Harry Potter နဲ့လူသိများတဲ့ နာမည်ကြီး ဗြိတိန်သရုပ်ဆောင် မက်ဂီစမစ် အသက် ၈၉ နှစ်အရွယ်မှာ ကွယ်လွန်

 75

ရောင်နီ (NP News) - စက်တင်ဘာ ၂၉

Shakespeare၊ Harry Potter နဲ့ Downton Abbey ဇာတ်လမ်းတွေနဲ့ လူသိများ ထင်ရှားခဲ့တဲ့ ဗြိတိန်သရုပ်ဆောင် မက်ဂီစမစ်ဟာ အသက် ၈၉ နှစ် အရွယ်မှာ ကွယ်လွန်သွားရှာပြီဖြစ်တယ်လို့ စက်တင်ဘာ ၂၇ ရက်နေ့က မိသားစုရဲ့အတည်ပြုကြေညာစာအရ သိရပါတယ်။

စမစ်ဟာ အော်စကာဆု၊ အမ်မီ နဲ့ တိုနီဆုတွေ ဆွတ်ခူးရရှိထားသူဖြစ်ပြီး သူမရဲ့နာရေးသတင်းကို ဗြိတိန်ဘုရင် ချားစ်ကတောင် အလွန်ဝမ်းနည်းမိကြောင်း ပြောကြားကာ ဂုဏ်ပြုခဲ့ပါတယ်။ စမစ်ဟာ ၁၉၅၀ ပြည့်နှစ်တွေ ကတည်းက အနုပညာစင်မြင့်ထက်ကို ရောက်ရှိလာခဲ့သူဖြစ်ပြီး Harry Potter" ဇာတ်ကား ခုနှစ်ကားစလုံးမှာ သူမ ပါဝင်ခဲ့တဲ့ ပရော်ဖက်ဆာ မက်ဂေါနဂေါဇာတ်ကောင်အဖြစ်နဲ့ လူသိများခဲ့ပါတယ်။ အဲဒီနောက် နာမည်ကြီး တီဗီစီးရီး "Downton Abbey" မှာလည်း လူကြိုက်များတဲ့ ကာရိုက်တာကို သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

သူမဟာ စက်တင်ဘာ ၂၇ ရက် အစောပိုင်းက ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ဆေးရုံတစ်ခုမှာ ကွယ်လွန်သွားခဲ့တာ ဖြစ် ပြီး ဘာရောဂါကြောင့်ရယ်တော့ ရှင်းလင်းဖော်ပြထားခြင်း မရှိပါဘူး။ Harry Potter ဇာတ်လမ်း ပရိသတ်တွေ အတွက်တော့ ဒီသတင်းဟာ ကြေကွဲစရာဖြစ်ခဲ့ပါတယ်။

Zawgyi Version;
Harry Potter နဲ႔လူသိမ်ားတဲ့ နာမည္ႀကီး ၿဗိတိန္သ႐ုပ္ေဆာင္ မက္ဂီစမစ္ အသက္ ၈၉ ႏွစ္အ႐ြယ္မွာ ကြယ္လြန္
ေရာင္နီ (NP News) - စက္တင္ဘာ ၂၉

Shakespeare၊ Harry Potter နဲ႔ Downton Abbey ဇာတ္လမ္းေတြနဲ႔ လူသိမ်ား ထင္ရွားခဲ့တဲ့ ၿဗိတိန္သ႐ုပ္ေဆာင္ မက္ဂီစမစ္ဟာ အသက္ ၈၉ ႏွစ္ အ႐ြယ္မွာ ကြယ္လြန္သြားရွာၿပီျဖစ္တယ္လို႔ စက္တင္ဘာ ၂၇ ရက္ေန႔က မိသားစုရဲ႕အတည္ျပဳေၾကညာစာအရ သိရပါတယ္။

စမစ္ဟာ ေအာ္စကာဆု၊ အမ္မီ နဲ႔ တိုနီဆုေတြ ဆြတ္ခူးရရွိထားသူျဖစ္ၿပီး သူမရဲ႕နာေရးသတင္းကို ၿဗိတိန္ဘုရင္ ခ်ားစ္ကေတာင္ အလြန္ဝမ္းနည္းမိေၾကာင္း ေျပာၾကားကာ ဂုဏ္ျပဳခဲ့ပါတယ္။ စမစ္ဟာ ၁၉၅၀ ျပည့္ႏွစ္ေတြ ကတည္းက အႏုပညာစင္ျမင့္ထက္ကို ေရာက္ရွိလာခဲ့သူျဖစ္ၿပီး Harry Potter" ဇာတ္ကား ခုႏွစ္ကားစလုံးမွာ သူမ ပါဝင္ခဲ့တဲ့ ပေရာ္ဖက္ဆာ မက္ေဂါနေဂါဇာတ္ေကာင္အျဖစ္နဲ႔ လူသိမ်ားခဲ့ပါတယ္။ အဲဒီေနာက္ နာမည္ႀကီး တီဗီစီးရီး "Downton Abbey" မွာလည္း လူႀကိဳက္မ်ားတဲ့ ကာ႐ိုက္တာကို သ႐ုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။

သူမဟာ စက္တင္ဘာ ၂၇ ရက္ အေစာပိုင္းက ၿဗိတိန္ႏိုင္ငံ၊ လန္ဒန္ၿမိဳ႕ရွိ ေဆး႐ုံတစ္ခုမွာ ကြယ္လြန္သြားခဲ့တာ ျဖစ္ ၿပီး ဘာေရာဂါေၾကာင့္ရယ္ေတာ့ ရွင္းလင္းေဖာ္ျပထားျခင္း မရွိပါဘူး။ Harry Potter ဇာတ္လမ္း ပရိသတ္ေတြ အတြက္ေတာ့ ဒီသတင္းဟာ ေၾကကြဲစရာျဖစ္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.