နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘော(၂)စင်း တည်ဆောက်တော့မည့် အိန္ဒိယ

 1304

Pika (NP News) - အောက်တိုဘာ ၁၅

အိန္ဒိယအစိုးရသည် နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘောအမျိုးအစား သစ်နှစ်စင်းတည်ဆောက်ရန် အစီအစဉ်များကို အောက်တိုဘာလ(၉)ရက်တွင် အတည်ပြုခဲ့ကြောင်း ကာကွယ်ရေးအရာရှိနှစ်ဦးကပြောကြားခဲ့သည်။ အဆိုပါပရောဂျက်သည် ခန့်မှန်းခြေ အမေရိကန်ဒေါ် လာ(၅ ဒသမ ၄)ဘီလျံခန့်ကုန်ကျနိုင်မည့် ပရောဂျက် တစ်ခုဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးအရာရှိ နှစ်ဦးကပြောကြားခဲ့သည်။

အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်၏တည်ရှိ မှုများကြီးထွားလာမှုကို ရင်ဆိုင်နေရသောကြောင့် အိန္ဒိယနိုင်ငံသည် ၎င်း၏စစ်တပ်ကို ခေတ်မီအောင် ကြိုးပမ်းနေမှုနှင့်အတူ ရေတပ်စွမ်းရည်မြှင့်တင်ရေး နှင့် ပြည်တွင်းလက်နက်ထုတ်လုပ်မှုစွမ်းရည်များ တိုးတက်လာရေးတို့ကို အာရုံစိုက်လုပ်ဆောင်နေ ကြောင်း လည်းသိရသည်။ အိန္ဒိယဝန်ကြီးချုပ်မိုဒီ၏ အစိုးရအ ဖွဲ့သည် နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော အမျိုးအစားသစ်နှစ်စင်းတည်ဆောက် ရန်အတွက် အစီအစဉ်များနှင့် ပတ်သက်ပြီး အိန္ဒိယရေတပ်ကို တာဝန်ပေးအပ်ခဲ့ကြောင်း အမည်မဖော်လိုသည့် ကာကွယ်ရေးအရာရှိ များကပြောကြားခဲ့သည်။

(၂၀၂၀)ပြည့်နှစ်တွင် တရုတ်-အိန္ဒိယနယ်စပ်၌ တိုက်ပွဲများဖြစ်ပွားခဲ့ကာ လူအသေအပျောက် များရှိခဲ့ပြီးနောက် သင်္ဘောစင်းရေ(၃၇၀)ကျော်ဖြင့် ကမ္ဘာ့အကြီးဆုံးရေတပ်အင်အားရှိသော တရုတ်သည် အိန္ဒိယအတွက် လုံခြုံရေးအရစိုးရိမ်စရာတစ်ခုဖြစ် လာခဲ့ကြောင်းလည်းသိရသည်။ ပုံမှန်ဒီဇယ်စွမ်းအင်သုံးရေငုပ်သင်္ဘောများထက် ပိုမိုမြန်ဆန်တိတ်ဆိတ်ပြီး ရေအောက်တွင်ကြာရှည်စွာ တည်ရှိနိုင်ကာ ခြေရာခံနိုင်ရန်ခက်ခဲသော နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘော များသည် ကမ္ဘာပေါ်တွင် ပြင်းထန်သောရေတပ်လက်နက်များအဖြစ် အဆင့် သတ်မှတ်ခံထားရကြောင်း သိရသည်။ တရုတ်၊ ပြင် သစ်၊ ရုရှားနှင့် အမေရိကန်တို့ကဲ့သို့သော နိုင်ငံ အနည်းစုကသာ အဆိုပါ နျူကလီးယားစွမ်းအင်သုံးတိုက်ခိုက်ရေးရေငုပ်သင်္ဘောများကို ပိုင်ဆိုင်ထားကြကြောင်းလည်းသိရသည်။

အိန္ဒိယသည် ယခင်က နျူကလီးယားစွမ်း အင်သုံးတိုက်ခိုက်ရေးရေငုပ်သင်္ဘော အနည်းဆုံး(၂)စင်းကို ရုရှားထံမှ ငှားရမ်းခဲ့သော်လည်း ၎င်းတို့ကိုပြန် လည်လွှဲပြောင်းပေးအပ်ပြီးနောက် နောက်ထပ် ရေငုပ်သင်္ဘောတစ်စင်းကို ငှားရမ်းရန်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း လည်း သိရသည်။

အိန္ဒိယအစိုးရသည် နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘော အမျိုးအစား သစ် နှစ်စင်းကို အိန္ဒိယနိုင်ငံတောင်ပိုင်းဆိပ်ကမ်းမြို့ Visakhapatnam ရှိ အစိုးရသင်္ဘောတည်ဆောက် ရေး စင်တာတွင် တည်ဆောက်သွားမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းကြီး Larsen & Toubro သည် အဆိုပါစီမံကိန်းတွင် ပါဝင်သွားနိုင်ဖွယ်ရှိနေကြောင်း သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။

zawgyi version
န်ဴကလီးယားစြမ္းအင္သုံး တိုက္ခိုက္ေရးေရငုပ္သေဘၤာ(၂)စင္း တည္ ေဆာက္ေတာ့မည့္ အိႏၵိယ
Pika (NP News) - ေအာက္တိုဘာ ၁၅

အိႏၵိယအစိုးရသည္ န်ဴကလီးယားစြမ္းအင္သုံး တိုက္ခိုက္ေရးေရငုပ္သေဘၤာအမ်ိဳးအစား သစ္ႏွစ္စင္းတည္ေဆာက္ရန္ အစီအစဥ္မ်ားကို ေအာက္တိုဘာလ(၉)ရက္တြင္ အတည္ျပဳခဲ့ေၾကာင္း ကာကြယ္ေရးအရာရွိႏွစ္ဦးကေျပာၾကားခဲ့သည္။ အဆိုပါပေရာဂ်က္သည္ ခန႔္မွန္းေျခ အေမရိကန္ေဒၚ လာ(၅ ဒသမ ၄)ဘီလ်ံခန႔္ကုန္က်ႏိုင္မည့္ ပေရာဂ်က္ တစ္ခုျဖစ္ေၾကာင္း အိႏၵိယကာကြယ္ေရးအရာရွိ ႏွစ္ဦးကေျပာၾကားခဲ့သည္။

အိႏၵိယသမုဒၵရာအတြင္း တ႐ုတ္၏တည္ရွိ မႈမ်ားႀကီးထြားလာမႈကို ရင္ဆိုင္ေနရေသာေၾကာင့္ အိႏၵိယႏိုင္ငံသည္ ၎၏စစ္တပ္ကို ေခတ္မီေအာင္ ႀကိဳးပမ္းေနမႈႏွင့္အတူ ေရတပ္စြမ္းရည္ျမႇင့္တင္ေရး ႏွင့္ ျပည္တြင္းလက္နက္ထုတ္လုပ္မႈစြမ္းရည္မ်ား တိုးတက္လာေရးတို႔ကို အာ႐ုံစိုက္လုပ္ေဆာင္ေန ေၾကာင္း လည္းသိရသည္။ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီ၏ အစိုးရအ ဖြဲ႕သည္ န်ဴကလီးယားစြမ္းအင္သုံး တိုက္ခိုက္ေရး ေရငုပ္သေဘၤာ အမ်ိဳးအစားသစ္ႏွစ္စင္းတည္ေဆာက္ ရန္အတြက္ အစီအစဥ္မ်ားႏွင့္ ပတ္သက္ၿပီး အိႏၵိယေရတပ္ကို တာဝန္ေပးအပ္ခဲ့ေၾကာင္း အမည္မေဖာ္လိုသည့္ ကာကြယ္ေရးအရာရွိ မ်ားကေျပာၾကားခဲ့သည္။

(၂၀၂၀)ျပည့္ႏွစ္တြင္ တ႐ုတ္-အိႏၵိယနယ္စပ္၌ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ကာ လူအေသအေပ်ာက္ မ်ားရွိခဲ့ၿပီးေနာက္ သေဘၤာစင္းေရ(၃၇၀)ေက်ာ္ျဖင့္ ကမာၻ႔အႀကီးဆုံးေရတပ္အင္အားရွိေသာ တ႐ုတ္သည္ အိႏၵိယအတြက္ လုံၿခဳံေရးအရစိုးရိမ္စရာတစ္ခုျဖစ္ လာခဲ့ေၾကာင္းလည္းသိရသည္။ ပုံမွန္ဒီဇယ္စြမ္းအင္သုံးေရငုပ္သေဘၤာမ်ားထက္ ပိုမိုျမန္ဆန္တိတ္ဆိတ္ၿပီး ေရေအာက္တြင္ၾကာရွည္စြာ တည္ရွိႏိုင္ကာ ေျခရာခံႏိုင္ရန္ခက္ခဲေသာ န်ဴကလီးယားစြမ္းအင္သုံး တိုက္ခိုက္ေရးေရငုပ္သေဘၤာ မ်ားသည္ ကမာၻေပၚတြင္ ျပင္းထန္ေသာေရတပ္လက္နက္မ်ားအျဖစ္ အဆင့္ သတ္မွတ္ခံထားရေၾကာင္း သိရသည္။ တ႐ုတ္၊ ျပင္ သစ္၊ ႐ုရွားႏွင့္ အေမရိကန္တို႔ကဲ့သို႔ေသာ ႏိုင္ငံ အနည္းစုကသာ အဆိုပါ န်ဴကလီးယားစြမ္းအင္သုံးတိုက္ခိုက္ေရးေရငုပ္သေဘၤာမ်ားကို ပိုင္ဆိုင္ထားၾကေၾကာင္းလည္းသိရသည္။

အိႏၵိယသည္ ယခင္က န်ဴကလီးယားစြမ္း အင္သုံးတိုက္ခိုက္ေရးေရငုပ္သေဘၤာ အနည္းဆုံး(၂)စင္းကို ႐ုရွားထံမွ ငွားရမ္းခဲ့ေသာ္လည္း ၎တို႔ကိုျပန္ လည္လႊဲေျပာင္းေပးအပ္ၿပီးေနာက္ ေနာက္ထပ္ ေရငုပ္သေဘၤာတစ္စင္းကို ငွားရမ္းရန္အတြက္ ေဆြးေႏြးမႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း လည္း သိရသည္။

အိႏၵိယအစိုးရသည္ န်ဴကလီးယားစြမ္းအင္သုံး တိုက္ခိုက္ေရးေရငုပ္သေဘၤာ အမ်ိဳးအစား သစ္ ႏွစ္စင္းကို အိႏၵိယႏိုင္ငံေတာင္ပိုင္းဆိပ္ကမ္းၿမိဳ႕ Visakhapatnam ရွိ အစိုးရသေဘၤာတည္ေဆာက္ ေရး စင္တာတြင္ တည္ေဆာက္သြားမည္ျဖစ္ၿပီး ေဆာက္လုပ္ေရးလုပ္ငန္းႀကီး Larsen & Toubro သည္ အဆိုပါစီမံကိန္းတြင္ ပါဝင္သြားႏိုင္ဖြယ္ရွိေနေၾကာင္း သတင္းရင္းျမစ္တစ္ခုကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.