'Princess Diaries 3' ထပ်မံ ထွက်ရှိမှာဖြစ်ကြောင်း အန်နီဟက်သာဝေး အတည်ပြု

 211

ရောင်နီ (NP News) - အောက်တိုဘာ ၆

အမေရိကန် ရုပ်ရှင်တစ်ခုဖြစ်တဲ့ 'Princess Diaies' ဟာ နာမည်ကျော် အမေရိကန်သရုပ်ဆောင် အန်နီဟက်သာ ဝေးရဲ့ iconic ရုပ်ရှင်တစ်ခုဖြစ်ပြီး Princess Diaries 2 အထိ ထွက်ရှိထားပြီဖြစ်ပါတယ်။ Princess Diaries 3 ထပ်ထွက်မယ်လို့ သတင်းတွေ ထွက်ရှိခဲ့ပေမယ့် အတည်ပြုသူမရှိတာကြောင့် ဇာတ်လမ်းပရိသတ်အတွက် အမ်မက်သာသာဖြစ်ခဲ့ပါတယ်။

အခုတော့ 'Princess Diaries 3' ထပ်ထွက်မယ်ဆိုတဲ့အကြောင်းကို အန်နီဟဲသာဝေးက အင်စတာဂရမ်မှာ ဗီဒီယိုတစ်ခုနဲ့အတူ အသိပေးလာခဲ့ပါတယ်။ ဗီဒီယိုထဲမှာ သူမက 'Princess Diaries 1နဲ့ 2 ရဲ့ ဗီဒို အပိုင်းလေးတွေကို ဖြတ်ညှပ်ကတ်လုပ်ကာ တင်ထားပြီး 3 ထိ ရေတွက်ခဲ့ပါတယ်၊ ဒါ့အပြင် သူမက "The Princess Diaries 3” ကို ဒါရိုက်တာ အဒဲလင် နဲ့အတူ Disney မှာ လက်ရှိရိုက်ကူးနေတယ်ဆိုတဲ့သတင်း screen shot ကိုလည်း မျှဝေခဲ့ကာ 'Princess Diaries 3' ထပ်ထွက်နိုင်တဲ့သတင်းကို အတည်ပြုခဲ့ပါတယ်။

"The Princess Diaries” ဇာတ်လမ်းဟာ တော်ဝင်ရာဇပလ္လင်ရဲ့အမွေဆက်ခံသူ ဆယ်ကျော်သက် မိန်းကလေး တစ်ဦးရဲ့နတ်သမီးပုံပြင်ဆန်ဆန်ဇာတ်လမ်းဖြစ်ပြီး အဲဒီမိန်းကလေး ကာရိုက်တာကို အန်နီဟယ်သာဝေ က သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Zawgyi Version;




Related news

© 2021. All rights reserved.