ဗီးနပ်စ်ဂြိုဟ်သို့ ဂြိုဟ်တုလွှတ်တင်မည့်အစီအစဉ်ကို အိန္ဒိယအစိုးရကြေညာ

 266

Pika (NP News) - အောက်တိုဘာ ၉

လကမ္ဘာနှင့်မားစ်ဂြိုဟ်တို့အပါအဝင် နေအဖွဲ့အစည်းကိုလေ့လာရန်အတွက် အမေရိကန်ဒေါ်လာ (၁၄၇ ဒသမ ၁) သန်း တန်ဖိုးရှိ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် (၂၀၂၈)ခုနှစ်အစောပိုင်းတွင် ဂြိုဟ်တုတစ်လုံးကို ဗီးနပ်စ်ဂြိုဟ်သို့ လွှတ်တင်ရန် အစီအစဉ်ရှိကြောင်း အိန္ဒိယအာကာသအေဂျင်စီက ထုတ်ပြန်ကြေညာခဲ့သည်။ ဗီးနပ်စ်ဂြိုဟ်ကို စူးစမ်း လေ့လာရေးသည် အိန္ဒိယအစိုးရက အတည်ပြုပေးထားသည့် အရေးပါသောမစ်ရှင်နှစ်ခုအနက်မှတစ်ခုဖြစ်ကြောင်း အိန္ဒိယအာကာသသုတေသနအဖွဲ့ (ISRO) က ကြေညာခဲ့သည်။

ထို့ပြင် အခြားမစ်ရှင်တစ်ခုဖြစ်သော Chandrayaan-4 သည် လကမ္ဘာမှနမူနာများကို စုဆောင်းကာ ကမ္ဘာမြေသို့ ပြန်ပို့ရန် ရည်ရွယ်ထားကြောင်း သိရသည်။ အိန္ဒိယအစိုးရသည် Chandrayaan စီးရီး၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် (၂၀ဝ၈)ခုနှစ်၊ (၂၀၁၉)ခုနှစ်နှင့် (၂၀၂၃)ခုနှစ်တို့တွင် လကမ္ဘာသို့မစ်ရှင်သုံးခုကို ယခင်က လုပ်ဆောင်ခဲ့ ကြောင်းသိရ သည်။ ပြီးခဲ့သည့်နှစ်တွင် အိန္ဒိယနိုင်ငံသည် လကမ္ဘာ၏တောင်ဝင်ရိုးစွန်းသို့ ဆင်းသက်နိုင်ခဲ့သည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်လာ ခဲ့ကြောင်းလည်းသိရသည်။
ထို့ပြင် (၂၀၁၄)ခုနှစ်တွင် အိန္ဒိယအစိုးရသည် မားစ်ဂြိုဟ်သို့ မစ်ရှင်တစ်ခုကို လုပ်ဆောင်ခဲ့ဖူး ကြောင်း လည်းသိရသည်။

ISRO က ‘‘အိန္ဒိယရဲ့ အာကာသစူးစမ်းလေ့လာရေးအစီအစဉ်ဟာ ဂြိုဟ်တွေကြား တူညီမှုတွေနဲ့ ကွဲပြားခြားနားမှုတွေကို လေ့လာဖို့အတွက်ပဲဖြစ်ပါတယ်။ ပြီးတော့ ဗီးနပ်စ် ဂြိုဟ်မစ်ရှင်ဟာ အနာဂတ်သိပ္ပံမစ်ရှင်တွေ အတွက် ထူးခြားတဲ့ကမ္ဘာလုံးဆိုင်ရာ အချက်အလက်တွေကို ပံ့ပိုးပေးနိုင်ပါလိမ့်မယ်။ ကမ္ဘာတစ်ဝန်းမှာ အာကာသမစ်ရှင်တွေများစွာရှိပေမယ့်လည်း ဗီးနပ်စ်ဂြိုဟ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေတော့ တိတိကျကျ မရှိကြသေး ပါဘူး”ဟု ပြောဆိုခဲ့သည်။

အိန္ဒိယနိုင်ငံသည် ဗီးနပ်စ်ဂြိုဟ်၏ ရာသီဥတု၊ လေထုဖွဲ့စည်းပုံနှင့် အလားအလာရှိသော မီး တောင် သို့မဟုတ် မြေငလျင်လှုပ်ခတ်မှုဆိုင်ရာ အချက်အလက်များစုဆောင်းရန်အတွက် ၎င်း၏ပတ်လမ်း ကြောင်းအတွင်းသို့ ဂြိုဟ်တု တစ်ခုကိုလွှတ်တင် သွားမည်ဖြစ်ကြောင်းလည်းသိရသည်။ အိန္ဒိယနှင့်နိုင် ငံတကာသိပ္ပံနည်းကျ ပစ္စည်းကိရိယာ များအပါအဝင် ISRO အဖွဲ့၏ ဒုံးပျံယာဉ်အသစ် Launch Vehicle Mark 3 (LVM-3) ကို အသုံးပြုကာ လွှတ်တင်မှုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

zawgyi version
ဗီးနပ္စ္ၿဂိဳဟ္သို႔ ၿဂိဳဟ္တုလႊတ္တင္မည့္အစီအစဥ္ကို အိႏၵိယအစိုးရေၾကညာ
Pika (NP News) - ေအာက္တိုဘာ ၉

လကမာၻႏွင့္မားစ္ၿဂိဳဟ္တို႔အပါအဝင္ ေနအဖြဲ႕အစည္းကိုေလ့လာရန္အတြက္ အေမရိကန္ေဒၚလာ (၁၄၇ ဒသမ ၁) သန္း တန္ဖိုးရွိ အစီအစဥ္၏ တစ္စိတ္တစ္ပိုင္းအျဖစ္ (၂၀၂၈)ခုႏွစ္အေစာပိုင္းတြင္ ၿဂိဳဟ္တုတစ္လုံးကို ဗီးနပ္စ္ၿဂိဳဟ္သို႔ လႊတ္တင္ရန္ အစီအစဥ္ရွိေၾကာင္း အိႏၵိယအာကာသေအဂ်င္စီက ထုတ္ျပန္ေၾကညာခဲ့သည္။ ဗီးနပ္စ္ၿဂိဳဟ္ကို စူးစမ္း ေလ့လာေရးသည္ အိႏၵိယအစိုးရက အတည္ျပဳေပးထားသည့္ အေရးပါေသာမစ္ရွင္ႏွစ္ခုအနက္မွတစ္ခုျဖစ္ေၾကာင္း အိႏၵိယအာကာသသုေတသနအဖြဲ႕ (ISRO) က ေၾကညာခဲ့သည္။

ထို႔ျပင္ အျခားမစ္ရွင္တစ္ခုျဖစ္ေသာ Chandrayaan-4 သည္ လကမာၻမွနမူနာမ်ားကို စုေဆာင္းကာ ကမာၻေျမသို႔ ျပန္ပို႔ရန္ ရည္႐ြယ္ထားေၾကာင္း သိရသည္။ အိႏၵိယအစိုးရသည္ Chandrayaan စီးရီး၏ တစ္စိတ္တစ္ပိုင္းအေနျဖင့္ (၂၀ဝ၈)ခုႏွစ္၊ (၂၀၁၉)ခုႏွစ္ႏွင့္ (၂၀၂၃)ခုႏွစ္တို႔တြင္ လကမာၻသို႔မစ္ရွင္သုံးခုကို ယခင္က လုပ္ေဆာင္ခဲ့ ေၾကာင္းသိရ သည္။ ၿပီးခဲ့သည့္ႏွစ္တြင္ အိႏၵိယႏိုင္ငံသည္ လကမာၻ၏ေတာင္ဝင္႐ိုးစြန္းသို႔ ဆင္းသက္ႏိုင္ခဲ့သည့္ႏိုင္ငံမ်ားထဲမွ တစ္ႏိုင္ငံျဖစ္လာ ခဲ့ေၾကာင္းလည္းသိရသည္။
ထို႔ျပင္ (၂၀၁၄)ခုႏွစ္တြင္ အိႏၵိယအစိုးရသည္ မားစ္ၿဂိဳဟ္သို႔ မစ္ရွင္တစ္ခုကို လုပ္ေဆာင္ခဲ့ဖူး ေၾကာင္း လည္းသိရသည္။

ISRO က ‘‘အိႏၵိယရဲ႕ အာကာသစူးစမ္းေလ့လာေရးအစီအစဥ္ဟာ ၿဂိဳဟ္ေတြၾကား တူညီမႈေတြနဲ႔ ကြဲျပားျခားနားမႈေတြကို ေလ့လာဖို႔အတြက္ပဲျဖစ္ပါတယ္။ ၿပီးေတာ့ ဗီးနပ္စ္ ၿဂိဳဟ္မစ္ရွင္ဟာ အနာဂတ္သိပၸံမစ္ရွင္ေတြ အတြက္ ထူးျခားတဲ့ကမာၻလုံးဆိုင္ရာ အခ်က္အလက္ေတြကို ပံ့ပိုးေပးႏိုင္ပါလိမ့္မယ္။ ကမာၻတစ္ဝန္းမွာ အာကာသမစ္ရွင္ေတြမ်ားစြာရွိေပမယ့္လည္း ဗီးနပ္စ္ၿဂိဳဟ္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြေတာ့ တိတိက်က် မရွိၾကေသး ပါဘူး”ဟု ေျပာဆိုခဲ့သည္။

အိႏၵိယႏိုင္ငံသည္ ဗီးနပ္စ္ၿဂိဳဟ္၏ ရာသီဥတု၊ ေလထုဖြဲ႕စည္းပုံႏွင့္ အလားအလာရွိေသာ မီး ေတာင္ သို႔မဟုတ္ ေျမငလ်င္လႈပ္ခတ္မႈဆိုင္ရာ အခ်က္အလက္မ်ားစုေဆာင္းရန္အတြက္ ၎၏ပတ္လမ္း ေၾကာင္းအတြင္းသို႔ ၿဂိဳဟ္တု တစ္ခုကိုလႊတ္တင္ သြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။ အိႏၵိယႏွင့္ႏိုင္ ငံတကာသိပၸံနည္းက် ပစၥည္းကိရိယာ မ်ားအပါအဝင္ ISRO အဖြဲ႕၏ ဒုံးပ်ံယာဥ္အသစ္ Launch Vehicle Mark 3 (LVM-3) ကို အသုံးျပဳကာ လႊတ္တင္မႈကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.