အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
1117
သန်းထိုက်စိုး (NP News) - အောက်တိုဘာ ၃
ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Sergei Shoigu သည် (၂၀၂၄) ခုနှစ် စက်တင်ဘာ (၁၇) ရက်တွင် အီရန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ Sergei Shoigu ကာကွယ်ရေးဝန်ကြီးတာဝန် ထမ်းဆောင် စဉ်ကတည်းက ရုရှား-အီရန် နှစ်နိုင်ငံဆက်ဆံရေးမှာ အတော်ချောမွေ့ခဲ့သည်။ အီရန်နိုင်ငံသည် ရုရှား နိုင်ငံအတွက် အရေးကြီးသည့် မိတ်ဖက်နိုင်ငံအဖြစ် အလျင်အမြန် ပြောင်းလဲလာခဲ့သည်။ ရုရှားနိုင်ငံအနေ ဖြင့် ယူကရိန်းစစ်ပွဲ ဆက်လက်ဆင်နွှဲနိုင်ရန်အတွက် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ကြံ့ကြံ့ခံ ရာတွင် အီရန်နိုင်ငံ၏အကူအညီမှာ အရေးကြီးသည်ဟု ဆိုနိုင်သည်။ သို့သော် အီရန်နိုင်ငံသည် ရုရှား နိုင်ငံကို မစ်ဆိုင်းဒုံးကျည်များ ထောက်ပံ့ပေးသည်ဆိုသည့် စွပ်စွဲချက်များနှင့်ပတ်သက်၍ ခါးခါးသီးသီး ငြင်းဆိုခဲ့၊ ငြင်းဆိုနေဆဲဖြစ်သည်။
ရုရှားနှင့် အီရန်ဆက်ဆံရေးမှာ Zangezur စင်္ကြံလမ်းနှင့်ပတ်သက်၍ တင်းမာမှုအချို့ရှိခဲ့သည်။ ရုရှားနိုင်ငံက Zangezur စင်္ကြံလမ်းဖောက်လုပ်ရေးနှင့် ပတ်သက်၍ ထောက်ပံ့ပေးသွားမည်ဟု ဆိုခဲ့ သည်။ အီရန်နိုင်ငံကမူ အဆိုပါစင်္ကြံလမ်းဖောက်လုပ်မှုအပေါ် ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့သည်။ အဆိုပါ စင်္ကြံလမ်းသည် ၎င်း၏ နယ်နိမိတ်ကို ချိုးဖောက်ခြင်းဖြစ်ပြီး မဟာဗျူဟာအရလည်း ခြိမ်းခြောက်မှုအဖြစ် အီရန် နိုင်ငံဘက်ကရှုမြင်ထားသည်။ Zangezur စင်္ကြံလမ်း စီမံကိန်းသည် အာမေးနီးယားနိုင်ငံ Syunik ပြည်နယ်တွင် ဖြတ်သန်းသွားမည်ဖြစ်သည်။ သို့သော် အဇာဘိုင်ဂျန် အစိုးရက အဆိုပါစင်္ကြံလမ်း တစ်လျှောက်လုံးတွင် အချုပ်အခြာအာဏာ အပြည့်အဝ ရယူလိုနေခြင်း ဖြစ်သည်ဟုဆိုသည်။ အီရန် နိုင်ငံကမူ ယင်းမှာ နယ်နိမိတ်ကို အပြောင်းအလဲပြုလုပ်ခြင်းဖြစ်ရာ လက်မခံနိုင်ဟုဆိုထားသည်။ အဆိုပါ စင်္ကြံလမ်းသည် အာမေးနီးယားနိုင်ငံ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေရမည်ဆိုသည့်သဘောထားကို အခိုင်အမာ ကိုင်စွဲထားကြောင်း၊ သို့မဟုတ်ပါက အာမေးနီးယားနှင့် အီရန် နယ်နိမိတ်ဆုံးရှုံးသွားလိမ့် မည်ဟု အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းအရင်းအမြစ်များကို ကိုးကား ဖော်ပြကြသည်။
နောက်ပိုင်းတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် ဆက်ဆံရေးယိုယွင်းမှုကို ပြန်လည်ပြုပြင် နိုင်ခဲ့ကြသည်။ အီရန်အမျိုးသားလုံခြုံရေးအတွင်းရေးမှူး အလီအာမက်ဒီယန်သည် (၂၀၂၄) ခုနှစ် စက်တင်ဘာလတွင် BRICS အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေး တက်ရောက်ရန် ရုရှားနိုင်ငံသို့ ရောက်ရှိ လာပြီး ရုရှား သမ္မတပူတင်နှင့်တွေ့ဆုံခဲ့သည်။ နောက်ရက်အနည်း ငယ်အကြာတွင် ရုရှားလုံခြုံရေး ကောင်စီအတွင်း ရေးမှူး Sergei Shoigu သည် အီရန်နိုင်ငံသို့ရောက်ရှိ ပြီး အီရန်အမျိုးသား လုံခြုံရေး ကောင်စီအတွင်းရေးမှူး အာမက်ဒီယန်နှင့်တွေ့ဆုံခဲ့ပြီး သမ္မတပူတင်၏ သတင်းစကားကို အီရန်ထိပ်ပိုင်း ခေါင်းဆောင်များ အားပြောကြားခဲ့သည်။ အဆိုပါသတင်းစကားမှာ ဒေသတွင်းပူးပေါင်း ဆောင်ရွက်ရေး အပေါ် အီရန်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်လိုသည့် ရုရှားနိုင်ငံ၏သဘောထားမှာ ပြောင်းလဲခြင်းမရှိ ဆိုသည့်အချက်ပင် ဖြစ်သည်။ နှစ်ဖက်ခေါင်းဆောင်များတွေ့ဆုံချိန်တွင် နှစ်နိုင်ငံကြား ရရှိထားသည့် သဘောတူညီချက်များကို ပြန်လည်သုံးသပ်ခဲ့ကြောင်း၊ အဇာဘိုင်ဂျန်နှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအပေါ် အီရန် နိုင်ငံ၏မူဝါဒကို ရုရှားနိုင်ငံကထောက်ခံကြောင်း အီရန်နိုင်ငံ၏ တရားဝင် သတင်းဌာနတစ်ခုဖြစ်သည့် IRNA က ဖော်ပြခဲ့သည်။
အီရန်သမ္မတကလည်း ရုရှားနိုင်ငံနှင့် Comprehensive Strategic Partnership Agreement လက်မှတ်ရေးထိုးရေးနှင့်ပတ်သက်၍ မူအားဖြင့်သဘောတူညီထားပြီး ဖြစ်သည်။ ယင်းမှာ ရုရှားလုံခြုံ ရေးကောင်စီအတွင်းရေးမှူး Sergei Shoigu ၏ အီရန်ခရီးစဉ်အပြီးတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အလားတူ ရုရှားသမ္မတပူတင်ကလည်း အီရန်နိုင်ငံနှင့် Comprehensive Strategic Partnership Agreement လက်မှတ်ရေးထိုးရေးအပေါ် သဘောတူကြောင်း စက်တင်ဘာ (၁၉) ရက်တွင် ထုတ်ဖော် ပြောဆိုခဲ့သည်။ သဘောတူညီချက်ကို နှစ်နိုင်ငံ အဆင့်မြင့်ဆုံးပုဂ္ဂိုလ်များ လက်မှတ်ရေးထိုးကြမည် ဖြစ်ကြောင်းလည်း သတင်းများတွင်ဖော်ပြကြသည်။ Comprehensive Strategic Partnership Agreemen အဖြစ် လက်မှတ်ရေးထိုးကြမည့် ရည်ရွယ်ချက်မှာ ပြင်ပခြိမ်းခြောက်မှုများကို ကြံ့ကြံ့ခံနိုင်ရန် အတွက်သာမက အပြန်အလှန်လေးစားမှုနှင့် ပူး ပေါင်းဆောင်ရွက်မှုစိတ်ဓာတ် ရှင်သန်ဖွံ့ဖြိုးစေရန် အတွက်လည်း ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံအပေါ် ချမှတ်ထားသည့်ဒဏ်ခတ်ပိတ် ဆို့မှုများကိုလည်း အားပျော့စေနိုင်ကြောင်း အီရန် သမ္မတ မာဆော့ပါ ဇက်ရှ်ကီရမ်ကလည်း ထုတ်ဖော် ပြောဆိုထားသည်။ နှစ်နိုင်ငံကြားဆက်ဆံရေးသည် မဟာဗျူ ဟာမြောက်ဆက်ဆံရေးဖြစ်သည်ဟု သမ္မတပူတင်က မှတ်ယူကြောင်း အီရန်မီဒီယာများတွင်လည်း ဖော်ပြ ကြသည်။ (၂၀၂၄) ခုနှစ် အောက်တို ဘာလတွင် ရုရှားနိုင်ငံ၌ BRICS ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပမည်ဖြစ်ရာ သမ္မတပူတင် အနေ ဖြင့် အီရန်သမ္မတ မာဆော့ပါဇက်ရှ်ကီရမ်အား သီးသန့် လက်ခံတွေ့ဆုံမည်ဖြစ်သည်ဟုလည်း သမ္မတပူတင်က သတင်းစကားပါးထားသည်။ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုမှာ အီရန်သမ္မတ မာဆော့ပါဇက်ရှ်ကီရမ် လက်ထက်တွင် ပို၍တိုးတက်လာခဲ့သည်ဟု အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အာမက်ဒီယန်ကလည်း ထုတ်ဖော်ပြောဆိုထားသည်။ Comprehensive Strategic Partnership Agreement လက်မှတ်ရေးထိုးမည့်အချိန်ကို အတိအကျမပြောနိုင်သေးသော်လည်း အနာဂတ်တစ်ချိန်တွင် ရေးထိုးဖွယ်ရှိသည်ဟု နှစ်နိုင်ငံသတင်းမီဒီယာ များတွင်ဖော်ပြကြသည်။ သမ္မတပူတင်၏ သတင်းစ ကားမှာ မကြာသေးမီအချိန်အတွင်း နှစ်နိုင်ငံကြားတွင် ရှိခဲ့သည့် နားလည်မှု အလွဲများကို ပြန်လည်ပြုပြင်နိုင် ရေးအတွက် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ဖြစ် သည်ဟုလည်း Nour News သတင်းဝက်ဘ်ဆိုက်တစ်ခုတွင်လည်း သုံးသပ်ချက်ရေးသားထားသည်။
အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အာမက်ဒီယန်၏ ရုရှားခရီးစဉ်မှာ အီရန်နိုင်ငံ က ရုရှားနိုင်ငံကို တာတိုပစ်မစ်ဆိုင်းဒုံးကျည်များ ထောက်ပံ့ပေးခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အနောက် နိုင်ငံများ၏ ဖိအားပေးလာမှု နောက်ခံအကြောင်းတရားဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟုလည်း ယူဆ ချက်များ ရှိသည်။ အီရန်အမျိုးသား လေကြောင်းလိုင်းအပါ အဝင် လက်နက်တင်ပို့သည်ဟူသည့် သံသယဖြင့် အီရန်နှင့် ရုရှားနိုင်ငံအခြေစိုက် လူပုဂ္ဂိုလ် (၁၀) ဦးနှင့် အဖွဲ့အစည်းခြောက်ဦးတို့ကို အမေရိကန်အစိုးရက စက်တင်ဘာ (၁၀) ရက်နေ့တွင် ဒဏ်ခတ်ပိတ်ဆို့မှု များချမှတ်ခဲ့သည်။ ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံ တို့သည် အီရန်နိုင်ငံနှင့် နှစ်နိုင်ငံလေကြောင်းဝန် ဆောင်မှုလုပ်ငန်းများကို ဖျက်သိမ်းခဲ့ကြသည်။ နယ်သာလန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သည် ရုရှားနိုင်ငံသို့ မစ်ဆိုင်းဒုံးကျည်များ ပေးပို့သည်ဟုဆိုကာ ကန့်ကွက် မှုပြုလုပ်သည့်အနေဖြင့် အီရန်နိုင်ငံရှိ ၎င်းတို့၏ သံတမန်များကို စက်တင်ဘာ (၁၁) ရက်နေ့တွင် ပြန်လည် ရုပ်သိမ်းခဲ့ကြသည်။ အီရန်နိုင်ငံကလည်း အဆိုပါနိုင်ငံများ ၎င်းတို့၏သံတမန်များကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
ရုရှားနိုင်ငံကို မစ်ဆိုင်းဒုံးကျည်များ ထောက်ပံ့ပေးသည်ဟူသော စွပ်စွဲချက်နှင့်ပတ်သက်၍ အီရန် နိုင်ငံက အကြိမ်ကြိမ်ငြင်းဆိုထားပြီး အီရန်အပေါ် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ဝေဖန်ခဲ့ သည်။ ဒဏ်ခတ်ပိတ်ဆို့မှုများသည် အဖြေမဟုတ်ဘဲ ပြဿနာ၏အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်ဟု ထိပ်တန်းသံတမန်အချို့ကလည်း ထောက်ပြကြသည်။ ဗြိတိန်နိုင်ငံကလည်း ယူကရိန်းကို လက်နက်များ အကြိမ်ကြိမ်ထောက်ပံ့ပေးနေကြောင်း၊ အမေရိကန်နှင့် ဗြိတိန်တို့သည် စစ်ပွဲရှိသည့်နေရာတိုင်းတွင် တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ ပါဝင်ပတ်သက်နေကြသည်ဟု အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် Nasser Kanaani က လည်း ထောက်ပြခဲ့သည်။
အီရန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံကို မစ်ဆိုင်းဒုံး ကျည်များထောက်ပံ့ပေးရန် ဆုံးဖြတ်လိုက်ခြင်းမှာ (၂၀၂၂) ခုနှစ်နောက်ပိုင်း ရုရှားနိုင်ငံက ယူကရိန်း နိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းတွင် နှစ်နိုင်ငံ ကြား မမျှော်လင့်ထားသည့် ပူးပေါင်းဆောင်ရွက်မှု အဆင့်အထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ရိုက်တာသတင်းဌာန၏ လေ့လာချက်အရ အီရန်နိုင်ငံသည် မကြာသေးမီကပင် ရုရှားနိုင်ငံ ကို မြေပြင်မှမြေမြင်ပစ် (၄၀ဝ) မစ်ဆိုင်းဒုံးကျည်များ ထောက်ပံ့ပေးခဲ့သည်ဟုဆိုသည်။ အီရန်နိုင်ငံသည် ယခင်ကမူ အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ ဒဏ် ခတ်ပိတ်ဆို့မှုကိုစိုးရွံ့ပြီး ရုရှားနိုင်ငံကို မစ်ဆိုင်းဒုံး ကျည်များထောက်ပံ့ပေးရန် ချီတုံချတုံဖြစ်နေခဲ့သည်။ ဂါဇာစစ်ပွဲတွင်မူ အီရန်နိုင်ငံ၏ စဉ်းစားပုံအပေါ် သိ သိသာသာ အကျိုးသက်ရောက်စေခဲ့သည်။ အမေရိကန်နှင့်အီရန်တို့ကြား သဘောတူညီထားချက်မှာ လည်း (၂၀၂၃) ခုနှစ် အောက်တိုဘာလ (၇) ရက်တွင် အဆုံးသတ်သွားခဲ့သည်။ အဆိုပါသဘောတူညီ ချက်မှာ အီရန်နိုင်ငံဘက်က အဆင့်မြင့်ယူရေနီယံ သန့်စင်မှုကိုလျှော့ချပေးခဲ့ပြီး အမေရိကန်နိုင်ငံဘက် ကလည်း အီရန်နိုင်ငံ၏ ရေနံလုပ်ငန်းအပေါ် ဒဏ် ခတ်ပိတ်ဆို့ထားမှုကို ရုပ်သိမ်းပေးခဲ့ခြင်းဖြစ်သည်။ ဟားမတ်စ်တို့၏တိုက်ခိုက်မှုနှင့် အစ္စရေးတို့၏ လက်စားချေတုံ့ပြန်တိုက်ခိုက်မှုတို့ စတင်ဖြစ်ပွားချိန်က တည်းက အမေရိကန်နှင့် ဂါဇာ၊ ဆီးရီးယား၊ အီရတ် နှင့်ပင်လယ်နီရှိ အီရန်ကျောထောက် နောက်ခံပြု အဖွဲ့တို့ကြားတင်းမာမှုမှာလည်း မြင့်တက်လာခဲ့သည်။
ယခုအခါ ရုရှား-ယူကရိန်းစစ်ပွဲမှာလည်း တတိယနှစ်ထဲသို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ရုရှားအနေ ဖြင့် မစ်ဆိုင်းဒုံးကျည်များ လိုအပ်ကောင်း လိုအပ်နေမည်ဖြစ်သကဲ့သို့ အီရန်နိုင်ငံအနေဖြင့်လည်း နည်းပ ညာမြင့် ရုရှားလက်နက်များ လိုအပ်ကောင်း လိုအပ်ပါလိမ့်မည်။ သို့ဖြစ်ရာ ရုရှား-အီရန် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ အီရန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံကို လက်နက်မျိုးစုံ၊ ကျည်မျိုးစုံနှင့် မောင်းသူမဲ့ဒရုန်းယာဉ်များ ထောက်ပံ့မှုပေးနိုင်သည်။ ရုရှားနိုင်ငံအတွင်း အီရန် ဒရုန်းထုတ်စက်ရုံ တည်ထောင်ခြင်းမျိုးပင် ပြုလုပ်နိုင်သည်ဟု ခန့်မှန်းချက်များလည်းရှိသည်။ အီရန်နိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံထုတ် Su-(35) တိုက်လေယာဉ်များ၊ Mi-(28) တိုက်ခိုက်ရေး ရဟတ် ယာဉ်များ ရရှိနိုင်သည်။ ရုရှားတို့မှရရှိသည့် အဆင့် မြင့်လက်နက်များကို အီရန်ကျောထောက် နောက်ခံပြု အဖွဲ့များက အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့ များကိုတိုက်ခိုက်ရာတွင် အသုံးပြုနိုင်သည်ဟု တွက်ဆမှုများလည်းရှိသည်။
ရုရှား-အီရန် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး တိုးတက်နက်ရှိုင်းလာသည်မှာ ထင်သာမြင်သာရှိသည့် အချက်ပင်ဖြစ်သည်။ စီးပွားရေးတွင်လည်း ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးထား သည်များလည်းရှိသည်။ သို့သော် ရုရှား နှင့်အီရန်တို့သည် တရားဝင် မဟာမိတ်ဖွဲ့ခြင်းမျိုးအ ထိ မရောက်နိုင်ဟုသုံးသပ်ကြသည်။ လက်ရှိမိတ်ဖက်ဖြစ်မှုသည် နိုင်ငံတကာစင်မြင့်တွင် အပေးအယူပြု လုပ်နိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အချိန်မရွေး ကျိုးပျက်သွားနိုင်သည်ဟု ယူဆချက်များလည်းရှိသည်။ သမိုင်းကြောင်းအရလည်း ပုံမှန် မိတ်ဖက်ဖွဲ့ခြင်းမျိုးကို မတွေ့ခဲ့ရသေးပါ။ သို့သော် ယခုအခါ ဘုံတူညီသည့်အချက်မှာ အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို စုစည်းတွန်းလှန်လိုရင်း ဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံတို့ သည် နှစ်နိုင်ငံဆက်ဆံရေးအတွက် လမ်းပြမြေပုံအဖြစ် အချုပ် အခြာကို အပြန်အလှန် လေးစားရန်၊ ဗဟုဝင်ရိုးကမ္ဘာ့အထိုင်တစ်ခု အမြန်ပေါ်ပေါက်လာစေ ရေးပရိုမိုးရှင်းပြုလုပ်ရန်နှင့် အနောက်နိုင်ငံများ၏ တာဝန်မဲ့အပြုအမူများကို စုစည်းရင်ဆိုင်ရန်ဆိုသည့် အချက်များကို ထည့်သွင်း အသုံးပြုနိုင်ပါသည်။ ယင်းအချက်များကိုအသုံးချပြီး မိတ်ဖက်အဖြစ် အမှီသဟဲပြုပါက နှစ်နိုင်ငံ လိုအပ်ချက်များကိုလည်း အပြန်အလှန်ဖြည့်ဆည်းနိုင်ကြမည်ဟု သုံးသပ်ရသည်။
zawgyi version
အေနာက္ကို စုစည္းရင္ဆိုင္မည့္ ႐ုရွား-အီရန္ မိတ္ဖက္ဆက္ဆံေရး (ဘာသာျပန္ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - ေအာက္တိုဘာ ၃
႐ုရွားလုံၿခဳံေရးေကာင္စီ အတြင္းေရးမႉး Sergei Shoigu သည္ (၂၀၂၄) ခုႏွစ္ စက္တင္ဘာ (၁၇) ရက္တြင္ အီရန္ႏိုင္ငံသို႔ သြားေရာက္ခဲ့သည္။ Sergei Shoigu ကာကြယ္ေရးဝန္ႀကီးတာဝန္ ထမ္းေဆာင္ စဥ္ကတည္းက ႐ုရွား-အီရန္ ႏွစ္ႏိုင္ငံဆက္ဆံေရးမွာ အေတာ္ေခ်ာေမြ႕ခဲ့သည္။ အီရန္ႏိုင္ငံသည္ ႐ုရွား ႏိုင္ငံအတြက္ အေရးႀကီးသည့္ မိတ္ဖက္ႏိုင္ငံအျဖစ္ အလ်င္အျမန္ ေျပာင္းလဲလာခဲ့သည္။ ႐ုရွားႏိုင္ငံအေန ျဖင့္ ယူကရိန္းစစ္ပြဲ ဆက္လက္ဆင္ႏႊဲႏိုင္ရန္အတြက္ အေနာက္ႏိုင္ငံမ်ား၏ ဒဏ္ခတ္ပိတ္ဆို႔မႈကို ႀကံ့ႀကံ့ခံ ရာတြင္ အီရန္ႏိုင္ငံ၏အကူအညီမွာ အေရးႀကီးသည္ဟု ဆိုႏိုင္သည္။ သို႔ေသာ္ အီရန္ႏိုင္ငံသည္ ႐ုရွား ႏိုင္ငံကို မစ္ဆိုင္းဒုံးက်ည္မ်ား ေထာက္ပံ့ေပးသည္ဆိုသည့္ စြပ္စြဲခ်က္မ်ားႏွင့္ပတ္သက္၍ ခါးခါးသီးသီး ျငင္းဆိုခဲ့၊ ျငင္းဆိုေနဆဲျဖစ္သည္။
႐ုရွားႏွင့္ အီရန္ဆက္ဆံေရးမွာ Zangezur စႀကႍလမ္းႏွင့္ပတ္သက္၍ တင္းမာမႈအခ်ိဳ႕ရွိခဲ့သည္။ ႐ုရွားႏိုင္ငံက Zangezur စႀကႍလမ္းေဖာက္လုပ္ေရးႏွင့္ ပတ္သက္၍ ေထာက္ပံ့ေပးသြားမည္ဟု ဆိုခဲ့ သည္။ အီရန္ႏိုင္ငံကမူ အဆိုပါစႀကႍလမ္းေဖာက္လုပ္မႈအေပၚ ျပင္းျပင္းထန္ထန္ဆန႔္က်င္ခဲ့သည္။ အဆိုပါ စႀကႍလမ္းသည္ ၎၏ နယ္နိမိတ္ကို ခ်ိဳးေဖာက္ျခင္းျဖစ္ၿပီး မဟာဗ်ဴဟာအရလည္း ၿခိမ္းေျခာက္မႈအျဖစ္ အီရန္ ႏိုင္ငံဘက္ကရႈျမင္ထားသည္။ Zangezur စႀကႍလမ္း စီမံကိန္းသည္ အာေမးနီးယားႏိုင္ငံ Syunik ျပည္နယ္တြင္ ျဖတ္သန္းသြားမည္ျဖစ္သည္။ သို႔ေသာ္ အဇာဘိုင္ဂ်န္ အစိုးရက အဆိုပါစႀကႍလမ္း တစ္ေလွ်ာက္လုံးတြင္ အခ်ဳပ္အျခာအာဏာ အျပည့္အဝ ရယူလိုေနျခင္း ျဖစ္သည္ဟုဆိုသည္။ အီရန္ ႏိုင္ငံကမူ ယင္းမွာ နယ္နိမိတ္ကို အေျပာင္းအလဲျပဳလုပ္ျခင္းျဖစ္ရာ လက္မခံႏိုင္ဟုဆိုထားသည္။ အဆိုပါ စႀကႍလမ္းသည္ အာေမးနီးယားႏိုင္ငံ၏ ထိန္းခ်ဳပ္မႈေအာက္တြင္ ရွိေနရမည္ဆိုသည့္သေဘာထားကို အခိုင္အမာ ကိုင္စြဲထားေၾကာင္း၊ သို႔မဟုတ္ပါက အာေမးနီးယားႏွင့္ အီရန္ နယ္နိမိတ္ဆုံးရႈံးသြားလိမ့္ မည္ဟု အီရန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက သတင္းအရင္းအျမစ္မ်ားကို ကိုးကား ေဖာ္ျပၾကသည္။
ေနာက္ပိုင္းတြင္ ႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ားသည္ ဆက္ဆံေရးယိုယြင္းမႈကို ျပန္လည္ျပဳျပင္ ႏိုင္ခဲ့ၾကသည္။ အီရန္အမ်ိဳးသားလုံၿခဳံေရးအတြင္းေရးမႉး အလီအာမက္ဒီယန္သည္ (၂၀၂၄) ခုႏွစ္ စက္တင္ဘာလတြင္ BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ား အစည္းအေဝး တက္ေရာက္ရန္ ႐ုရွားႏိုင္ငံသို႔ ေရာက္ရွိ လာၿပီး ႐ုရွား သမၼတပူတင္ႏွင့္ေတြ႕ဆုံခဲ့သည္။ ေနာက္ရက္အနည္း ငယ္အၾကာတြင္ ႐ုရွားလုံၿခဳံေရး ေကာင္စီအတြင္း ေရးမႉး Sergei Shoigu သည္ အီရန္ႏိုင္ငံသို႔ေရာက္ရွိ ၿပီး အီရန္အမ်ိဳးသား လုံၿခဳံေရး ေကာင္စီအတြင္းေရးမႉး အာမက္ဒီယန္ႏွင့္ေတြ႕ဆုံခဲ့ၿပီး သမၼတပူတင္၏ သတင္းစကားကို အီရန္ထိပ္ပိုင္း ေခါင္းေဆာင္မ်ား အားေျပာၾကားခဲ့သည္။ အဆိုပါသတင္းစကားမွာ ေဒသတြင္းပူးေပါင္း ေဆာင္႐ြက္ေရး အေပၚ အီရန္ႏိုင္ငံႏွင့္ပူးေပါင္းေဆာင္႐ြက္လိုသည့္ ႐ုရွားႏိုင္ငံ၏သေဘာထားမွာ ေျပာင္းလဲျခင္းမရွိ ဆိုသည့္အခ်က္ပင္ ျဖစ္သည္။ ႏွစ္ဖက္ေခါင္းေဆာင္မ်ားေတြ႕ဆုံခ်ိန္တြင္ ႏွစ္ႏိုင္ငံၾကား ရရွိထားသည့္ သေဘာတူညီခ်က္မ်ားကို ျပန္လည္သုံးသပ္ခဲ့ေၾကာင္း၊ အဇာဘိုင္ဂ်န္ႏွင့္ သယ္ယူပို႔ေဆာင္ေရး လမ္းေၾကာင္းအေပၚ အီရန္ ႏိုင္ငံ၏မူဝါဒကို ႐ုရွားႏိုင္ငံကေထာက္ခံေၾကာင္း အီရန္ႏိုင္ငံ၏ တရားဝင္ သတင္းဌာနတစ္ခုျဖစ္သည့္ IRNA က ေဖာ္ျပခဲ့သည္။
အီရန္သမၼတကလည္း ႐ုရွားႏိုင္ငံႏွင့္ Comprehensive Strategic Partnership Agreement လက္မွတ္ေရးထိုးေရးႏွင့္ပတ္သက္၍ မူအားျဖင့္သေဘာတူညီထားၿပီး ျဖစ္သည္။ ယင္းမွာ ႐ုရွားလုံၿခဳံ ေရးေကာင္စီအတြင္းေရးမႉး Sergei Shoigu ၏ အီရန္ခရီးစဥ္အၿပီးတြင္ ထြက္ေပၚလာခဲ့ျခင္းျဖစ္သည္။ အလားတူ ႐ုရွားသမၼတပူတင္ကလည္း အီရန္ႏိုင္ငံႏွင့္ Comprehensive Strategic Partnership Agreement လက္မွတ္ေရးထိုးေရးအေပၚ သေဘာတူေၾကာင္း စက္တင္ဘာ (၁၉) ရက္တြင္ ထုတ္ေဖာ္ ေျပာဆိုခဲ့သည္။ သေဘာတူညီခ်က္ကို ႏွစ္ႏိုင္ငံ အဆင့္ျမင့္ဆုံးပုဂၢိဳလ္မ်ား လက္မွတ္ေရးထိုးၾကမည္ ျဖစ္ေၾကာင္းလည္း သတင္းမ်ားတြင္ေဖာ္ျပၾကသည္။ Comprehensive Strategic Partnership Agreemen အျဖစ္ လက္မွတ္ေရးထိုးၾကမည့္ ရည္႐ြယ္ခ်က္မွာ ျပင္ပၿခိမ္းေျခာက္မႈမ်ားကို ႀကံ့ႀကံ့ခံႏိုင္ရန္ အတြက္သာမက အျပန္အလွန္ေလးစားမႈႏွင့္ ပူး ေပါင္းေဆာင္႐ြက္မႈစိတ္ဓာတ္ ရွင္သန္ဖြံ႕ၿဖိဳးေစရန္ အတြက္လည္း ျဖစ္ေၾကာင္း၊ ပူးေပါင္းေဆာင္႐ြက္မႈသည္ ႏွစ္ႏိုင္ငံအေပၚ ခ်မွတ္ထားသည့္ဒဏ္ခတ္ပိတ္ ဆို႔မႈမ်ားကိုလည္း အားေပ်ာ့ေစႏိုင္ေၾကာင္း အီရန္ သမၼတ မာေဆာ့ပါ ဇက္ရွ္ကီရမ္ကလည္း ထုတ္ေဖာ္ ေျပာဆိုထားသည္။ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးသည္ မဟာဗ်ဴ ဟာေျမာက္ဆက္ဆံေရးျဖစ္သည္ဟု သမၼတပူတင္က မွတ္ယူေၾကာင္း အီရန္မီဒီယာမ်ားတြင္လည္း ေဖာ္ျပ ၾကသည္။ (၂၀၂၄) ခုႏွစ္ ေအာက္တို ဘာလတြင္ ႐ုရွားႏိုင္ငံ၌ BRICS ထိပ္သီးအစည္းအေဝးကို လက္ခံက်င္းပမည္ျဖစ္ရာ သမၼတပူတင္ အေန ျဖင့္ အီရန္သမၼတ မာေဆာ့ပါဇက္ရွ္ကီရမ္အား သီးသန႔္ လက္ခံေတြ႕ဆုံမည္ျဖစ္သည္ဟုလည္း သမၼတပူတင္က သတင္းစကားပါးထားသည္။ ႏွစ္ႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈမွာ အီရန္သမၼတ မာေဆာ့ပါဇက္ရွ္ကီရမ္ လက္ထက္တြင္ ပို၍တိုးတက္လာခဲ့သည္ဟု အီရန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီ အတြင္းေရးမႉး အာမက္ဒီယန္ကလည္း ထုတ္ေဖာ္ေျပာဆိုထားသည္။ Comprehensive Strategic Partnership Agreement လက္မွတ္ေရးထိုးမည့္အခ်ိန္ကို အတိအက်မေျပာႏိုင္ေသးေသာ္လည္း အနာဂတ္တစ္ခ်ိန္တြင္ ေရးထိုးဖြယ္ရွိသည္ဟု ႏွစ္ႏိုင္ငံသတင္းမီဒီယာ မ်ားတြင္ေဖာ္ျပၾကသည္။ သမၼတပူတင္၏ သတင္းစ ကားမွာ မၾကာေသးမီအခ်ိန္အတြင္း ႏွစ္ႏိုင္ငံၾကားတြင္ ရွိခဲ့သည့္ နားလည္မႈ အလြဲမ်ားကို ျပန္လည္ျပဳျပင္ႏိုင္ ေရးအတြက္ အေရးႀကီးသည့္ ေျခလွမ္းတစ္ရပ္ျဖစ္ သည္ဟုလည္း Nour News သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္လည္း သုံးသပ္ခ်က္ေရးသားထားသည္။
အီရန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီ အတြင္းေရးမႉး အာမက္ဒီယန္၏ ႐ုရွားခရီးစဥ္မွာ အီရန္ႏိုင္ငံ က ႐ုရွားႏိုင္ငံကို တာတိုပစ္မစ္ဆိုင္းဒုံးက်ည္မ်ား ေထာက္ပံ့ေပးခဲ့သည္ဟူေသာ စြပ္စြဲခ်က္ျဖင့္ အေနာက္ ႏိုင္ငံမ်ား၏ ဖိအားေပးလာမႈ ေနာက္ခံအေၾကာင္းတရားျဖင့္ ေရာက္ရွိလာခဲ့ျခင္းျဖစ္သည္ဟုလည္း ယူဆ ခ်က္မ်ား ရွိသည္။ အီရန္အမ်ိဳးသား ေလေၾကာင္းလိုင္းအပါ အဝင္ လက္နက္တင္ပို႔သည္ဟူသည့္ သံသယျဖင့္ အီရန္ႏွင့္ ႐ုရွားႏိုင္ငံအေျခစိုက္ လူပုဂၢိဳလ္ (၁၀) ဦးႏွင့္ အဖြဲ႕အစည္းေျခာက္ဦးတို႔ကို အေမရိကန္အစိုးရက စက္တင္ဘာ (၁၀) ရက္ေန႔တြင္ ဒဏ္ခတ္ပိတ္ဆို႔မႈ မ်ားခ်မွတ္ခဲ့သည္။ ဂ်ာမနီ၊ ျပင္သစ္ႏွင့္ ၿဗိတိန္ႏိုင္ငံ တို႔သည္ အီရန္ႏိုင္ငံႏွင့္ ႏွစ္ႏိုင္ငံေလေၾကာင္းဝန္ ေဆာင္မႈလုပ္ငန္းမ်ားကို ဖ်က္သိမ္းခဲ့ၾကသည္။ နယ္သာလန္ႏိုင္ငံႏွင့္ ၿဗိတိန္ႏိုင္ငံတို႔သည္ ႐ုရွားႏိုင္ငံသို႔ မစ္ဆိုင္းဒုံးက်ည္မ်ား ေပးပို႔သည္ဟုဆိုကာ ကန႔္ကြက္ မႈျပဳလုပ္သည့္အေနျဖင့္ အီရန္ႏိုင္ငံရွိ ၎တို႔၏ သံတမန္မ်ားကို စက္တင္ဘာ (၁၁) ရက္ေန႔တြင္ ျပန္လည္ ႐ုပ္သိမ္းခဲ့ၾကသည္။ အီရန္ႏိုင္ငံကလည္း အဆိုပါႏိုင္ငံမ်ား ၎တို႔၏သံတမန္မ်ားကို ျပန္လည္႐ုပ္သိမ္းခဲ့သည္။
႐ုရွားႏိုင္ငံကို မစ္ဆိုင္းဒုံးက်ည္မ်ား ေထာက္ပံ့ေပးသည္ဟူေသာ စြပ္စြဲခ်က္ႏွင့္ပတ္သက္၍ အီရန္ ႏိုင္ငံက အႀကိမ္ႀကိမ္ျငင္းဆိုထားၿပီး အီရန္အေပၚ အေနာက္ႏိုင္ငံမ်ား၏ ဒဏ္ခတ္ပိတ္ဆို႔မႈကို ေဝဖန္ခဲ့ သည္။ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားသည္ အေျဖမဟုတ္ဘဲ ျပႆနာ၏အစိတ္အပိုင္းတစ္ခုပင္ ျဖစ္သည္ဟု ထိပ္တန္းသံတမန္အခ်ိဳ႕ကလည္း ေထာက္ျပၾကသည္။ ၿဗိတိန္ႏိုင္ငံကလည္း ယူကရိန္းကို လက္နက္မ်ား အႀကိမ္ႀကိမ္ေထာက္ပံ့ေပးေနေၾကာင္း၊ အေမရိကန္ႏွင့္ ၿဗိတိန္တို႔သည္ စစ္ပြဲရွိသည့္ေနရာတိုင္းတြင္ တိုက္႐ိုက္တစ္မ်ိဳး၊ သြယ္ဝိုက္၍တစ္ဖုံ ပါဝင္ပတ္သက္ေနၾကသည္ဟု အီရန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္တစ္ဦးျဖစ္သည့္ Nasser Kanaani က လည္း ေထာက္ျပခဲ့သည္။
အီရန္ႏိုင္ငံအေနျဖင့္ ႐ုရွားႏိုင္ငံကို မစ္ဆိုင္းဒုံး က်ည္မ်ားေထာက္ပံ့ေပးရန္ ဆုံးျဖတ္လိုက္ျခင္းမွာ (၂၀၂၂) ခုႏွစ္ေနာက္ပိုင္း ႐ုရွားႏိုင္ငံက ယူကရိန္း ႏိုင္ငံကို စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ပိုင္းတြင္ ႏွစ္ႏိုင္ငံ ၾကား မေမွ်ာ္လင့္ထားသည့္ ပူးေပါင္းေဆာင္႐ြက္မႈ အဆင့္အထိ ေရာက္ရွိလာခဲ့ျခင္း ျဖစ္သည္ဟုလည္း ဆိုႏိုင္သည္။ ႐ိုက္တာသတင္းဌာန၏ ေလ့လာခ်က္အရ အီရန္ႏိုင္ငံသည္ မၾကာေသးမီကပင္ ႐ုရွားႏိုင္ငံ ကို ေျမျပင္မွေျမျမင္ပစ္ (၄၀ဝ) မစ္ဆိုင္းဒုံးက်ည္မ်ား ေထာက္ပံ့ေပးခဲ့သည္ဟုဆိုသည္။ အီရန္ႏိုင္ငံသည္ ယခင္ကမူ အေမရိကန္ႏွင့္ ဥေရာပႏိုင္ငံမ်ား၏ ဒဏ္ ခတ္ပိတ္ဆို႔မႈကိုစိုး႐ြံ႕ၿပီး ႐ုရွားႏိုင္ငံကို မစ္ဆိုင္းဒုံး က်ည္မ်ားေထာက္ပံ့ေပးရန္ ခ်ီတုံခ်တုံျဖစ္ေနခဲ့သည္။ ဂါဇာစစ္ပြဲတြင္မူ အီရန္ႏိုင္ငံ၏ စဥ္းစားပုံအေပၚ သိ သိသာသာ အက်ိဳးသက္ေရာက္ေစခဲ့သည္။ အေမရိကန္ႏွင့္အီရန္တို႔ၾကား သေဘာတူညီထားခ်က္မွာ လည္း (၂၀၂၃) ခုႏွစ္ ေအာက္တိုဘာလ (၇) ရက္တြင္ အဆုံးသတ္သြားခဲ့သည္။ အဆိုပါသေဘာတူညီ ခ်က္မွာ အီရန္ႏိုင္ငံဘက္က အဆင့္ျမင့္ယူေရနီယံ သန႔္စင္မႈကိုေလွ်ာ့ခ်ေပးခဲ့ၿပီး အေမရိကန္ႏိုင္ငံဘက္ ကလည္း အီရန္ႏိုင္ငံ၏ ေရနံလုပ္ငန္းအေပၚ ဒဏ္ ခတ္ပိတ္ဆို႔ထားမႈကို ႐ုပ္သိမ္းေပးခဲ့ျခင္းျဖစ္သည္။ ဟားမတ္စ္တို႔၏တိုက္ခိုက္မႈႏွင့္ အစၥေရးတို႔၏ လက္စားေခ်တုံ႔ျပန္တိုက္ခိုက္မႈတို႔ စတင္ျဖစ္ပြားခ်ိန္က တည္းက အေမရိကန္ႏွင့္ ဂါဇာ၊ ဆီးရီးယား၊ အီရတ္ ႏွင့္ပင္လယ္နီရွိ အီရန္ေက်ာေထာက္ ေနာက္ခံျပဳ အဖြဲ႕တို႔ၾကားတင္းမာမႈမွာလည္း ျမင့္တက္လာခဲ့သည္။
ယခုအခါ ႐ုရွား-ယူကရိန္းစစ္ပြဲမွာလည္း တတိယႏွစ္ထဲသို႔ေရာက္ရွိလာခဲ့ၿပီျဖစ္သည္။ ႐ုရွားအေန ျဖင့္ မစ္ဆိုင္းဒုံးက်ည္မ်ား လိုအပ္ေကာင္း လိုအပ္ေနမည္ျဖစ္သကဲ့သို႔ အီရန္ႏိုင္ငံအေနျဖင့္လည္း နည္းပ ညာျမင့္ ႐ုရွားလက္နက္မ်ား လိုအပ္ေကာင္း လိုအပ္ပါလိမ့္မည္။ သို႔ျဖစ္ရာ ႐ုရွား-အီရန္ စစ္ဘက္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈမွာ သိသိသာသာ တိုးတက္လာခဲ့သည္။ အီရန္ႏိုင္ငံအေနျဖင့္ ႐ုရွားႏိုင္ငံကို လက္နက္မ်ိဳးစုံ၊ က်ည္မ်ိဳးစုံႏွင့္ ေမာင္းသူမဲ့ဒ႐ုန္းယာဥ္မ်ား ေထာက္ပံ့မႈေပးႏိုင္သည္။ ႐ုရွားႏိုင္ငံအတြင္း အီရန္ ဒ႐ုန္းထုတ္စက္႐ုံ တည္ေထာင္ျခင္းမ်ိဳးပင္ ျပဳလုပ္ႏိုင္သည္ဟု ခန႔္မွန္းခ်က္မ်ားလည္းရွိသည္။ အီရန္ႏိုင္ငံအေနျဖင့္လည္း ႐ုရွားႏိုင္ငံထုတ္ Su-(35) တိုက္ေလယာဥ္မ်ား၊ Mi-(28) တိုက္ခိုက္ေရး ရဟတ္ ယာဥ္မ်ား ရရွိႏိုင္သည္။ ႐ုရွားတို႔မွရရွိသည့္ အဆင့္ ျမင့္လက္နက္မ်ားကို အီရန္ေက်ာေထာက္ ေနာက္ခံျပဳ အဖြဲ႕မ်ားက အေရွ႕အလယ္ပိုင္းရွိ အေမရိကန္တပ္ဖြဲ႕ မ်ားကိုတိုက္ခိုက္ရာတြင္ အသုံးျပဳႏိုင္သည္ဟု တြက္ဆမႈမ်ားလည္းရွိသည္။
႐ုရွား-အီရန္ စစ္ဘက္ဆိုင္ရာ ဆက္ဆံေရး တိုးတက္နက္ရႈိင္းလာသည္မွာ ထင္သာျမင္သာရွိသည့္ အခ်က္ပင္ျဖစ္သည္။ စီးပြားေရးတြင္လည္း ပူးေပါင္းေဆာင္႐ြက္မႈ နားလည္မႈစာခြၽန္လႊာမ်ား လက္မွတ္ေရးထိုးထား သည္မ်ားလည္းရွိသည္။ သို႔ေသာ္ ႐ုရွား ႏွင့္အီရန္တို႔သည္ တရားဝင္ မဟာမိတ္ဖြဲ႕ျခင္းမ်ိဳးအ ထိ မေရာက္ႏိုင္ဟုသုံးသပ္ၾကသည္။ လက္ရွိမိတ္ဖက္ျဖစ္မႈသည္ ႏိုင္ငံတကာစင္ျမင့္တြင္ အေပးအယူျပဳ လုပ္ႏိုင္ရန္ ဖြဲ႕စည္းထားျခင္းျဖစ္ၿပီး အခ်ိန္မေ႐ြး က်ိဳးပ်က္သြားႏိုင္သည္ဟု ယူဆခ်က္မ်ားလည္းရွိသည္။ သမိုင္းေၾကာင္းအရလည္း ပုံမွန္ မိတ္ဖက္ဖြဲ႕ျခင္းမ်ိဳးကို မေတြ႕ခဲ့ရေသးပါ။ သို႔ေသာ္ ယခုအခါ ဘုံတူညီသည့္အခ်က္မွာ အေနာက္ႏိုင္ငံမ်ား၏ ဒဏ္ခတ္ပိတ္ဆို႔မႈကို စုစည္းတြန္းလွန္လိုရင္း ျဖစ္သည္။ ထို႔ျပင္ ႏွစ္ႏိုင္ငံတို႔ သည္ ႏွစ္ႏိုင္ငံဆက္ဆံေရးအတြက္ လမ္းျပေျမပုံအျဖစ္ အခ်ဳပ္ အျခာကို အျပန္အလွန္ ေလးစားရန္၊ ဗဟုဝင္႐ိုးကမာၻ႔အထိုင္တစ္ခု အျမန္ေပၚေပါက္လာေစ ေရးပ႐ိုမိုးရွင္းျပဳလုပ္ရန္ႏွင့္ အေနာက္ႏိုင္ငံမ်ား၏ တာဝန္မဲ့အျပဳအမူမ်ားကို စုစည္းရင္ဆိုင္ရန္ဆိုသည့္ အခ်က္မ်ားကို ထည့္သြင္း အသုံးျပဳႏိုင္ပါသည္။ ယင္းအခ်က္မ်ားကိုအသုံးခ်ၿပီး မိတ္ဖက္အျဖစ္ အမွီသဟဲျပဳပါက ႏွစ္ႏိုင္ငံ လိုအပ္ခ်က္မ်ားကိုလည္း အျပန္အလွန္ျဖည့္ဆည္းႏိုင္ၾကမည္ဟု သုံးသပ္ရသည္။