ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များ၏ အလှူငွေစုစုပေါင်း ငွေကျပ် (၅၀) ဘီလျံကျော် ရရှိထားပြီဖြစ်ကြောင်း နစကအသိပေး

 649

ယွန်း(NP News) - အောက်တိုဘာာ ၁၀

ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များ၏ အလှူငွေစုစုပေါင်း ငွေကျပ် (၅၀) ဘီလျံကျော် ရရှိထားပြီဖြစ်ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။

ရေဘေးသင့်ဒေသများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အလှူရှင်များက အောက်တိုဘာ(၉)ရက်နေ့တွင် အလှူငွေများကို တတိယအကြိမ် ထပ်မံလှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အလှူငွေစုစုပေါင်း ငွေကျပ်(၁၁ ဒသမ ၉၇)ဘီလျံကျော် လက်ခံရရှိခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ပထမအကြိမ်လှူဒါန်းမှုကို ပြီးခဲ့သည့် စက်တင်ဘာ(၂၁)ရက်တွင် ကျင်းပခဲ့ရာ (ငွေကျပ် ၃၂ ဒသမ ၂ ဘီလျံ)ကျော်ကို လက်ခံရရှိခဲ့ပြီး ဒုတိယအကြိမ် လှူဒါန်းမှုကို စက်တင်ဘာ(၂၈)ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ရာ ငွေကျပ်(၁၀)ဘီလျံကျော် ရရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လက်ရှိအချိန်အထိ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေစုစုပေါင်းမှာ ငွေကျပ်ဘီလျံ (၅၀)ကျော် ရှိပြီဖြစ်ကြောင်း နစကမှ အသိပေးထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ် ဘီလျံ (၃ဝ)သုံးစွဲရန်လျာထားကြောင်းသိရပြီး ရေဘေးသင့်ဒေသများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို လာမည့် ၂ဝ၂၅ ခုနှစ်၊ မတ်လ(၁၅)ရက်တွင် အပြီးဆောင်ရွက်ရန် နစကမှ လမ်းညွှန်ထားသည်။

တိုင်ဖွန်းမုန်တိုင်းရာဂီအရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ အပါ အဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ရာ စာရင်းဇယားများအရ မြို့နယ် (၁၁ဝ)မြို့နယ်မှ သေဆုံးသူ (၄၃၃)ဦး၊ မျောပါပျောက်ဆုံးသူ (၇၉)ဦးရှိပြီး တိရစ္ဆာန်သေဆုံးမှုအနေဖြင့် (၁၇၆၂၄၆)ကောင်ရှိကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

zawgyi version
ေရေဘးသင့္ျပည္သူမ်ားအတြက္ အလႉရွင္မ်ား၏ အလႉေငြစုစုေပါင္း ေငြက်ပ္ (၅၀) ဘီလ်ံေက်ာ္ ရရွိထားၿပီျဖစ္ေၾကာင္း နစကအသိေပး

ယြန္း(NP News) - ေအာက္တိုဘာာ ၁၀

ေရေဘးသင့္ျပည္သူမ်ားအတြက္ အလႉရွင္မ်ား၏ အလႉေငြစုစုေပါင္း ေငြက်ပ္ (၅၀) ဘီလ်ံေက်ာ္ ရရွိထားၿပီျဖစ္ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ေရေဘးသင့္ေဒသမ်ား ကူညီကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးအတြက္ အလႉရွင္မ်ားက ေအာက္တိုဘာ(၉)ရက္ေန႔တြင္ အလႉေငြမ်ားကို တတိယအႀကိမ္ ထပ္မံလႉဒါန္းခဲ့ေၾကာင္း သိရသည္။ အဆိုပါအခမ္းအနားကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး မဂၤလာခန္းမတြင္ က်င္းပခဲ့ျခင္းျဖစ္ၿပီး အလႉေငြစုစုေပါင္း ေငြက်ပ္(၁၁ ဒသမ ၉၇)ဘီလ်ံေက်ာ္ လက္ခံရရွိခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။

ေရေဘးသင့္ေဒသမ်ား ျပန္လည္ထူေထာင္ေရးအတြက္ ပထမအႀကိမ္လႉဒါန္းမႈကို ၿပီးခဲ့သည့္ စက္တင္ဘာ(၂၁)ရက္တြင္ က်င္းပခဲ့ရာ (ေငြက်ပ္ ၃၂ ဒသမ ၂ ဘီလ်ံ)ေက်ာ္ကို လက္ခံရရွိခဲ့ၿပီး ဒုတိယအႀကိမ္ လႉဒါန္းမႈကို စက္တင္ဘာ(၂၈)ရက္တြင္ ေနျပည္ေတာ္၌ က်င္းပခဲ့ရာ ေငြက်ပ္(၁၀)ဘီလ်ံေက်ာ္ ရရွိခဲ့ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ လက္ရွိအခ်ိန္အထိ ေရေဘးသင့္ျပည္သူမ်ားအတြက္ လႉဒါန္းေငြစုစုေပါင္းမွာ ေငြက်ပ္ဘီလ်ံ (၅၀)ေက်ာ္ ရွိၿပီျဖစ္ေၾကာင္း နစကမွ အသိေပးထားသည္။

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ေရေဘးကူညီကယ္ဆယ္ေရး ႏွင့္ ျပန္လည္ထူ ေထာင္ေရးလုပ္ငန္းမ်ားအတြက္ ေငြက်ပ္ ဘီလ်ံ (၃ဝ)သုံးစြဲရန္လ်ာထားေၾကာင္းသိရၿပီး ေရေဘးသင့္ေဒသမ်ား ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ားကို လာမည့္ ၂ဝ၂၅ ခုႏွစ္၊ မတ္လ(၁၅)ရက္တြင္ အၿပီးေဆာင္႐ြက္ရန္ နစကမွ လမ္းၫႊန္ထားသည္။

တိုင္ဖြန္းမုန္တိုင္းရာဂီအရွိန္ေၾကာင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ အပါ အဝင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အခ်ိဳ႕တြင္ ေရႀကီးေရလွ်ံျခင္း၊ ေျမၿပိဳျခင္းမ်ားျဖစ္ေပၚခဲ့ရာ စာရင္းဇယားမ်ားအရ ၿမိဳ႕နယ္ (၁၁ဝ)ၿမိဳ႕နယ္မွ ေသဆုံးသူ (၄၃၃)ဦး၊ ေမ်ာပါေပ်ာက္ဆုံးသူ (၇၉)ဦးရွိၿပီး တိရစာၦန္ေသဆုံးမႈအေနျဖင့္ (၁၇၆၂၄၆)ေကာင္ရွိေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.