အမေရိကန်အမျိုးသားတစ်ဦးက အချိန်တစ်မိနစ်အတွင်း သတ္တုဆူးချွန်(၂၈)ချောင်းဖြင့်ပစ်မှတ်ကို ထိမှန်အောင်ပစ်ပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်

 236

Pika (NP News) - စက်တင်ဘာ ၂၆

အမေရိကန်နိုင်ငံ အိုင်ဒါဟိုပြည်နယ်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးသည် အချိန်တစ်မိနစ်အတွင်း သတ္တုဆူးချွန်(၂၈)ချောင်းကို မြှားပစ်ရာတွင်အသုံးပြုသည့် ပစ်မှတ်ကိုထိမှန်အောင် အောင်မြင်စွာပစ်ပြခဲ့ပြီးနောက် ၎င်း၏ဂင်းနစ်စံချိန်ကို ပြန်လည်ရယူခဲ့ကြောင်းသိရသည်။

YouTube ပေါ်တွင် Record Breaker Rush ဟုခေါ်သော ဒေးဗစ်ရပ်ရှ်ဆိုသည့်အမျိုးသားသည် ၂၀၂၀ ခုနှစ်တွင် အချိန်တစ်မိနစ်အတွင်း သတ္တုဆူးချွန်(၁၉)ချောင်းကို ပစ်မှတ်သို့ထိမှန်အောင်ပစ်ပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ဖူးကြောင်း သိရသည်။ သို့သော်လည်း နောက်ပိုင်းတွင် အမျိုးသားတစ်ဦးသည် အချိန်တစ်မိနစ်အတွင်း သတ္တုဆူးချွန်(၂၁)ချောင်းကို ပစ်မှတ်သို့ထိမှန်အောင်ပစ်ပြခဲ့ပြီးနောက် ဒေးဗစ်ရပ်ရှ်၏စံချိန်ကို ချိုးဖျက်ခဲ့ကြောင်းသိရသည်။

ထို့နောက် ဒေးဗစ်ရပ်ရှ်သည် ၎င်း၏စံချိန်ကို ပြန်လည်ရယူရန်အတွက် ကြိုး ပမ်းရန် ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရသည်။ အဆိုပါပစ်မှတ်နှင့် (၁၃)ပေအကွာတွင်ရပ်ကာ ပစ်မှတ်ကိုထိမှန်အောင်ပစ်ရသည်မှာ ခက်ခဲကြောင်း ဒေးဗစ်ရပ်ရှ်က ပြောကြားခဲ့သည်။ ထို့ပြင် ဂင်းနစ်စံချိန်မှတ်တမ်း၏ စံညွှန်းများကိုမှီရန်အတွက် ပစ်မှတ်၏အတွင်းအကျဆုံးအရောင်နှစ်ရောင်ကို ထိမှန်အောင်ပစ်ရန်လိုအပ်ကြောင်းလည်း သိရသည်။ အဆိုပါ ဂင်းနစ်စံချိန်ကို ပြန်လည်ရယူရန်အတွက် ကြိုးပမ်းမှုအတွင်း ပထမဆုံးအချက်မှာ ပစ်မှတ် ၏အလယ်တည့်တည့်ကိုထိမှန်ခဲ့ပြီး ကောင်းမွန်သောပစ်ချက်ဖြင့် စတင်နိုင်ခဲ့ကြောင်း ဒေးဗစ်ရပ်ရှ်ကပြောကြားခဲ့သည်။ ထို့နောက် ဒေးဗစ်ရပ်ရှ်သည် အချိန်တစ်မိနစ်အတွင်း သတ္တုဆူးချွန်(၂၈)ချောင်းကို ပစ်မှတ်သို့အောင်မြင်စွာပစ်ပြခဲ့ပြီး ၎င်း၏စံချိန်ကို အောင်မြင်စွာပြန်လည်ရယူနိုင်ခဲ့သည်။

zawgyi version
အေမရိကန္အမ်ိဳးသားတစ္ဦးက အခ်ိန္တစ္မိနစ္အတြင္း သတၱဳဆူးခြၽန္(၂၈) ေခ်ာင္းျဖင့္ပစ္မွတ္ကို ထိမွန္ေအာင္ပစ္ျပၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္
Pika (NP News) - စက္တင္ဘာ ၂၆

အေမရိကန္ႏိုင္ငံ အိုင္ဒါဟိုျပည္နယ္တြင္ေနထိုင္သည့္ အမ်ိဳးသားတစ္ဦးသည္ အခ်ိန္တစ္မိနစ္အတြင္း သတၱဳဆူးခြၽန္(၂၈)ေခ်ာင္းကို ျမႇားပစ္ရာတြင္အသုံးျပဳသည့္ ပစ္မွတ္ကိုထိမွန္ေအာင္ ေအာင္ျမင္စြာပစ္ျပခဲ့ၿပီးေနာက္ ၎၏ဂင္းနစ္စံခ်ိန္ကို ျပန္လည္ရယူခဲ့ေၾကာင္းသိရသည္။

YouTube ေပၚတြင္ Record Breaker Rush ဟုေခၚေသာ ေဒးဗစ္ရပ္ရွ္ဆိုသည့္အမ်ိဳးသားသည္ ၂၀၂၀ ခုႏွစ္တြင္ အခ်ိန္တစ္မိနစ္အတြင္း သတၱဳဆူးခြၽန္(၁၉)ေခ်ာင္းကို ပစ္မွတ္သို႔ထိမွန္ေအာင္ပစ္ျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ဖူးေၾကာင္း သိရသည္။ သို႔ေသာ္လည္း ေနာက္ပိုင္းတြင္ အမ်ိဳးသားတစ္ဦးသည္ အခ်ိန္တစ္မိနစ္အတြင္း သတၱဳဆူးခြၽန္(၂၁)ေခ်ာင္းကို ပစ္မွတ္သို႔ထိမွန္ေအာင္ပစ္ျပခဲ့ၿပီးေနာက္ ေဒးဗစ္ရပ္ရွ္၏စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ ေဒးဗစ္ရပ္ရွ္သည္ ၎၏စံခ်ိန္ကို ျပန္လည္ရယူရန္အတြက္ ႀကိဳး ပမ္းရန္ ဆုံးျဖတ္ခဲ့ေၾကာင္းလည္း သိရသည္။ အဆိုပါပစ္မွတ္ႏွင့္ (၁၃)ေပအကြာတြင္ရပ္ကာ ပစ္မွတ္ကိုထိမွန္ေအာင္ပစ္ရသည္မွာ ခက္ခဲေၾကာင္း ေဒးဗစ္ရပ္ရွ္က ေျပာၾကားခဲ့သည္။ ထို႔ျပင္ ဂင္းနစ္စံခ်ိန္မွတ္တမ္း၏ စံၫႊန္းမ်ားကိုမွီရန္အတြက္ ပစ္မွတ္၏အတြင္းအက်ဆုံးအေရာင္ႏွစ္ေရာင္ကို ထိမွန္ေအာင္ပစ္ရန္လိုအပ္ေၾကာင္းလည္း သိရသည္။ အဆိုပါ ဂင္းနစ္စံခ်ိန္ကို ျပန္လည္ရယူရန္အတြက္ ႀကိဳးပမ္းမႈအတြင္း ပထမဆုံးအခ်က္မွာ ပစ္မွတ္ ၏အလယ္တည့္တည့္ကိုထိမွန္ခဲ့ၿပီး ေကာင္းမြန္ေသာပစ္ခ်က္ျဖင့္ စတင္ႏိုင္ခဲ့ေၾကာင္း ေဒးဗစ္ရပ္ရွ္ကေျပာၾကားခဲ့သည္။ ထို႔ေနာက္ ေဒးဗစ္ရပ္ရွ္သည္ အခ်ိန္တစ္မိနစ္အတြင္း သတၱဳဆူးခြၽန္(၂၈)ေခ်ာင္းကို ပစ္မွတ္သို႔ေအာင္ျမင္စြာပစ္ျပခဲ့ၿပီး ၎၏စံခ်ိန္ကို ေအာင္ျမင္စြာျပန္လည္ရယူႏိုင္ခဲ့သည္။

Related news

© 2021. All rights reserved.