ပြင်ပမီဒီယာ (၈) ခု၏ သတင်းထုတ်လွှင့်မှုအပေါ် သုံးသပ်တင်ပြချက်

 477

NP News - အောက်တိုဘာ ၁၁

၁။ ပြည်ပအခြေစိုက်သတင်းမီဒီယာဌာနများအနက် သတင်းတု၊ သတင်းမှား အများဆုံးလွှင့်တင်နေသော သတင်း ဌာန (၈) ခု ဖြစ်သည့် BBC, VOA, RFA, DVB, The Irrawaddy, Mizzima, Myanmar Now နှင့် Khit Thit Media တို့၏ သတင်းလွှင့်တင်မှုများကို အောက်ပါအတိုင်းအကြောင်း အရာခွဲခြားပြီး နေ့စဉ်မှတ်တမ်း ရယူဆောင်ရွက် လျက်ရှိသည်-
(က) အချက်အလက်ခိုင်မာမှုမရှိဘဲ ဖော်ပြမှု၊
(ခ) ပဋိပက္ခအားပေးလှုံ့ဆော်မှု၊
(ဂ) NUG/PDF သတင်း အသားပေးဖော်ပြမှုနှင့်
(ဃ) အခြားသာမန်သတင်း ။
စက်တင်ဘာလအတွင်း သတင်းလွှင့်တင်ထားရှိမှုအခြေအနေ

၂။ BBC မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ(၁၇) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၅၂၅)ပုဒ် လွှင့်တင်ထားပြီး ပဋိပက္ခ အားပေး လှုံ့ဆော်မှုသတင်း (၄၁%)၊ NUG / PDF သတင်း အသားပေးဖော်ပြမှု (၆%)၊ အချက်အလက် မခိုင်မာသည့်သတင်း (၁၁%)၊ အခြားသာ မန်သတင်း (၄၀%) လွှင့်တင်ထားကြောင်း အချက်အလက်မှတ်တမ်းများအရ တွေ့ရှိရသည်။

၃။ VOA Burmese မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၇) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၂၃၈)ပုဒ် လွှင့်တင် ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း (၃၄%)၊ အချက်အလက်မခိုင်မာသည့်သတင်း (၇%)၊ အခြား သာမန်သတင်း(၅၈%) လွှင့်တင်ထားကြောင်း အ ချက်အလက်မှတ်တမ်းများအရ တွေ့ရှိရပါသည်။

၄။ RFA Burmese မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၂၃)ပုဒ်နှုန်းဖြင့် စုစုပေါင်း (၆၉၂)ပုဒ် လွှင့်တင်ထားပြီး ပဋိပက္ခ အားပေးလှုံ့ဆော်မှုသတင်း (၅၀%) ၊ NUG / PDF သတင်း အသားပေးဖော်ပြမှု (၆%) ၊ အချက်အလက်မခိုင်မာသည့် သတင်း (၅%)၊ အခြားသာမန်သတင်း (၃၉%) လွှင့်တင်ထားကြောင်း အချက်အလက်မှတ်တမ်းများအရ တွေ့ရှိရသည်။

၅။ DVB မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၂၂) ပုဒ်နှုန်းဖြင့် စုစုပေါင်း (၆၇၇)ပုဒ် လွှင့်တင်ထားပြီး ပဋိပက္ခအား ပေးလှုံ့ဆော်မှုသတင်း(၄၈%)၊ NUG / PDF သတင်း အသားပေးဖော်ပြမှု (၇%) ၊ အချက်အလက် မခိုင်မာသည့်သတင်း (၈%) ၊ အခြားသာမန်သတင်း (၃၇%) လွှင့်တင်ထားကြောင်း အချက်အလက် မှတ်တမ်းများအရ တွေ့ရှိရသည်။

၆။ The Irrawaddy မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၇)ပုဒ်နှုန်းဖြင့် စုစုပေါင်း (၂၂၈) ပုဒ် လွှင့်တင်ထားပြီး ပဋိပက္ခ အားပေးလှုံ့ဆော်မှုသတင်း (၄၀%)၊ အချက်အလက်မခိုင်မာသည့် သတင်း (၁၃%)၊ အခြားသာမန်သတင်း (၄၆%) လွှင့်တင်ထားကြောင်း အချက်အလက်မှတ်တမ်းများအရ တွေ့ရှိရသည်။

၇။ Mizzima မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၃၀)ပုဒ်နှုန်းဖြင့် စုစုပေါင်း (၉၀၉)ပုဒ် လွှင့်တင်ထား ပြီး NUG / PDF သတင်းအသားပေးဖော်ပြမှု (၁၅%)၊ ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်း (၃၂%) ၊ အချက်အလက်မခိုင်မာသည့် သတင်း (၁၂%) ၊ အခြားသာမန်သတင်း (၄၂%)လွှင့်တင်ထားကြောင်း အချက်အလက်မှတ်တမ်းများအရ တွေ့ရှိရသည်။

၈။ ခေတ်သစ်မီဒီယာသည် တစ်ရက်လျှင် ပျမ်းမျှ (၃၀)ပုဒ်နှုန်းဖြင့် စုစုပေါင်း (၉၀၄)ပုဒ် လွှင့်တင်ထားပြီး ပဋိပက္ခ အား ပေးလှုံ့ဆော်မှုသတင်း (၃၅%)၊ အချက်အလက်ခိုင်မာမှုမရှိသည့် သတင်း (၂၃%) ၊ NUG / PDF သတင်းအသားပေး ဖော်ပြ မှု (၃၂%) နှင့် အခြားသာမန်သတင်း (၁၀%) လွှင့်တင်ထားကြောင်း အချက်အလက် မှတ်တမ်းများအရ တွေ့ရှိရသည်။

၉။ Myanmar Now မီဒီယာအနေဖြင့် တစ်ရက်လျှင် ပျမ်းမျှသတင်း (၆)ပုဒ်နှုန်းဖြင့် စုစုပေါင်း(၁၇၉) ပုဒ်လွှင့်တင်ထားပြီး ပဋိပက္ခအားပေးလှုံ့ဆော်မှု သတင်း (၇၂%) ၊ NUG / PDF သတင်း အသားပေး ဖော်ပြမှု (၁၂%) ၊ အခြားသာမန်သတင်း (၁၆%) ကို လွှင့်တင်ထားကြောင်း အချက်အလက်မှတ်တမ်းများအရ တွေ့ရှိရသည်။

၁၀။ သတင်းဌာန (၈)ခုမှ သတင်းထုတ်လွှင့်ဖော် ပြမှုများကို ခြုံငုံသုံးသပ်ကြည့်ပါက တိုင်းရင်းသား လက်နက်ကိုင်များနှင့် PDF များ၏ အင်အားကြီး ထွားလာမှုနှင့် နယ်မြေသိမ်းပိုက်ရယူနိုင်မှု၊ တပ်မတော် အင်အားချည့်နဲ့လာကြောင်း နှိုင်းယှဉ် ရေးသားမှုများ၊ လူမျိုးရေးပဋိပက္ခဖြစ်စေနိုင်သော ပလောင်၊ ကိုးကန့်၊ ဝ ၊ ရခိုင်တိုင်းရင်းသားများအပါ် ခရီး သွားလာခွင့် တင်းကြပ်စိစစ်မှုများ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ ပြည်သူများ စိုးရိမ်ထိတ်လန့် မှုဖြစ်စေရန် ပုံစံမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်သည့် အကြောင်းအရာများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက် ခေတ်နောက်ပြန်ဆွဲ ဆီဝယ်ယူရမှုပုံစံများ၊ ရေဘေးအကြောင်းပြု ဝါဒဖြန့်ချိမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် ပြည်သူများ၏ စားဝတ် နေရေး ခက်ခဲမှုများ ပိုမိုပြင်းထန်လာကြောင်းကို ဦးစားပေးဖော်ပြထားကြောင်း တွေ့ရှိရသည်။

၁၁။ VPN အခက်အခဲများကြောင့် သတင်းဌာန (၈) ခုအနက် သတင်းဌာန (၃)ခု၏ ပို့စ်များကို Reaction ရရှိမှုအရေ အတွက်မှာလည်း သိသိသာသာ ကျဆင်းသွားခဲ့ပါသည်။ VOA သတင်းဌာန၏ ယခင်လ ပို့စ်အများဆုံးသတင်း၏ Reaction ရရှိမှုသည် (၈၇,ဝဝဝ) ရှိရာမှ ယခုလတွင် (၁၈,ဝဝဝ) အထိ၊ RFA သတင်းဌာန၏ ယခင်လ ပို့စ်အများဆုံး သ တင်း၏ Reaction ရရှိမှုသည် (၉၈,ဝ၂၇) ရှိရာမှ ယခုလတွင် (၁၃,ဝ၂၈) အထိနှင့် DVB သတင်းဌာန၏ ယခင်လ ပို့စ်အများဆုံးသတင်း၏ Reaction ရရှိမှု သည် (၁၂,၆၈၆) ရှိရာမှ ယခုလတွင် (၁၁,၆၉၂) အထိ ကျဆင်းနေကြောင်း တွေ့ရှိရသည်။

zawgyi version
ျပင္ပမီဒီယာ (၈) ခု၏ သတင္းထုတ္လႊင့္မႈအေပၚ သုံးသပ္တင္ျပခ်က္
NP News - ေအာက္တိုဘာ ၁၁

၁။ ျပည္ပအေျခစိုက္သတင္းမီဒီယာဌာနမ်ားအနက္ သတင္းတု၊ သတင္းမွား အမ်ားဆုံးလႊင့္တင္ေနေသာ သတင္း ဌာန (၈) ခု ျဖစ္သည့္ BBC, VOA, RFA, DVB, The Irrawaddy, Mizzima, Myanmar Now ႏွင့္ Khit Thit Media တို႔၏ သတင္းလႊင့္တင္မႈမ်ားကို ေအာက္ပါအတိုင္းအေၾကာင္း အရာခြဲျခားၿပီး ေန႔စဥ္မွတ္တမ္း ရယူေဆာင္႐ြက္ လ်က္ရွိသည္-
(က) အခ်က္အလက္ခိုင္မာမႈမရွိဘဲ ေဖာ္ျပမႈ၊
(ခ) ပဋိပကၡအားေပးလႈံ႕ေဆာ္မႈ၊
(ဂ) NUG/PDF သတင္း အသားေပးေဖာ္ျပမႈႏွင့္
(ဃ) အျခားသာမန္သတင္း ။
စက္တင္ဘာလအတြင္း သတင္းလႊင့္တင္ထားရွိမႈအေျခအေန

၂။ BBC မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ်(၁၇) ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၅၂၅)ပုဒ္ လႊင့္တင္ထားၿပီး ပဋိပကၡ အားေပး လႈံ႕ေဆာ္မႈသတင္း (၄၁%)၊ NUG / PDF သတင္း အသားေပးေဖာ္ျပမႈ (၆%)၊ အခ်က္အလက္ မခိုင္မာသည့္သတင္း (၁၁%)၊ အျခားသာ မန္သတင္း (၄၀%) လႊင့္တင္ထားေၾကာင္း အခ်က္အလက္မွတ္တမ္းမ်ားအရ ေတြ႕ရွိရသည္။

၃။ VOA Burmese မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ် (၇) ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၂၃၈)ပုဒ္ လႊင့္တင္ ထားၿပီး ပဋိပကၡအားေပးလႈံ႕ေဆာ္မႈသတင္း (၃၄%)၊ အခ်က္အလက္မခိုင္မာသည့္သတင္း (၇%)၊ အျခား သာမန္သတင္း(၅၈%) လႊင့္တင္ထားေၾကာင္း အ ခ်က္အလက္မွတ္တမ္းမ်ားအရ ေတြ႕ရွိရပါသည္။

၄။ RFA Burmese မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ် (၂၃)ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၆၉၂)ပုဒ္ လႊင့္တင္ထားၿပီး ပဋိပကၡ အားေပးလႈံ႕ေဆာ္မႈသတင္း (၅၀%) ၊ NUG / PDF သတင္း အသားေပးေဖာ္ျပမႈ (၆%) ၊ အခ်က္အလက္မခိုင္မာသည့္ သတင္း (၅%)၊ အျခားသာမန္သတင္း (၃၉%) လႊင့္တင္ထားေၾကာင္း အခ်က္အလက္မွတ္တမ္းမ်ားအရ ေတြ႕ရွိရသည္။

၅။ DVB မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ် (၂၂) ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၆၇၇)ပုဒ္ လႊင့္တင္ထားၿပီး ပဋိပကၡအား ေပးလႈံ႕ေဆာ္မႈသတင္း(၄၈%)၊ NUG / PDF သတင္း အသားေပးေဖာ္ျပမႈ (၇%) ၊ အခ်က္အလက္ မခိုင္မာသည့္သတင္း (၈%) ၊ အျခားသာမန္သတင္း (၃၇%) လႊင့္တင္ထားေၾကာင္း အခ်က္အလက္ မွတ္တမ္းမ်ားအရ ေတြ႕ရွိရသည္။

၆။ The Irrawaddy မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ် (၇)ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၂၂၈) ပုဒ္ လႊင့္တင္ထားၿပီး ပဋိပကၡ အားေပးလႈံ႕ေဆာ္မႈသတင္း (၄၀%)၊ အခ်က္အလက္မခိုင္မာသည့္ သတင္း (၁၃%)၊ အျခားသာမန္သတင္း (၄၆%) လႊင့္တင္ထားေၾကာင္း အခ်က္အလက္မွတ္တမ္းမ်ားအရ ေတြ႕ရွိရသည္။

၇။ Mizzima မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ် (၃၀)ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၉၀၉)ပုဒ္ လႊင့္တင္ထား ၿပီး NUG / PDF သတင္းအသားေပးေဖာ္ျပမႈ (၁၅%)၊ ပဋိပကၡအားေပးလႈံ႕ေဆာ္မႈသတင္း (၃၂%) ၊ အခ်က္အလက္မခိုင္မာသည့္ သတင္း (၁၂%) ၊ အျခားသာမန္သတင္း (၄၂%)လႊင့္တင္ထားေၾကာင္း အခ်က္အလက္မွတ္တမ္းမ်ားအရ ေတြ႕ရွိရသည္။

၈။ ေခတ္သစ္မီဒီယာသည္ တစ္ရက္လွ်င္ ပ်မ္းမွ် (၃၀)ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း (၉၀၄)ပုဒ္ လႊင့္တင္ထားၿပီး ပဋိပကၡ အား ေပးလႈံ႕ေဆာ္မႈသတင္း (၃၅%)၊ အခ်က္အလက္ခိုင္မာမႈမရွိသည့္ သတင္း (၂၃%) ၊ NUG / PDF သတင္းအသားေပး ေဖာ္ျပ မႈ (၃၂%) ႏွင့္ အျခားသာမန္သတင္း (၁၀%) လႊင့္တင္ထားေၾကာင္း အခ်က္အလက္ မွတ္တမ္းမ်ားအရ ေတြ႕ရွိရသည္။

၉။ Myanmar Now မီဒီယာအေနျဖင့္ တစ္ရက္လွ်င္ ပ်မ္းမွ်သတင္း (၆)ပုဒ္ႏႈန္းျဖင့္ စုစုေပါင္း(၁၇၉) ပုဒ္လႊင့္တင္ထားၿပီး ပဋိပကၡအားေပးလႈံ႕ေဆာ္မႈ သတင္း (၇၂%) ၊ NUG / PDF သတင္း အသားေပး ေဖာ္ျပမႈ (၁၂%) ၊ အျခားသာမန္သတင္း (၁၆%) ကို လႊင့္တင္ထားေၾကာင္း အခ်က္အလက္မွတ္တမ္းမ်ားအရ ေတြ႕ရွိရသည္။

၁၀။ သတင္းဌာန (၈)ခုမွ သတင္းထုတ္လႊင့္ေဖာ္ ျပမႈမ်ားကို ၿခဳံငုံသုံးသပ္ၾကည့္ပါက တိုင္းရင္းသား လက္နက္ကိုင္မ်ားႏွင့္ PDF မ်ား၏ အင္အားႀကီး ထြားလာမႈႏွင့္ နယ္ေျမသိမ္းပိုက္ရယူႏိုင္မႈ၊ တပ္မေတာ္ အင္အားခ်ည့္နဲ႔လာေၾကာင္း ႏႈိင္းယွဥ္ ေရးသားမႈမ်ား၊ လူမ်ိဳးေရးပဋိပကၡျဖစ္ေစႏိုင္ေသာ ပေလာင္၊ ကိုးကန႔္၊ ဝ ၊ ရခိုင္တိုင္းရင္းသားမ်ားအပၚ ခရီး သြားလာခြင့္ တင္းၾကပ္စိစစ္မႈမ်ား၊ ျပည္သူ႔စစ္မႈထမ္း ဥပေဒႏွင့္ပတ္သက္၍ ျပည္သူမ်ား စိုးရိမ္ထိတ္လန႔္ မႈျဖစ္ေစရန္ ပုံစံမ်ိဳးစုံျဖင့္ ေသြးထိုးလႈံ႕ေဆာ္သည့္ အေၾကာင္းအရာမ်ား၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီလက္ထက္ ေခတ္ေနာက္ျပန္ဆြဲ ဆီဝယ္ယူရမႈပုံစံမ်ား၊ ေရေဘးအေၾကာင္းျပဳ ဝါဒျဖန႔္ခ်ိမႈႏွင့္ ကုန္ေဈးႏႈန္းႀကီးျမင့္ျခင္းေၾကာင့္ ျပည္သူမ်ား၏ စားဝတ္ ေနေရး ခက္ခဲမႈမ်ား ပိုမိုျပင္းထန္လာေၾကာင္းကို ဦးစားေပးေဖာ္ျပထားေၾကာင္း ေတြ႕ရွိရသည္။

၁၁။ VPN အခက္အခဲမ်ားေၾကာင့္ သတင္းဌာန (၈) ခုအနက္ သတင္းဌာန (၃)ခု၏ ပို႔စ္မ်ားကို Reaction ရရွိမႈအေရ အတြက္မွာလည္း သိသိသာသာ က်ဆင္းသြားခဲ့ပါသည္။ VOA သတင္းဌာန၏ ယခင္လ ပို႔စ္အမ်ားဆုံးသတင္း၏ Reaction ရရွိမႈသည္ (၈၇,ဝဝဝ) ရွိရာမွ ယခုလတြင္ (၁၈,ဝဝဝ) အထိ၊ RFA သတင္းဌာန၏ ယခင္လ ပို႔စ္အမ်ားဆုံး သ တင္း၏ Reaction ရရွိမႈသည္ (၉၈,ဝ၂၇) ရွိရာမွ ယခုလတြင္ (၁၃,ဝ၂၈) အထိႏွင့္ DVB သတင္းဌာန၏ ယခင္လ ပို႔စ္အမ်ားဆုံးသတင္း၏ Reaction ရရွိမႈ သည္ (၁၂,၆၈၆) ရွိရာမွ ယခုလတြင္ (၁၁,၆၉၂) အထိ က်ဆင္းေနေၾကာင္း ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.