အကြမ်းဖက်များထောင်ထားသည့် လက်လုပ်တိုက်မိုင်းကြိုးအားတိုက်မိ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိ

 608

နာမူ (NP News) အောက်တိုဘာ ၁၁

ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် အကြမ်းဖက်များထောင်ထားသည့် ဒေသန္တရလက်လုပ်တိုက်မိုင်းကြိုးအားတိုက်မိခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သံဃာတော်တစ်ပါး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဥ်သည် အောက်တိုဘာလ ၉ ရက်၊ မွန်းလွဲ ၁၂နာရီခန့်က ဖာပွန်မြို့နယ်၊ ရေပူကျေးရွာ၏ အနောက်ဘက် မီတာ ၄၅၀ ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကျွန်းတောကျေးရွာ ဘုန်းကြီးကျောင်းမှ သံဃာတော်တစ်ပါးသည် ရေပူကျေးရွာ ဘုန်းကြီးကျောင်းသို့ သွားရောက်စဉ် လူသွားလမ်းပေါ်တွင် အကြမ်းဖက်သမားများ ထောင်းထားသော လက်လုပ်တိုက်မိုင်းကြိုးအား တိုက်မိရာမှပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သော ဆရာတော်မှာ ဖာပွန်မြို့နယ်၊ ကျွန်းတောကျေး ရွာဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးလျက်ရှိသည့် ဆရာတော် ဘဒ္ဒန္တတေစန္တိယဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကမမောင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူစေခဲ့ကြောင်း သိရသည် ။

အဆိုပါဖြစ်စဉ်ကြောင့် လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ဒေသတစ်ဝန်း လုံခြုံ ရေး နှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ခြင်းများပြုလုပ်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
အၾကမ္းဖက္မ်ားေထာင္ထားသည့္ လက္လုပ္တိုက္မိုင္းႀကိဳးအားတိုက္မိ၍ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ သံဃာေတာ္တစ္ပါး ထိခိုက္ဒဏ္ရာရရွိ
နာမူ (NP News) ေအာက္တိုဘာ ၁၁

ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕နယ္တြင္ အၾကမ္းဖက္မ်ားေထာင္ထားသည့္ ေဒသႏၲရလက္လုပ္တိုက္မိုင္းႀကိဳးအားတိုက္မိခဲ့ၿပီး ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ သံဃာေတာ္တစ္ပါး ထိမွန္ဒဏ္ရာရရွိခဲ့ေၾကာင္း နစက၏ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါျဖစ္စဥ္သည္ ေအာက္တိုဘာလ ၉ ရက္၊ မြန္းလြဲ ၁၂နာရီခန႔္က ဖာပြန္ၿမိဳ႕နယ္၊ ေရပူေက်း႐ြာ၏ အေနာက္ဘက္ မီတာ ၄၅၀ ခန႔္အကြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ကြၽန္းေတာေက်း႐ြာ ဘုန္းႀကီးေက်ာင္းမွ သံဃာေတာ္တစ္ပါးသည္ ေရပူေက်း႐ြာ ဘုန္းႀကီးေက်ာင္းသို႔ သြားေရာက္စဥ္ လူသြားလမ္းေပၚတြင္ အၾကမ္းဖက္သမားမ်ား ေထာင္းထားေသာ လက္လုပ္တိုက္မိုင္းႀကိဳးအား တိုက္မိရာမွေပါက္ကြဲမႈျဖစ္ပြားခဲ့သျဖင့္ မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

ထိခိုက္ဒဏ္ရာရရွိခဲ့ေသာ ဆရာေတာ္မွာ ဖာပြန္ၿမိဳ႕နယ္၊ ကြၽန္းေတာေက်း ႐ြာဘုန္းေတာ္ႀကီးေက်ာင္းတြင္ သီတင္းသုံးလ်က္ရွိသည့္ ဆရာေတာ္ ဘဒၵႏၲေတစႏၲိယျဖစ္ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ ကမေမာင္းၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကာ ေဆးကုသမႈခံယူေစခဲ့ေၾကာင္း သိရသည္ ။

အဆိုပါျဖစ္စဥ္ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားအေနျဖင့္ ေဒသတစ္ဝန္း လုံၿခဳံ ေရး ႏွင့္ နယ္ေျမစိုးမိုးေရးလုပ္ငန္းမ်ားကို တိုးျမႇင့္လုပ္ေဆာင္ျခင္းမ်ားျပဳလုပ္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.