မြန်မာနိုင်ငံသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများအပြင် အခြားနိုင်ငံများမှ ခရီးသွားများ ပိုမိုဝင်ရောက်လာရန် ဆောင်ရွက်နေ

 382

စော (NP News) - အောက်တိုဘာ ၁ဝ

မြန်မာနိုင်ငံသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများအပြင် အခြားနိုင်ငံများမှ ခရီး သွားများ ပိုမိုဝင်ရောက်လာရန် ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့်ခရီး သွားလာ‌ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်က NP News ကို ပြောသည်။

ဟိုတယ်နှင့်ခရီးသွားလာ‌‌ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများဝင်ရောက်လာရန် အမြဲဆောင်ရွက်လျက်ရှိပြီး ခရီးသွားမြှင့်တင်ရေးလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ခရီးသွားတွေများများလာမှ ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်နေတဲ့ လူတွေ၊ အလုပ်အကိုင်တွေဖြစ်ထွန်းမယ်။ အလုပ်အကိုင်ဖြစ်ထွန်းမှ ဝင်ငွေရမယ်။ ဒါကြောင့်မို့လို့ ခရီးသွားတွေ များများလာဖို့အတွက် ခရီးသွားမြှင့်တင်ရေးဆောင်ရွက်နေတာပေါ့”ဟု ၎င်းကပြောသည်။

အဆိုပါ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် Online ဖြင့် ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်ခြင်း နှင့် ပြပွဲများသို့ သွားရောက်ကာ ခရီး သွားများဖိတ်ခေါ်ခြင်းများလည်းရှိကြောင်း သိရသည်။

“အဓိကကတော့ အာဆီယံအဖွဲ့ ဝင်နိုင်ငံထဲကပေ့ါ။ နောက်ပြီးတော့ တရုတ်၊ ဂျပန်၊ ကိုရီးယားပေ့ါ။ နောက်တစ်ခါ ရုရှား၊ အိန္ဒိယ ဒီလိုနိုင်ငံတွေလူတွေကို မြန်မာနိုင်ငံကို လာဖို့အဓိကထားဆောင်ရွက်နေတာပေ့ါ”ဟု ၎င်းက ဆက်လက်ပြောသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ငါးလတာကာလအတွင်း ပြည်ပခရီး သွားဝင်ရောက်မှုအနေဖြင့် (၅)သိန်း(၂)သောင်းခန့် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက၏ အချက်အလက်များအရ သိရသည်။

zawgyi version
ျမန္မာႏိုင္ငံသို႔ အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံမ်ားအျပင္ အျခားႏိုင္ငံမ်ားမွ ခရီး သြားမ်ား ပိုမိုဝင္ေရာက္လာရန္ ေဆာင္႐ြက္ေန
ေစာ (NP News) - ေအာက္တိုဘာ ၁ဝ

ျမန္မာႏိုင္ငံသို႔ အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံမ်ားအျပင္ အျခားႏိုင္ငံမ်ားမွ ခရီး သြားမ်ား ပိုမိုဝင္ေရာက္လာရန္ ေဆာင္႐ြက္ေနေၾကာင္း ဟိုတယ္ႏွင့္ခရီး သြားလာ‌ေရးဝန္ႀကီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇယ်ာမ်ိဳးေအာင္က NP News ကို ေျပာသည္။

ဟိုတယ္ႏွင့္ခရီးသြားလာ‌‌ေရးဝန္ႀကီးဌာနအေနျဖင့္ ျမန္မာႏိုင္ငံသို႔ ျပည္ပခရီးသြားမ်ားဝင္ေရာက္လာရန္ အၿမဲေဆာင္႐ြက္လ်က္ရွိၿပီး ခရီးသြားျမႇင့္တင္ေရးလုပ္ငန္းကိုလည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

“ခရီးသြားေတြမ်ားမ်ားလာမွ ခရီးသြားလုပ္ငန္းနဲ႔ဆက္စပ္ေနတဲ့ လူေတြ၊ အလုပ္အကိုင္ေတြျဖစ္ထြန္းမယ္။ အလုပ္အကိုင္ျဖစ္ထြန္းမွ ဝင္ေငြရမယ္။ ဒါေၾကာင့္မို႔လို႔ ခရီးသြားေတြ မ်ားမ်ားလာဖို႔အတြက္ ခရီးသြားျမႇင့္တင္ေရးေဆာင္႐ြက္ေနတာေပါ့”ဟု ၎ကေျပာသည္။

အဆိုပါ ခရီးသြားျမႇင့္တင္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ Online ျဖင့္ ခရီးသြားျမႇင့္တင္ေရး ေဆာင္႐ြက္ျခင္း ႏွင့္ ျပပြဲမ်ားသို႔ သြားေရာက္ကာ ခရီး သြားမ်ားဖိတ္ေခၚျခင္းမ်ားလည္းရွိေၾကာင္း သိရသည္။

“အဓိကကေတာ့ အာဆီယံအဖြဲ႕ ဝင္ႏိုင္ငံထဲကေပ့ါ။ ေနာက္ၿပီးေတာ့ တ႐ုတ္၊ ဂ်ပန္၊ ကိုရီးယားေပ့ါ။ ေနာက္တစ္ခါ ႐ုရွား၊ အိႏၵိယ ဒီလိုႏိုင္ငံေတြလူေတြကို ျမန္မာႏိုင္ငံကို လာဖို႔အဓိကထားေဆာင္႐ြက္ေနတာေပ့ါ”ဟု ၎က ဆက္လက္ေျပာသည္။

၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလမွ ေမလအထိ ငါးလတာကာလအတြင္း ျပည္ပခရီး သြားဝင္ေရာက္မႈအေနျဖင့္ (၅)သိန္း(၂)ေသာင္းခန႔္ ဝင္ေရာက္ခဲ့ေၾကာင္း ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနက၏ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.