တရုတ်တို့၏ မိခင်နိုင်ငံမှာ ဖြစ်စရာရှိလျှင် ထိုင်ဝမ်သာရှိဟုဆို

 592

Htay Oung (NP News) - အောက်တိုဘာ ၁၁

ကျွန်းနိုင်ငံအစိုးရမှာ သက်တမ်းပိုပြီး ကြီးမြင့်တဲ့အတွက် ကွန်မြူနစ်တရုတ်နိုင်ငံမှာ ထိုင်ဝမ်ရဲ့ မိခင်တိုင်းပြည် လုံးဝ မဖြစ်နိုင်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်တီက ပြောပါတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီထူထောင်ခြင်း (၇၅)နှစ်မြောက် နှစ်ပတ်လည်ကာလမှာ တရုတ်နှစ်နိုင်ငံအကြား ပြင်းထန်တဲ့ သမိုင်းဝင်ပြိုင်ဆိုင်မှုကို အလေး ပေးဖော်ပြရောက်တဲ့ အချိန်ကိုက်မိန့်ခွန်းအဖြစ် လိုင်ချင်တီက တမင်ပြောဆိုခြင်းဖြစ်တယ်လို့ CNN က အောက်တိုဘာလ ၇ ရက်မှာ ရေးသားပါတယ်။

ပြီးခဲ့တဲ့ မေလမှာ အာဏာရလာခဲ့သူ အသက် (၆၅)နှစ်အရွယ် လိုင်ချင်းတီဟာ ကျွန်းနဲ့ပတ်သက်ပြီး တရုတ်ကွန် မြူနစ်ပါတီ (CCP) ရဲ့ တောင်းဆို ချက်များကို ပယ်ချခဲ့ပါတယ်။ ဒီအတွက် ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာကို သိမ်းပိုက်လိုတဲ့ ပေကျင်းရဲ့ အမျက်ဒေါသကို ကာလအတော်ကြာအောင် ရင်ဆိုင်ခဲ့ရပါတယ်။ ဒီမိုကရေစီနည်းလမ်းအရ သူတို့ဖာသာအုပ်ချုပ်လျှက်ရှိတဲ့ ထိုင်ဝမ်ကို ဘယ်တုန်းကမှ ထိန်းချုပ်ခဲ့ဖူးခြင်း မရှိ သော်လည်း တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းမှာဖြစ်ပြီး လိုအပ်ပါက အင်အားသုံးမယ်လို့ တရုတ် အာ ဏာရ ကွန်မြူနစ်ပါတီက ကတိပြုထားပါတယ်။ ဒါပေမယ့် ကျွန်းပေါ်နေ လူအများအပြားတို့ကတော့ သူတို့ကိုယ် သူတို့ “ထိုင်ဝမ်လူမျိုး” လို့ ကွဲပြားစွာ ရှုမြင်နေကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ် ခံယူလို စိတ် မရှိကြပါဘူး။

ပေကျင်းကို ပိုပြီး ဒေါသူပုန်ထစေမယ့် စကားလုံးမျိုးကိုမှ စနေနေ့မှာ လိုင်က ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ ထိုင် ဝမ်ဟာ အချုပ်အခြာအာဏာပိုင်ဆိုင်ပြီး လွတ်လပ်တဲ့ “တရုတ်သမ္မတနိုင်ငံ” (ROC) ဖြစ်နေကြောင်း၊ မိမိတို့ (ဘိုးဘေးများဟာ) တရုတ်ပြည်မကြီးကို ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ CCP အာဏာရ လာချိန်ရောက်မှသာ ထိုင်ဝမ်သို့ ပြောင်းရွှေ့ခဲ့ပုံ သမိုင်းကြောင်းကို လိုင်က အလေးပေး ပြောဆိုပါတယ်။တရုတ်ပြည်ရဲ့ နောက်ဆုံး ဧကရာဇ် (မန်ချူးမျိုးနွယ်) ချင်မင်းဆက်ကို အမျိုးသားတော်လှန်ရေးဖြင့် တရုတ်တို့ က ဖြုတ်ချပြီးနောက် ၁၉၁၂-ခုနှစ်မှာ “တရုတ်သမ္မတနိုင်ငံ” Republic of China (ROC) ကို တည်ထောင်ခဲ့ပါ တယ်၊ အဲ့ဒီအချိန် ထိုင်ဝမ်ဟာ ဂျပန်ဘုရင်ကို စစ်ရှုံးပြီး ချင်မင်းဆက်က ပေးအပ်ခဲ့ရလို့ ဂျပန်ကိုလိုနီဖြစ်နေတာ နှစ် ၂၀ ခန့်ရှိပါပြီ။ ဒုတိယကမ္ဘာစစ်မှာ ဂျပန်တို့ရှုံးနိမ့်ပြီး ၁၉၄၅ ခုနှစ်မှာ ROC ဟာ ထိုင်ဝမ်ကို သိမ်းပိုက်ခဲ့ပါတယ်။ နောက် လေးနှစ် န့်ကြာပြီးနောက် တရုတ်ပြည်တွင်းစစ်မှာ မော်စီတုံးရဲ့ ကွန်မြူနစ်တပ်များကို အရေးနိမ့်တဲ့ အမျိုးသားရေးဝါဒီ အစိုးရဟာ ပြည်မကြီးမှ တိုင်ပေသို့ပြောင်းရွေ့ပြီး ကျွန်းပေါ်မှာ ROC အဖြစ် ဆက်လက်တည်ရှိခဲ့ပါတယ်။ ပြည်မကြီးကို “တရုတ်ကွန်မြူနစ်ပါတီ” CCP က အာဏာရယူပြီး ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ People Republic of China (PRC) ကို တည်ထောင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှစပြီး နှစ်ဘက်စလုံးမှာ အစိုးရအသီးသီးတို့က သီးခြားစီအုပ်ချုပ်ခဲ့ပါတယ်။

ပြည်မကြီး တရုတ်ခေါင်းဆောင် အဆက်ဆက်တို့ဟာ တစ်နေ့နေ့မှာ ထိုင်ဝမ်ကို သိမ်းပိုက်မယ်လို့ ကတိပြုခဲ့ ကြတာချည့်ပါပဲ။ ဒါပေမယ့် ဆယ်စုနှစ်များအတွင်း တရုတ်ရဲ့ အခိုင်မာဆုံးခေါင်းဆောင်ဖြစ်လာသူ ရှီကျင့်ဖျင် ဟာ ဒီမိုကရေစီ ကျွန်းနိုင်ငံအပေါ် ဆန့်ကျင်တဲ့ စကားလုံးများနဲ့ ရန်စမှုများကို အရှိန်မြှင့်တင်ခဲ့ပါတယ်။ ထိုင် ဝမ်ရေလက်ကြားတလျောက် တင်းမာမှုများကို လှုံ့ဆော်ပေးပြီး စစ်ရေးအရ ထိပ်တိုက်တွေ့တော့မယ့်အထိ စိုးရိမ်စရာဖြစ်အောင် လုပ်ဆောင်လာခဲ့ပါတယ်။ အောက်တိုဘာ ၁၀ ရက် ထိုင်ဝမ်အမျိုးသားနေ့ မတိုင်မီ တေးဂီတဖျော်ဖြေပွဲတစ်ခုမှာ လိုင်ချင်းတီ က တရုတ်အ စိုးရနှစ်ရပ်ရဲ့ မတူညီတဲ့ နိုင်ငံရေး ဖြစ်ရပ်နောက်ခံများကို ကောက်နှုတ်နှိုင်းယှဉ်ပြီး သမိုင်းသင်ခန်းစာသဖွယ် ဟောပြောခဲ့ခြင်းဖြစ်ပါတယ်။

ယခု အိမ်နီးချင်း တရုတ်ကွန်မြူနစ်နိုင်ငံမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ၇၅ နှစ်မြောက် မွေးနေ့အဖြစ် အောက် တိုဘာ ၁ ရက်နေ့မှာ ကျင်းပခဲ့ကြောင်း၊ တစ်ပြိုင်နက်တည်းမှာပဲ ထိုင်ဝမ်တို့က “တရုတ်သမ္မတနိုင်ငံ” ရဲ့ ၁၁၃ နှစ် မြောက်မွေးနေ့ကို ရက်ပိုင်းအတွင်း ကျင်းပတော့မှာဖြစ်ကြောင်း၊ သက်တမ်းအရ PRC ဟာ ROC ရဲ့ အမိမြေ ဖြစ်လာစရာ လုံးဝ အကြောင်း မရှိကြောင်း၊ ဖြစ်စားရှိရင် သက်တမ်း ၃၈-နှစ် ပိုကြီးနေတဲ့ ထိုင်ဝမ်ကသာ ပြည်မ ကြီး ရဲ့ အမိမြေ ဖြစ်စရာရှိကြောင်း လိုင်ချင်းတီက ဟောပြောတဲ့အခါ တိုင်ပေ အားကစားကွင်းအတွင်း စုရုံးနေ တဲ့ လူအုပ်ကြီးထံမှ သြဘာလက်ခုပ်သံများ ဟိန်းထွက်သွားပါတယ်။ တနင်္လာနေ့ဟာ တရုတ်နိုင်ငံရဲ့ ရက်သတ္တပတ်ကြာ အမျိုးသားနေ့အားလပ်ရက်မှာ နောက်ဆုံးနေ့ဖြစ်တဲ့အ တွက် လိုင်ချင်းတီရဲ့ ဟောပြောချက်နဲ့ ပတ်သက်ပြီး တရုတ်အစိုးရက တုံ့ပြန်ခြင်း မရှိသေးပါဘူး။

ဒါပေမဲ့ လိုင်ချင်းတီရဲ့စကားလုံးတွေကို ထိုင်ဝမ်ရဲ့ အကြီးဆုံးအတိုက်အခံပါတီဖြစ်တဲ့ (KMT) ကူမင်တန်ပါတီ နိုင်ငံရေးသမားများက ပြစ်တင်ဝေဖန်နေကြပါတယ်။ လိုင်ရဲ့အာဏာရ ဒီမိုကရက်တစ်တိုး တက်ရေးပါတီ အနေ နဲ့ ပြည်မတရုတ်နဲ့ မလိုအပ်ပဲ တင်းမာမှုဖြစ်အောင် လုပ်နေကြောင်း ကူမင်တန်ပါတီက ကာလရှည်ကြာစွပ်စွဲ နေတဲ့ နိုင်ငံရေးအုပ်စုဖြစ်ပါတယ်။ KMT ဟာ ထိုင်ဝမ်သို့ တိမ်းရှောင်သွားတဲ့ အမျိုးသားရေးဝါဒီများရဲ့ နိုင်ငံရေးဆက်ခံသူများဖြစ်ပြီး ကျွန်းနိုင်ငံကို ဆယ်စုနှစ်များစွာကြာ စစ်အုပ်ချုပ်ရေးနဲ့ ထိန်းချုပ်ခဲ့သူများဖြစ်ပါတယ်။ တစ်နေ့နေ့မှာ ပြည်မကြီးကို ပြန်လည် ထူထောင်ဖို့ ဆယ်စုနှစ်များစွာ ရှည်လျားတဲ့ ရည်မှန်းချက်များနဲ့ ချည်နှောင်ထားခဲ့သူများလည်းဖြစ်ပါတယ်။ နောက်ပိုင်း ထိုင်ဝမ်ရဲ့ ဆင့်ကဲဖြစ်စဉ်များအရ ဒီမိုကရေစီနိုင်ငံအဖြစ် သူတို့ကိုယ်တိုင် ဝင်ရောက်ခဲ့ကြပါတယ်။ ဒါပေမယ့် ကွန်မြူနစ်တရုတ်နဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးကို လိုလားခြင်းအပါအဝင် ထင်ရှားတဲ့ အယူဝါဒဆိုင်ရာ အပြောင်းအလဲများကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

တိုင်ပေရော ပေကျင်းခေါင်းဆောင်များပါ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းပြီး သတင်းစကားပေးပို့ရန်အ တွက် သက်ဆိုင်ရာ အမျိုးသားနေ့ မိန့်ခွန်းများကို အသုံးပြုခဲ့ကြတာ အတော်ကြာပါပြီ။ ထိုင်ဝမ်နဲ့ ပြန်လည် ပေါင်းစည်းရေး အောင်မြင်ရန် ကတိပြုကြောင်း ပြီးခဲ့တဲ့ သီတင်းပတ် PRC ရဲ့ ၇၅ နှစ်မြောက် မွေးနေ့အကြိုပွဲ မှာ ရှီကျင့်ဖျင်က ထပ်လောင်းပြောဆိုခဲ့ပါတယ်။ ဒါဟာ နောက်ပြန်လှည့်လို့ မရတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပြီး တရားနည်းလမ်းကျခြင်းနဲ့ ပြည်သူများရဲ့ ဘုံဆန္ဒတစ်ခုဖြစ်ကြောင်း၊ သမိုင်းရဲ့ချီတက်ပွဲကို ဘယ်သူကမှ တား ဆီးနိုင်မှာ မဟုတ်ကြောင်း ရှီကျင့်ဖျင်က ပေကျင်း ပြည်သူ့ခန်းမကြီးမှာ မိန့်ခွန်းပြောခဲ့ပါတယ်။ ထိုင်ဝမ်ဟာ တရုတ်တို့ရဲ့ အလေးအနက်ထားအပ်တဲ့ နယ်မြေဖြစ်ကြောင်း သွေးက ရေထက် ပိုပြီး စေးပျစ်တဲ့အ တွက် ရေလက်ကြား နှစ်ဘက်စလုံးရှိနေသူများအကြား သွေးချင်း ဆက်နွယ်နေကြောင်း၊ “ထိုင်ဝမ် လွတ်လပ် ရေး” ခေါင်းစဉ်နဲ့ ခွဲထွက်ရေး လှုပ်ရှားမှုမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်မယ်လို့ ရှီကျင်ဖျင်က ကတိပြု ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ရေးသားပါတယ်။ ပေကျင်းအနေနဲ့ လိုင်အပေါ် အန္တရာယ်များတဲ့ ခွဲထွက်ရေးသမားအဖြစ် တံဆိပ်ကပ်ထားပြီး လွန်ခဲ့တဲ့ မေလ လိုင်ချင်းတီ စတင်တာဝန်ယူချိန်နောက်ပိုင်း ပြီးခဲ့တဲ့ ငါးလအတွင်း တင်းမာမှုများ မြင့်တက်လာခဲ့ပါတယ်။ ထိုင်ဝမ်ကလည်း အဲ့ဒီလို ခြိမ်းခြောက်မှုတွေကို ရပ်တန့်ဖို့ တရုတ်နိုင်ငံကို တောင်းဆိုနေပါတယ်။

(တရုတ်နိုင်ငံရဲ့ သမိုင်းဝင် နောက်ဆုံး ဧကရာဇ်မှာ “မန်ချူးအင်ပါယာမင်းဆက်” ဖြစ်ပြီး ၁၆၃၆-ခုနှစ် ပေကျင်း မြို့ကို အောင်နိုင်ချိန်မှ စတင်အုပ်ချုပ်ခဲ့ပါတယ်။ မန်ချူးလူမျိုးတို့မှာ “ဂျင်ဂျစ်ခန်” ရဲ့ မွန်ဂိုလူမျိုးများနဲ့ မတူပါ။ တန်ဂူးဆစ် အရှေ့အာရှ လူမျိုးများဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းနေ တရားဝင် လူမျိုးတစ်မျိုးဖြစ်ပါ တယ်။ တရုတ်ပြည်မကြီးရဲ့ တရားဝင်သန်းကောင်စာရင်းအရ ၂၀၁၀-ခုနှစ်မှာ မန်ချူးူမျိုး ၁၀-သန်းကျော်ရှိပြီး ထိုင်ဝမ်မှာ ၁၂၀၀၀ ခန့်၊ ဟောင်ကောင်မှာ ၁၀၀၀ ခန့် နေထိုင်လျှက်ရှိပါတယ်။

ချင်မင်းဆက် ပြုတ်ကျရခြင်းမှာလည်း ဥရောပတိုက်သား လူဖြူများရဲ့ တရုတ်ပြည်သူတို့အပေါ် နိုင့်ထက်စီးနင်း ပြုခြင်း၊ အင်္ဂလိပ်တို့နဲ့ ဘိန်းစစ်ပွဲမှာ အရေးနိမ့်ခြင်း အပါအဝင် ဂျပန်ကျူးကျော် မှုကို မကာကွယ်နိုင်ပဲ သမိုင်း စဉ်လာ နယ်မြေများကို နယ်ချဲ့တို့ထံ ထိုးအပ်ပေးခဲ့ရခြင်းများလည်း ပါဝင်ပါတယ်။ မခံချင်မှုကြောင့် အမျိုးသား ရေးစိတ်ဓါတ်နိုးကြားလာတဲ့ ဟန်အများစု တရုတ်တို့ဟာ အစွန်းရောက်လွန်းတဲ့ ချင်မင်းဆက် ရှေးရိုးစွဲ တရားရုံး များနဲ့ တရုတ်မျိုးနွယ်ပေါင်းစုံ ပါဝင်နေတဲ့ အစိုးရကို ပြု ပြင်ပြောင်းလဲရန်၊ နိုင်ငံခြားရန်လိုမှုများကို တွန်းလှန်ရန် ဆယ်စုနှစ်ကြာ အုံကြွတောင်းဆိုမှုများဖြစ်ပေါ်ခဲ့ပါတယ်။

ဆွန်ယက်ဆင်၊ ချန်ကေရှိတ် အစရှိသူတို့ ဦးဆောင်တဲ့ ၁၉၁၁-ခုနှစ် ရှင်ဟိုင်းတော်လှန်ရေးမှာ ချင်မင်းဆက် ဆန့်ကျင်သူများဘက်က အနိုင်ရရှိပြီး နှစ် ၂၀၀၀ ကျော်ကြာ တရုတ်ဘုရင်စနစ် ပြိုလဲသွားခဲ့ပါတယ်။ ၁၉၁၂-ခုနှစ် နန်ကျင်းမြို့မှာ ယာယီညွန့်ပေါင်းအစိုးရဖွဲ့စည်းခြင်းဖြင့် “တရုတ်သမ္မတနိုင်ငံ” မွေးဖွားလာပါတယ်။

ချန်ကေရှိတ်ဟာ တော်လှန်ရေးသမား စစ်ဗိုလ်ချုပ်ကြီးဖြစ်ပြီး ကူမင်တန်ပါတီ (KMT) အကြီးအကဲ၊ အမျိုးသား တော်လှန်ရေးတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့ပါတယ်။ ၁၉၄၉-ခုနှစ် မော်စီတုန်း ကွန်မြူနစ်တို့ကို စစ်ရှုံးု ပြီး ထိုင်ဝမ်ကျွန်းမှာ တရုတ်သမ္မတနိုင်ငံအဖြစ် ဆက်လက်ထူထောင်ခဲ့ပါတယ်။ ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်ပါသည်။)

(CNN., 7 October 2024,” ‘Impossible’ for Communist China to become our motherland as we’re older, Taiwan’s president argues ကို ဆီလျော်အောင်ဘာသာ ပြန်ဆိုသည်။)

zawgyi version
တ႐ုတ္တို႔၏ မိခင္ႏိုင္ငံမွာ ျဖစ္စရာရွိလွ်င္ ထိုင္ဝမ္သာရွိဟုဆို
Htay Oung (NP News) - ေအာက္တိုဘာ ၁၁

ကြၽန္းႏိုင္ငံအစိုးရမွာ သက္တမ္းပိုၿပီး ႀကီးျမင့္တဲ့အတြက္ ကြန္ျမဴနစ္တ႐ုတ္ႏိုင္ငံမွာ ထိုင္ဝမ္ရဲ႕ မိခင္တိုင္းျပည္ လုံးဝ မျဖစ္ႏိုင္ေၾကာင္း ထိုင္ဝမ္သမၼတ လိုင္ခ်င္တီက ေျပာပါတယ္။ တ႐ုတ္ျပည္ကြန္ျမဴနစ္ပါတီထူေထာင္ျခင္း (၇၅)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ကာလမွာ တ႐ုတ္ႏွစ္ႏိုင္ငံအၾကား ျပင္းထန္တဲ့ သမိုင္းဝင္ၿပိဳင္ဆိုင္မႈကို အေလး ေပးေဖာ္ျပေရာက္တဲ့ အခ်ိန္ကိုက္မိန႔္ခြန္းအျဖစ္ လိုင္ခ်င္တီက တမင္ေျပာဆိုျခင္းျဖစ္တယ္လို႔ CNN က ေအာက္တိုဘာလ ၇ ရက္မွာ ေရးသားပါတယ္။

ၿပီးခဲ့တဲ့ ေမလမွာ အာဏာရလာခဲ့သူ အသက္ (၆၅)ႏွစ္အ႐ြယ္ လိုင္ခ်င္းတီဟာ ကြၽန္းနဲ႔ပတ္သက္ၿပီး တ႐ုတ္ကြန္ ျမဴနစ္ပါတီ (CCP) ရဲ႕ ေတာင္းဆို ခ်က္မ်ားကို ပယ္ခ်ခဲ့ပါတယ္။ ဒီအတြက္ ထိုင္ဝမ္ရဲ႕ အခ်ဳပ္အျခာအာဏာကို သိမ္းပိုက္လိုတဲ့ ေပက်င္းရဲ႕ အမ်က္ေဒါသကို ကာလအေတာ္ၾကာေအာင္ ရင္ဆိုင္ခဲ့ရပါတယ္။ ဒီမိုကေရစီနည္းလမ္းအရ သူတို႔ဖာသာအုပ္ခ်ဳပ္လွ်က္ရွိတဲ့ ထိုင္ဝမ္ကို ဘယ္တုန္းကမွ ထိန္းခ်ဳပ္ခဲ့ဖူးျခင္း မရွိ ေသာ္လည္း တ႐ုတ္ျပည္မႀကီးနဲ႔ ျပန္လည္ေပါင္းစည္းမွာျဖစ္ၿပီး လိုအပ္ပါက အင္အားသုံးမယ္လို႔ တ႐ုတ္ အာ ဏာရ ကြန္ျမဴနစ္ပါတီက ကတိျပဳထားပါတယ္။ ဒါေပမယ့္ ကြၽန္းေပၚေန လူအမ်ားအျပားတို႔ကေတာ့ သူတို႔ကိုယ္ သူတို႔ “ထိုင္ဝမ္လူမ်ိဳး” လို႔ ကြဲျပားစြာ ရႈျမင္ေနၾကၿပီး တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံရဲ႕ အစိတ္အပိုင္းအျဖစ္ ခံယူလို စိတ္ မရွိၾကပါဘူး။

ေပက်င္းကို ပိုၿပီး ေဒါသူပုန္ထေစမယ့္ စကားလုံးမ်ိဳးကိုမွ စေနေန႔မွာ လိုင္က ေျပာဆိုခဲ့ျခင္းျဖစ္ပါတယ္။ ထိုင္ ဝမ္ဟာ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္ၿပီး လြတ္လပ္တဲ့ “တ႐ုတ္သမၼတႏိုင္ငံ” (ROC) ျဖစ္ေနေၾကာင္း၊ မိမိတို႔ (ဘိုးေဘးမ်ားဟာ) တ႐ုတ္ျပည္မႀကီးကို ဆယ္စုႏွစ္မ်ားစြာ အုပ္ခ်ဳပ္ခဲ့ၿပီး တ႐ုတ္ကြန္ျမဴနစ္ပါတီ CCP အာဏာရ လာခ်ိန္ေရာက္မွသာ ထိုင္ဝမ္သို႔ ေျပာင္းေ႐ႊ႕ခဲ့ပုံ သမိုင္းေၾကာင္းကို လိုင္က အေလးေပး ေျပာဆိုပါတယ္။တ႐ုတ္ျပည္ရဲ႕ ေနာက္ဆုံး ဧကရာဇ္ (မန္ခ်ဴးမ်ိဳးႏြယ္) ခ်င္မင္းဆက္ကို အမ်ိဳးသားေတာ္လွန္ေရးျဖင့္ တ႐ုတ္တို႔ က ျဖဳတ္ခ်ၿပီးေနာက္ ၁၉၁၂-ခုႏွစ္မွာ “တ႐ုတ္သမၼတႏိုင္ငံ” Republic of China (ROC) ကို တည္ေထာင္ခဲ့ပါ တယ္၊ အဲ့ဒီအခ်ိန္ ထိုင္ဝမ္ဟာ ဂ်ပန္ဘုရင္ကို စစ္ရႈံးၿပီး ခ်င္မင္းဆက္က ေပးအပ္ခဲ့ရလို႔ ဂ်ပန္ကိုလိုနီျဖစ္ေနတာ ႏွစ္ ၂၀ ခန႔္ရွိပါၿပီ။ ဒုတိယကမာၻစစ္မွာ ဂ်ပန္တို႔ရႈံးနိမ့္ၿပီး ၁၉၄၅ ခုႏွစ္မွာ ROC ဟာ ထိုင္ဝမ္ကို သိမ္းပိုက္ခဲ့ပါတယ္။ ေနာက္ ေလးႏွစ္ န႔္ၾကာၿပီးေနာက္ တ႐ုတ္ျပည္တြင္းစစ္မွာ ေမာ္စီတုံးရဲ႕ ကြန္ျမဴနစ္တပ္မ်ားကို အေရးနိမ့္တဲ့ အမ်ိဳးသားေရးဝါဒီ အစိုးရဟာ ျပည္မႀကီးမွ တိုင္ေပသို႔ေျပာင္းေ႐ြ႕ၿပီး ကြၽန္းေပၚမွာ ROC အျဖစ္ ဆက္လက္တည္ရွိခဲ့ပါတယ္။ ျပည္မႀကီးကို “တ႐ုတ္ကြန္ျမဴနစ္ပါတီ” CCP က အာဏာရယူၿပီး ၁၉၄၉ ခုႏွစ္ ေအာက္တိုဘာလ ၁ ရက္ေန႔မွာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ People Republic of China (PRC) ကို တည္ေထာင္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွစၿပီး ႏွစ္ဘက္စလုံးမွာ အစိုးရအသီးသီးတို႔က သီးျခားစီအုပ္ခ်ဳပ္ခဲ့ပါတယ္။

ျပည္မႀကီး တ႐ုတ္ေခါင္းေဆာင္ အဆက္ဆက္တို႔ဟာ တစ္ေန႔ေန႔မွာ ထိုင္ဝမ္ကို သိမ္းပိုက္မယ္လို႔ ကတိျပဳခဲ့ ၾကတာခ်ည့္ပါပဲ။ ဒါေပမယ့္ ဆယ္စုႏွစ္မ်ားအတြင္း တ႐ုတ္ရဲ႕ အခိုင္မာဆုံးေခါင္းေဆာင္ျဖစ္လာသူ ရွီက်င့္ဖ်င္ ဟာ ဒီမိုကေရစီ ကြၽန္းႏိုင္ငံအေပၚ ဆန႔္က်င္တဲ့ စကားလုံးမ်ားနဲ႔ ရန္စမႈမ်ားကို အရွိန္ျမႇင့္တင္ခဲ့ပါတယ္။ ထိုင္ ဝမ္ေရလက္ၾကားတေလ်ာက္ တင္းမာမႈမ်ားကို လႈံ႕ေဆာ္ေပးၿပီး စစ္ေရးအရ ထိပ္တိုက္ေတြ႕ေတာ့မယ့္အထိ စိုးရိမ္စရာျဖစ္ေအာင္ လုပ္ေဆာင္လာခဲ့ပါတယ္။ ေအာက္တိုဘာ ၁၀ ရက္ ထိုင္ဝမ္အမ်ိဳးသားေန႔ မတိုင္မီ ေတးဂီတေဖ်ာ္ေျဖပြဲတစ္ခုမွာ လိုင္ခ်င္းတီ က တ႐ုတ္အ စိုးရႏွစ္ရပ္ရဲ႕ မတူညီတဲ့ ႏိုင္ငံေရး ျဖစ္ရပ္ေနာက္ခံမ်ားကို ေကာက္ႏႈတ္ႏႈိင္းယွဥ္ၿပီး သမိုင္းသင္ခန္းစာသဖြယ္ ေဟာေျပာခဲ့ျခင္းျဖစ္ပါတယ္။

ယခု အိမ္နီးခ်င္း တ႐ုတ္ကြန္ျမဴနစ္ႏိုင္ငံမွာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံရဲ႕ ၇၅ ႏွစ္ေျမာက္ ေမြးေန႔အျဖစ္ ေအာက္ တိုဘာ ၁ ရက္ေန႔မွာ က်င္းပခဲ့ေၾကာင္း၊ တစ္ၿပိဳင္နက္တည္းမွာပဲ ထိုင္ဝမ္တို႔က “တ႐ုတ္သမၼတႏိုင္ငံ” ရဲ႕ ၁၁၃ ႏွစ္ ေျမာက္ေမြးေန႔ကို ရက္ပိုင္းအတြင္း က်င္းပေတာ့မွာျဖစ္ေၾကာင္း၊ သက္တမ္းအရ PRC ဟာ ROC ရဲ႕ အမိေျမ ျဖစ္လာစရာ လုံးဝ အေၾကာင္း မရွိေၾကာင္း၊ ျဖစ္စားရွိရင္ သက္တမ္း ၃၈-ႏွစ္ ပိုႀကီးေနတဲ့ ထိုင္ဝမ္ကသာ ျပည္မ ႀကီး ရဲ႕ အမိေျမ ျဖစ္စရာရွိေၾကာင္း လိုင္ခ်င္းတီက ေဟာေျပာတဲ့အခါ တိုင္ေပ အားကစားကြင္းအတြင္း စု႐ုံးေန တဲ့ လူအုပ္ႀကီးထံမွ ၾသဘာလက္ခုပ္သံမ်ား ဟိန္းထြက္သြားပါတယ္။ တနလၤာေန႔ဟာ တ႐ုတ္ႏိုင္ငံရဲ႕ ရက္သတၱပတ္ၾကာ အမ်ိဳးသားေန႔အားလပ္ရက္မွာ ေနာက္ဆုံးေန႔ျဖစ္တဲ့အ တြက္ လိုင္ခ်င္းတီရဲ႕ ေဟာေျပာခ်က္နဲ႔ ပတ္သက္ၿပီး တ႐ုတ္အစိုးရက တုံ႔ျပန္ျခင္း မရွိေသးပါဘူး။

ဒါေပမဲ့ လိုင္ခ်င္းတီရဲ႕စကားလုံးေတြကို ထိုင္ဝမ္ရဲ႕ အႀကီးဆုံးအတိုက္အခံပါတီျဖစ္တဲ့ (KMT) ကူမင္တန္ပါတီ ႏိုင္ငံေရးသမားမ်ားက ျပစ္တင္ေဝဖန္ေနၾကပါတယ္။ လိုင္ရဲ႕အာဏာရ ဒီမိုကရက္တစ္တိုး တက္ေရးပါတီ အေန နဲ႔ ျပည္မတ႐ုတ္နဲ႔ မလိုအပ္ပဲ တင္းမာမႈျဖစ္ေအာင္ လုပ္ေနေၾကာင္း ကူမင္တန္ပါတီက ကာလရွည္ၾကာစြပ္စြဲ ေနတဲ့ ႏိုင္ငံေရးအုပ္စုျဖစ္ပါတယ္။ KMT ဟာ ထိုင္ဝမ္သို႔ တိမ္းေရွာင္သြားတဲ့ အမ်ိဳးသားေရးဝါဒီမ်ားရဲ႕ ႏိုင္ငံေရးဆက္ခံသူမ်ားျဖစ္ၿပီး ကြၽန္းႏိုင္ငံကို ဆယ္စုႏွစ္မ်ားစြာၾကာ စစ္အုပ္ခ်ဳပ္ေရးနဲ႔ ထိန္းခ်ဳပ္ခဲ့သူမ်ားျဖစ္ပါတယ္။ တစ္ေန႔ေန႔မွာ ျပည္မႀကီးကို ျပန္လည္ ထူေထာင္ဖို႔ ဆယ္စုႏွစ္မ်ားစြာ ရွည္လ်ားတဲ့ ရည္မွန္းခ်က္မ်ားနဲ႔ ခ်ည္ေႏွာင္ထားခဲ့သူမ်ားလည္းျဖစ္ပါတယ္။ ေနာက္ပိုင္း ထိုင္ဝမ္ရဲ႕ ဆင့္ကဲျဖစ္စဥ္မ်ားအရ ဒီမိုကေရစီႏိုင္ငံအျဖစ္ သူတို႔ကိုယ္တိုင္ ဝင္ေရာက္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ကြန္ျမဴနစ္တ႐ုတ္နဲ႔ ပိုမိုနီးကပ္တဲ့ ဆက္ဆံေရးကို လိုလားျခင္းအပါအဝင္ ထင္ရွားတဲ့ အယူဝါဒဆိုင္ရာ အေျပာင္းအလဲမ်ားကိုလည္း ျပဳလုပ္ခဲ့ၾကပါတယ္။

တိုင္ေပေရာ ေပက်င္းေခါင္းေဆာင္မ်ားပါ ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္သန္းၿပီး သတင္းစကားေပးပို႔ရန္အ တြက္ သက္ဆိုင္ရာ အမ်ိဳးသားေန႔ မိန႔္ခြန္းမ်ားကို အသုံးျပဳခဲ့ၾကတာ အေတာ္ၾကာပါၿပီ။ ထိုင္ဝမ္နဲ႔ ျပန္လည္ ေပါင္းစည္းေရး ေအာင္ျမင္ရန္ ကတိျပဳေၾကာင္း ၿပီးခဲ့တဲ့ သီတင္းပတ္ PRC ရဲ႕ ၇၅ ႏွစ္ေျမာက္ ေမြးေန႔အႀကိဳပြဲ မွာ ရွီက်င့္ဖ်င္က ထပ္ေလာင္းေျပာဆိုခဲ့ပါတယ္။ ဒါဟာ ေနာက္ျပန္လွည့္လို႔ မရတဲ့ လမ္းေၾကာင္းတစ္ခုျဖစ္ၿပီး တရားနည္းလမ္းက်ျခင္းနဲ႔ ျပည္သူမ်ားရဲ႕ ဘုံဆႏၵတစ္ခုျဖစ္ေၾကာင္း၊ သမိုင္းရဲ႕ခ်ီတက္ပြဲကို ဘယ္သူကမွ တား ဆီးႏိုင္မွာ မဟုတ္ေၾကာင္း ရွီက်င့္ဖ်င္က ေပက်င္း ျပည္သူ႔ခန္းမႀကီးမွာ မိန႔္ခြန္းေျပာခဲ့ပါတယ္။ ထိုင္ဝမ္ဟာ တ႐ုတ္တို႔ရဲ႕ အေလးအနက္ထားအပ္တဲ့ နယ္ေျမျဖစ္ေၾကာင္း ေသြးက ေရထက္ ပိုၿပီး ေစးပ်စ္တဲ့အ တြက္ ေရလက္ၾကား ႏွစ္ဘက္စလုံးရွိေနသူမ်ားအၾကား ေသြးခ်င္း ဆက္ႏြယ္ေနေၾကာင္း၊ “ထိုင္ဝမ္ လြတ္လပ္ ေရး” ေခါင္းစဥ္နဲ႔ ခြဲထြက္ေရး လႈပ္ရွားမႈမွန္သမွ်ကို ျပတ္ျပတ္သားသား ဆန႔္က်င္မယ္လို႔ ရွီက်င္ဖ်င္က ကတိျပဳ ေၾကာင္း ႏိုင္ငံပိုင္ ဆင္ဟြာသတင္းေအဂ်င္စီက ေရးသားပါတယ္။ ေပက်င္းအေနနဲ႔ လိုင္အေပၚ အႏၲရာယ္မ်ားတဲ့ ခြဲထြက္ေရးသမားအျဖစ္ တံဆိပ္ကပ္ထားၿပီး လြန္ခဲ့တဲ့ ေမလ လိုင္ခ်င္းတီ စတင္တာဝန္ယူခ်ိန္ေနာက္ပိုင္း ၿပီးခဲ့တဲ့ ငါးလအတြင္း တင္းမာမႈမ်ား ျမင့္တက္လာခဲ့ပါတယ္။ ထိုင္ဝမ္ကလည္း အဲ့ဒီလို ၿခိမ္းေျခာက္မႈေတြကို ရပ္တန႔္ဖို႔ တ႐ုတ္ႏိုင္ငံကို ေတာင္းဆိုေနပါတယ္။

(တ႐ုတ္ႏိုင္ငံရဲ႕ သမိုင္းဝင္ ေနာက္ဆုံး ဧကရာဇ္မွာ “မန္ခ်ဴးအင္ပါယာမင္းဆက္” ျဖစ္ၿပီး ၁၆၃၆-ခုႏွစ္ ေပက်င္း ၿမိဳ႕ကို ေအာင္ႏိုင္ခ်ိန္မွ စတင္အုပ္ခ်ဳပ္ခဲ့ပါတယ္။ မန္ခ်ဴးလူမ်ိဳးတို႔မွာ “ဂ်င္ဂ်စ္ခန္” ရဲ႕ မြန္ဂိုလူမ်ိဳးမ်ားနဲ႔ မတူပါ။ တန္ဂူးဆစ္ အေရွ႕အာရွ လူမ်ိဳးမ်ားျဖစ္ၿပီး တ႐ုတ္ႏိုင္ငံရဲ႕ အေရွ႕ေျမာက္ပိုင္းေန တရားဝင္ လူမ်ိဳးတစ္မ်ိဳးျဖစ္ပါ တယ္။ တ႐ုတ္ျပည္မႀကီးရဲ႕ တရားဝင္သန္းေကာင္စာရင္းအရ ၂၀၁၀-ခုႏွစ္မွာ မန္ခ်ဴးူမ်ိဳး ၁၀-သန္းေက်ာ္ရွိၿပီး ထိုင္ဝမ္မွာ ၁၂၀၀၀ ခန႔္၊ ေဟာင္ေကာင္မွာ ၁၀၀၀ ခန႔္ ေနထိုင္လွ်က္ရွိပါတယ္။

ခ်င္မင္းဆက္ ျပဳတ္က်ရျခင္းမွာလည္း ဥေရာပတိုက္သား လူျဖဴမ်ားရဲ႕ တ႐ုတ္ျပည္သူတို႔အေပၚ ႏိုင့္ထက္စီးနင္း ျပဳျခင္း၊ အဂၤလိပ္တို႔နဲ႔ ဘိန္းစစ္ပြဲမွာ အေရးနိမ့္ျခင္း အပါအဝင္ ဂ်ပန္က်ဴးေက်ာ္ မႈကို မကာကြယ္ႏိုင္ပဲ သမိုင္း စဥ္လာ နယ္ေျမမ်ားကို နယ္ခ်ဲ႕တို႔ထံ ထိုးအပ္ေပးခဲ့ရျခင္းမ်ားလည္း ပါဝင္ပါတယ္။ မခံခ်င္မႈေၾကာင့္ အမ်ိဳးသား ေရးစိတ္ဓါတ္ႏိုးၾကားလာတဲ့ ဟန္အမ်ားစု တ႐ုတ္တို႔ဟာ အစြန္းေရာက္လြန္းတဲ့ ခ်င္မင္းဆက္ ေရွး႐ိုးစြဲ တရား႐ုံး မ်ားနဲ႔ တ႐ုတ္မ်ိဳးႏြယ္ေပါင္းစုံ ပါဝင္ေနတဲ့ အစိုးရကို ျပဳ ျပင္ေျပာင္းလဲရန္၊ ႏိုင္ငံျခားရန္လိုမႈမ်ားကို တြန္းလွန္ရန္ ဆယ္စုႏွစ္ၾကာ အုံႂကြေတာင္းဆိုမႈမ်ားျဖစ္ေပၚခဲ့ပါတယ္။

ဆြန္ယက္ဆင္၊ ခ်န္ေကရွိတ္ အစရွိသူတို႔ ဦးေဆာင္တဲ့ ၁၉၁၁-ခုႏွစ္ ရွင္ဟိုင္းေတာ္လွန္ေရးမွာ ခ်င္မင္းဆက္ ဆန႔္က်င္သူမ်ားဘက္က အႏိုင္ရရွိၿပီး ႏွစ္ ၂၀၀၀ ေက်ာ္ၾကာ တ႐ုတ္ဘုရင္စနစ္ ၿပိဳလဲသြားခဲ့ပါတယ္။ ၁၉၁၂-ခုႏွစ္ နန္က်င္းၿမိဳ႕မွာ ယာယီၫြန႔္ေပါင္းအစိုးရဖြဲ႕စည္းျခင္းျဖင့္ “တ႐ုတ္သမၼတႏိုင္ငံ” ေမြးဖြားလာပါတယ္။

ခ်န္ေကရွိတ္ဟာ ေတာ္လွန္ေရးသမား စစ္ဗိုလ္ခ်ဳပ္ႀကီးျဖစ္ၿပီး ကူမင္တန္ပါတီ (KMT) အႀကီးအကဲ၊ အမ်ိဳးသား ေတာ္လွန္ေရးတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္ခဲ့ပါတယ္။ ၁၉၄၉-ခုႏွစ္ ေမာ္စီတုန္း ကြန္ျမဴနစ္တို႔ကို စစ္ရႈံးု ၿပီး ထိုင္ဝမ္ကြၽန္းမွာ တ႐ုတ္သမၼတႏိုင္ငံအျဖစ္ ဆက္လက္ထူေထာင္ခဲ့ပါတယ္။ ။သတင္းဘာသာျပန္သူ၏ သုံးသပ္ခ်က္ျဖစ္ပါသည္။)

(CNN., 7 October 2024,” ‘Impossible’ for Communist China to become our motherland as we’re older, Taiwan’s president argues ကို ဆီေလ်ာ္ေအာင္ဘာသာ ျပန္ဆိုသည္။)

Related news

© 2021. All rights reserved.