလည္း အားေပးၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္" လို႔ ေျပာၾကားခဲ့ပါတယ္။

VROMANCE အဖြဲ႕ဟာ ေလးေယာက္အဖြဲ႕အေနနဲ႔ ပြဲဦးထြက္ခဲ့တာျဖစ္ၿပီး ေလးေယာက္လုံး Vocal ခ်ည္းပဲ စုထားတဲ့ ထူးျခားတဲ့အဖြဲ႕လည္း ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.