လူရွှင်တော် လီဂျင်ဟိုရဲ့တရားမဝင်လောင်းကစားအရှုပ်တော်ပုံကြားမှာ BTS အဖွဲ့ဝင်ဂျီမင်လည်း ပါဝင်ခဲ့

 1106

ရောင်နီ (NP News) - အောက်တိုဘာ ၁၅

တောင်ကိုရီးယား ဟာသသရုပ်ဆောင် လီဂျင်ဟိုဟာ တရားမဝင် လောင်းကစားတွေကြောင့် အကြွေးများစွာ တင်နေပြီး အဲဒီအကြွေးတွေကိုဆပ်ဖို့ လူများစွာဆီကနေ ငွေကြေးအကူအညီကို ရယူခဲ့တယ်လို့ အောက်တိုဘာ ၁၄ ရက်က BIGHIT MUSIC Entertainment ရဲ့ ထုတ်ဖော်ချက်တစ်ခုအရ သိရပါတယ်။

သူကတော့ လစဉ်အကြွေးကို မှန်မှန်ပြန်ဆပ်ပြီး ရည်ရွယ်ထားပေမယ့် သူ့ရဲ့ကြွေးမြီစုစုပေါင်းဟာ ဝမ်သန်းရာနဲ့ချီ ရှိနေတယ်လို့ သိရပါတယ်။ သူ့ကို ငွေးချေးလိုက်မိသူတွေထဲမှာ BTS အဖွဲ့ဝင် ဂျီမင်၊ လီဆိုးဂမ်၊ ယောင်းတော့ခ်၊ ဟာဆောင်ဝန်း အပါအဝင် ရုပ်သံလွှင့်အမှုဆောင်တွေ၊ ထုတ်လုပ်သူနဲ့ စာရေးဆရာတွေ ပါဝင်နေပါတယ်။ လီဂျင်ဟိုကို ယုံကြည်ပြီး ကတိစာချုပ်မပါဘဲ ငွေထုတ်ချေးခဲ့တဲ့ နာမည်ကြီး အနုပညာရှင်အချို့ဟာ အခုဆိုရင် အာဏာပိုင်တွေဆီက ကြီးမားတဲ့ အခွန်ငွေတောင်းခံလွှာတွေကို ကြုံတွေ့ရနိုင်တဲ့ အခြေအနေပါ ရှိနေတာကြောင့် အချို့က လီဂျင်ဟိုကို လိမ်လည်မှုနဲ့ တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လီဂျင်ဟိုဟာ ၂၀၂၂ ခုနှစ်က BTS အဖွဲ့ဝင် ဂျီမင်ဆီက တစ်ပတ်အတွင်း ဝမ်သန်း ၁၀၀ ချေးခဲ့ပါသေးတယ်။ ကတိစာချုပ်နဲ့ လက်မှတ်ရေးထိုးကာ ချေးငွေယူခဲ့ပေမယ့် လီဂျင်ဟိုဟာ စာချုပ်ပါသဘောတူညီချက်ကို လိုက်နာဖို့ ပျက်ကွက်ကာ အကြွေးမပေးပဲ တိမ်းရှောင်နေခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပြဿနာတွေဖြစ်နေချိန်မှာ လီဂျင်ဟို ဟာ "Knowing Bros” (“Ask Us Anything”) မှ နုတ်ထွက်ခဲ့ပြီး အောက်တိုဘာလ ၁၄ ရက် နံနက်က ပြုလုပ်ခဲ့တဲ့ Netflix ရဲ့ "Comedy Revenge” အတွက် သတင်းစာရှင်းလင်းပွဲကိုလည်း မတတ်ရောက်ခဲ့ဘူး BIGHIT MUSIC ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

Zawgyi Version;
လူ႐ႊင္ေတာ္ လီဂ်င္ဟိုရဲ႕တရားမဝင္ေလာင္းကစားအရႈပ္ေတာ္ပုံၾကားမွာ BTS အဖြဲ႕ဝင္ဂ်ီမင္လည္း ပါဝင္ခဲ့
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၅

ေတာင္ကိုရီးယား ဟာသသ႐ုပ္ေဆာင္ လီဂ်င္ဟိုဟာ တရားမဝင္ ေလာင္းကစားေတြေၾကာင့္ အေႂကြးမ်ားစြာ တင္ေနၿပီး အဲဒီအေႂကြးေတြကိုဆပ္ဖို႔ လူမ်ားစြာဆီကေန ေငြေၾကးအကူအညီကို ရယူခဲ့တယ္လို႔ ေအာက္တိုဘာ ၁၄ ရက္က BIGHIT MUSIC Entertainment ရဲ႕ ထုတ္ေဖာ္ခ်က္တစ္ခုအရ သိရပါတယ္။

သူကေတာ့ လစဥ္အေႂကြးကို မွန္မွန္ျပန္ဆပ္ၿပီး ရည္႐ြယ္ထားေပမယ့္ သူ႔ရဲ႕ေႂကြးၿမီစုစုေပါင္းဟာ ဝမ္သန္းရာနဲ႔ခ်ီ ရွိေနတယ္လို႔ သိရပါတယ္။ သူ႔ကို ေငြးေခ်းလိုက္မိသူေတြထဲမွာ BTS အဖြဲ႕ဝင္ ဂ်ီမင္၊ လီဆိုးဂမ္၊ ေယာင္းေတာ့ခ္၊ ဟာေဆာင္ဝန္း အပါအဝင္ ႐ုပ္သံလႊင့္အမႈေဆာင္ေတြ၊ ထုတ္လုပ္သူနဲ႔ စာေရးဆရာေတြ ပါဝင္ေနပါတယ္။ လီဂ်င္ဟိုကို ယုံၾကည္ၿပီး ကတိစာခ်ဳပ္မပါဘဲ ေငြထုတ္ေခ်းခဲ့တဲ့ နာမည္ႀကီး အႏုပညာရွင္အခ်ိဳ႕ဟာ အခုဆိုရင္ အာဏာပိုင္ေတြဆီက ႀကီးမားတဲ့ အခြန္ေငြေတာင္းခံလႊာေတြကို ႀကဳံေတြ႕ရႏိုင္တဲ့ အေျခအေနပါ ရွိေနတာေၾကာင့္ အခ်ိဳ႕က လီဂ်င္ဟိုကို လိမ္လည္မႈနဲ႔ တရားစြဲဆိုခဲ့တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ လီဂ်င္ဟိုဟာ ၂၀၂၂ ခုႏွစ္က BTS အဖြဲ႕ဝင္ ဂ်ီမင္ဆီက တစ္ပတ္အတြင္း ဝမ္သန္း ၁၀၀ ေခ်းခဲ့ပါေသးတယ္။ ကတိစာခ်ဳပ္နဲ႔ လက္မွတ္ေရးထိုးကာ ေခ်းေငြယူခဲ့ေပမယ့္ လီဂ်င္ဟိုဟာ စာခ်ဳပ္ပါသေဘာတူညီခ်က္ကို လိုက္နာဖို႔ ပ်က္ကြက္ကာ အေႂကြးမေပးပဲ တိမ္းေရွာင္ေနခဲ့တယ္လို႔ သိရပါတယ္။
အဆိုပါျပႆနာေတြျဖစ္ေနခ်ိန္မွာ လီဂ်င္ဟို ဟာ "Knowing Bros” (“Ask Us Anything”) မွ ႏုတ္ထြက္ခဲ့ၿပီး ေအာက္တိုဘာလ ၁၄ ရက္ နံနက္က ျပဳလုပ္ခဲ့တဲ့ Netflix ရဲ႕ "Comedy Revenge” အတြက္ သတင္းစာရွင္းလင္းပြဲကိုလည္း မတတ္ေရာက္ခဲ့ဘူး BIGHIT MUSIC ရဲ႕ အစီရင္ခံစာအရ သိရပါတယ္။

Related news

© 2021. All rights reserved.