မျက်လုံးကို အဝတ်စဖြင့်စည်းကာ ဘတ်စကတ်ဘောလုံးကို(၆၅)ပေအကွာမှသွင်းယူပြပြီးနောက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့ တူရကီအမျိုးသား

 59

Pika (NP News) - စက်တင်ဘာ ၂၆

တူရကီနိုင်ငံမှ ဘတ်စကတ်ဘောပရော်ဖက်ရှင်နယ်အမျိုးသားတစ်ဦးသည် မျက်လုံးကိုအဝတ်စဖြင့်စည်းကာ (၆၅)ပေ(၇)လက်မအကွာအဝေးမှတစ် ဆင့် ဘတ်စကတ်ဘောလုံးကို အောင်မြင်စွာပစ်သွင်းပြနိုင်ခဲ့ပြီးနောက် ၎င်း၏တတိယမြောက် ကမ္ဘာ့ဂင်းနစ်စံချိန်ကို ရယူနိုင်ခဲ့ကြောင်း သိရသည်။

အသက်(၄၂)နှစ်အရွယ် Osman Gürcü ဆိုသည့်အမျိုးသားသည် မျက်လုံးကိုအဝတ်စဖြင့်စည်းကာ အကွာအဝေးပေ(၆၀)မှတစ်ဆင့် ဘတ်စကတ် ဘောကို အောင်မြင်စွာသွင်းပြနိုင်ခဲ့သည့် ယခင်ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်စက်တင်ဘာလ(၁၂)ရက်နေ့တွင် အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှ ဘတ်စကတ်ဘောပရော်ဖက်ရှင်နယ်အမျိုးသားတစ်ဦးသည် မျက်လုံးများကို အဝတ်စဖြင့်စည်းထားကာ ပေ(၆၀) အကွာအဝေးမှတစ်ဆင့် ဘတ်စကတ်ဘောလုံးကို အောင်မြင်စွာသွင်းပြခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း Osman Gürcü သည် (၆၅)ပေ(၇)လက်မအကွာအဝေးမှတစ်ဆင့် ဘတ်စကတ်ဘောလုံးကိုအောင်မြင်စွာသွင်းပြကာ အဆိုပါအမေရိကန်အမျိုးသား၏ဂင်းနစ်စံချိန်ကို ယခုကဲ့သို့ချိုးဖျက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အသက်(၄၀)ကျော်အရွယ် ဘတ်စကတ်ဘောအသင်းတွင်ကစားနေသည့် Osman Gürcü သည် ဘတ်စ်ကတ်ဘောလုံးကို အကွာအဝေး (၃၆) ပေ (၁ ဒသမ ၀၇)လက်မမှတစ်ဆင့် နောက်ပြန်ပစ်ကာသွင်းယူခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့ဖူးကြောင်းလည်း သိရသည်။

ထို့ပြင် Osman Gürcü သည် အကွာအဝေး(၉၈)ပေ(၅)လက်မမှတစ်ဆင့် ဘတ်စကတ်ဘော bounce shot ကို အောင်မြင်စွာသွင်းယူပြကာ ကမ္ဘာ့ဂင်းနစ်စံချိန်တင်ထားသူဖြစ်ကြောင်းလည်း သိရသည်။ Osman Gürcü က "ကျွန်တော်ငယ်ငယ်တည်းက အကွာအဝေးတစ်ခုကနေ ဘတ်စကတ်ဘောလုံးကို သွင်းယူရတာလိုမျိုး လှည့်ကွက်ပစ်ချက်တွေကို စိတ်ဝင်စားခဲ့တာပါ။ဒီလိုမျိုး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ဖို့က ကျွန်တော့်ရဲ့အိမ်မက်ပါပဲ"ဟုပြောဆိုခဲ့သည်။

zawgyi version
မ်က္လုံးကို အဝတ္စျဖင့္စည္းကာ ဘတ္စကတ္ေဘာလုံးကို(၆၅)ေပအကြာမွသြင္းယူျပၿပီးေနာက္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့ တူရကီအမ်ိဳးသား
Pika (NP News) - စက္တင္ဘာ ၂၆

တူရကီႏိုင္ငံမွ ဘတ္စကတ္ေဘာပေရာ္ဖက္ရွင္နယ္အမ်ိဳးသားတစ္ဦးသည္ မ်က္လုံးကိုအဝတ္စျဖင့္စည္းကာ (၆၅)ေပ(၇)လက္မအကြာအေဝးမွတစ္ ဆင့္ ဘတ္စကတ္ေဘာလုံးကို ေအာင္ျမင္စြာပစ္သြင္းျပႏိုင္ခဲ့ၿပီးေနာက္ ၎၏တတိယေျမာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ကို ရယူႏိုင္ခဲ့ေၾကာင္း သိရသည္။

အသက္(၄၂)ႏွစ္အ႐ြယ္ Osman Gürcü ဆိုသည့္အမ်ိဳးသားသည္ မ်က္လုံးကိုအဝတ္စျဖင့္စည္းကာ အကြာအေဝးေပ(၆၀)မွတစ္ဆင့္ ဘတ္စကတ္ ေဘာကို ေအာင္ျမင္စြာသြင္းျပႏိုင္ခဲ့သည့္ ယခင္ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။ ၿပီးခဲ့သည့္စက္တင္ဘာလ(၁၂)ရက္ေန႔တြင္ အေမရိကန္ႏိုင္ငံ အရီဇိုးနားျပည္နယ္မွ ဘတ္စကတ္ေဘာပေရာ္ဖက္ရွင္နယ္အမ်ိဳးသားတစ္ဦးသည္ မ်က္လုံးမ်ားကို အဝတ္စျဖင့္စည္းထားကာ ေပ(၆၀) အကြာအေဝးမွတစ္ဆင့္ ဘတ္စကတ္ေဘာလုံးကို ေအာင္ျမင္စြာသြင္းျပခဲ့ၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္လည္း Osman Gürcü သည္ (၆၅)ေပ(၇)လက္မအကြာအေဝးမွတစ္ဆင့္ ဘတ္စကတ္ေဘာလုံးကိုေအာင္ျမင္စြာသြင္းျပကာ အဆိုပါအေမရိကန္အမ်ိဳးသား၏ဂင္းနစ္စံခ်ိန္ကို ယခုကဲ့သို႔ခ်ိဳးဖ်က္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အသက္(၄၀)ေက်ာ္အ႐ြယ္ ဘတ္စကတ္ေဘာအသင္းတြင္ကစားေနသည့္ Osman Gürcü သည္ ဘတ္စ္ကတ္ေဘာလုံးကို အကြာအေဝး (၃၆) ေပ (၁ ဒသမ ၀၇)လက္မမွတစ္ဆင့္ ေနာက္ျပန္ပစ္ကာသြင္းယူခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ခဲ့ဖူးေၾကာင္းလည္း သိရသည္။

ထို႔ျပင္ Osman Gürcü သည္ အကြာအေဝး(၉၈)ေပ(၅)လက္မမွတစ္ဆင့္ ဘတ္စကတ္ေဘာ bounce shot ကို ေအာင္ျမင္စြာသြင္းယူျပကာ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ထားသူျဖစ္ေၾကာင္းလည္း သိရသည္။ Osman Gürcü က "ကြၽန္ေတာ္ငယ္ငယ္တည္းက အကြာအေဝးတစ္ခုကေန ဘတ္စကတ္ေဘာလုံးကို သြင္းယူရတာလိုမ်ိဳး လွည့္ကြက္ပစ္ခ်က္ေတြကို စိတ္ဝင္စားခဲ့တာပါ။ဒီလိုမ်ိဳး ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ဖို႔က ကြၽန္ေတာ့္ရဲ႕အိမ္မက္ပါပဲ"ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.