ထီးချိုင့်မြို့ကို KIA ၊ PDF ပူးပေါင်းအဖွဲ့က မသိမ်းနိုင်သဖြင့် ထိုးစစ်ရပ်ထားပြီး ကျေးရွာများတွင် ဆက်ကြေးကောက်စားနေ

 1215

သုတကျော် (NP News) - အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းက ထီးချိုင့်မြို့ကို KIA၊ PDF တို့ပါဝင်သော ပူးပေါင်းအဖွဲ့က နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သော်လည်း မသိမ်းနိုင်သောကြောင့် ထိုးစစ်ကို လုံးဝရပ်ထားပြီး ကျေးရွာများတွင် ဆက်ကြေးကောက်စားနေကြောင်း မြို့ခံတစ်ဦးက NP News ကို ပြော သည်။

(၂၀၂၃)ခုနှစ် နှစ်ကုန်ပိုင်းက ထီးချိုင့်မြို့ကို KIA၊ ABSDF နှင့် Local PDF များက ပထမတစ်ကြိမ်ထိုးစစ်ဆင်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် (၂၀၂၄) ခုနှစ် ဩဂုတ်လအတွင်းက ထပ်မံထိုးစစ်ဆင်ခဲ့သော်လည်း မြို့ကိုမသိမ်းနိုင်ဘဲ အဆိုပါ ပူးပေါင်းအဖွဲ့များသာ အကျအဆုံးများပြားခဲ့ရသည်။ "သူတို့တော်လှန်ရေးအဖွဲ့က တစ်နှစ်နားပြီတဲ့။ သူတို့ အလိမ္မာရှောင် ရှောင်တာပေါ့။ ဘယ်လိုမှ တိုက်မရဘူး။ ဒီတစ်ခါတိုက်တာလည်း သူတို့ တော်တော်ကျတယ်။ ထိုးစစ်မဆင်တော့ဘဲနဲ့ သူတို့ရွာထဲမှာပဲနေတော့တယ်။ အဲဒီရွာတွေထဲကိုလည်း တချို့က တပ်ကလည်း လေယာဉ်နဲ့ကိုဆော်နေတာဗျာ။ ဒါပေမဲ့ ပြင်ပကိုဝါဒဖြန့်ထားတာကျတော့ သူတို့ လောလော ဆယ်မတိုက်သေးဘူးပေါ့လေ။ သူတို့ပြန်တိုက်မှာ ဘာညာပေါ့"ဟု အထက်ပါဒေသခံက ဆိုသည်။

လက်ရှိ မြို့အတွင်းဝင်ရောက်လိုသော မြို့ခံများကိုမူ PDF များက အဝင်မခံဘဲ ပိတ်ပင်ထားကြောင်းလည်း ၎င်းကဆိုသည်။ "မြို့ထဲကိုတော့ PDF က ဝင်ကိုမဝင်ရဲတော့ဘူး။ ရွာတွေထဲမှာတော့ ထီးချိုင့်မြို့ကနေ ပြောင်းပြီး အရောင်းအဝယ်ပေါ့ဗျာ။ ဈေးရောင်းတာတို့၊ အဝတ်အထည်ရောင်းတာတို့ပေါ့။ အဲဒါတွေကိုလည်း PDF ကို ဆက်ကြေးသဘောနဲ့ ဆိုင်သေးသေးလေးတောင် တစ်သိန်း၊ တစ်သိန်းခွဲပေးရတယ်။ သူတို့အထဲကပဲ တစ်နှစ်နားပြီပေါ့။ မြို့ကိုတိုက်တာ တစ်နှစ်နားပြီပြောထားတာ"ဟု ၎င်းက ဆိုသည်။

လက်ရှိအနေအထားအရ ရပ်ရွာပြည်သူ များကလည်း PDF များကို ကြည်ဖြူခြင်းမရှိတော့ကြောင်း ၎င်းကဆိုသည်။ "မကြည်ပေမယ့် သူတို့ရှေ့တော့ မပြောရဲဘူးပေါ့။ ဒီကောင်တွေပုံမကျဘူး ဘာညာပြောကြတာပေါ့။ မင်းတို့မတိုက်ရင် ဘာမှမဖြစ်ဘူးကွာ။ မင်းတို့ တိုက်တော့ မြို့လည်းပျက်တယ်။ လူတွေလည်း ဒုက္ခရောက်တယ်ပေါ့။ စီးပွားတွေလည်းပျက်ကုန်ပြီ ပြော ကြတာပေါ့"ဟု ၎င်းကရှင်းပြသည်။ အဆိုပါဒေသရှိ PDF များအနေ ဖြင့် စစ်တိုက်ရေးထက် အခွန်ကောက်ခံခြင်း၊ ငွေရှာခြင်းဖြင့်သာ ကျေနပ်နေပြီး စည်းစိမ်းဥစ္စာရှာဖွေရန်အတွက်သာ လုံးပမ်းနေကြကြောင်းလည်း ၎င်းက ပြောသည်။

zawgyi version
ထီးခ်ိဳင့္ၿမိဳ႕ကို KIA ၊ PDF ပူးေပါင္းအဖြဲ႕က မသိမ္းႏိုင္သျဖင့္ ထိုးစစ္ရပ္ထားၿပီး ေက်း႐ြာမ်ားတြင္ ဆက္ေၾကးေကာက္စားေန
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၁၅

စစ္ကိုင္းတိုင္းေဒသႀကီး အထက္ပိုင္းက ထီးခ်ိဳင့္ၿမိဳ႕ကို KIA၊ PDF တို႔ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က ႏွစ္ႀကိမ္တိုင္တိုင္ တိုက္ခိုက္ခဲ့ေသာ္လည္း မသိမ္းႏိုင္ေသာေၾကာင့္ ထိုးစစ္ကို လုံးဝရပ္ထားၿပီး ေက်း႐ြာမ်ားတြင္ ဆက္ေၾကးေကာက္စားေနေၾကာင္း ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာ သည္။

(၂၀၂၃)ခုႏွစ္ ႏွစ္ကုန္ပိုင္းက ထီးခ်ိဳင့္ၿမိဳ႕ကို KIA၊ ABSDF ႏွင့္ Local PDF မ်ားက ပထမတစ္ႀကိမ္ထိုးစစ္ဆင္ခဲ့ၿပီး ဒုတိယအႀကိမ္အျဖစ္ (၂၀၂၄) ခုႏွစ္ ဩဂုတ္လအတြင္းက ထပ္မံထိုးစစ္ဆင္ခဲ့ေသာ္လည္း ၿမိဳ႕ကိုမသိမ္းႏိုင္ဘဲ အဆိုပါ ပူးေပါင္းအဖြဲ႕မ်ားသာ အက်အဆုံးမ်ားျပားခဲ့ရသည္။ "သူတို႔ေတာ္လွန္ေရးအဖြဲ႕က တစ္ႏွစ္နားၿပီတဲ့။ သူတို႔ အလိမၼာေရွာင္ ေရွာင္တာေပါ့။ ဘယ္လိုမွ တိုက္မရဘူး။ ဒီတစ္ခါတိုက္တာလည္း သူတို႔ ေတာ္ေတာ္က်တယ္။ ထိုးစစ္မဆင္ေတာ့ဘဲနဲ႔ သူတို႔႐ြာထဲမွာပဲေနေတာ့တယ္။ အဲဒီ႐ြာေတြထဲကိုလည္း တခ်ိဳ႕က တပ္ကလည္း ေလယာဥ္နဲ႔ကိုေဆာ္ေနတာဗ်ာ။ ဒါေပမဲ့ ျပင္ပကိုဝါဒျဖန႔္ထားတာက်ေတာ့ သူတို႔ ေလာေလာ ဆယ္မတိုက္ေသးဘူးေပါ့ေလ။ သူတို႔ျပန္တိုက္မွာ ဘာညာေပါ့"ဟု အထက္ပါေဒသခံက ဆိုသည္။

လက္ရွိ ၿမိဳ႕အတြင္းဝင္ေရာက္လိုေသာ ၿမိဳ႕ခံမ်ားကိုမူ PDF မ်ားက အဝင္မခံဘဲ ပိတ္ပင္ထားေၾကာင္းလည္း ၎ကဆိုသည္။ "ၿမိဳ႕ထဲကိုေတာ့ PDF က ဝင္ကိုမဝင္ရဲေတာ့ဘူး။ ႐ြာေတြထဲမွာေတာ့ ထီးခ်ိဳင့္ၿမိဳ႕ကေန ေျပာင္းၿပီး အေရာင္းအဝယ္ေပါ့ဗ်ာ။ ေဈးေရာင္းတာတို႔၊ အဝတ္အထည္ေရာင္းတာတို႔ေပါ့။ အဲဒါေတြကိုလည္း PDF ကို ဆက္ေၾကးသေဘာနဲ႔ ဆိုင္ေသးေသးေလးေတာင္ တစ္သိန္း၊ တစ္သိန္းခြဲေပးရတယ္။ သူတို႔အထဲကပဲ တစ္ႏွစ္နားၿပီေပါ့။ ၿမိဳ႕ကိုတိုက္တာ တစ္ႏွစ္နားၿပီေျပာထားတာ"ဟု ၎က ဆိုသည္။

လက္ရွိအေနအထားအရ ရပ္႐ြာျပည္သူ မ်ားကလည္း PDF မ်ားကို ၾကည္ျဖဴျခင္းမရွိေတာ့ေၾကာင္း ၎ကဆိုသည္။ "မၾကည္ေပမယ့္ သူတို႔ေရွ႕ေတာ့ မေျပာရဲဘူးေပါ့။ ဒီေကာင္ေတြပုံမက်ဘူး ဘာညာေျပာၾကတာေပါ့။ မင္းတို႔မတိုက္ရင္ ဘာမွမျဖစ္ဘူးကြာ။ မင္းတို႔ တိုက္ေတာ့ ၿမိဳ႕လည္းပ်က္တယ္။ လူေတြလည္း ဒုကၡေရာက္တယ္ေပါ့။ စီးပြားေတြလည္းပ်က္ကုန္ၿပီ ေျပာ ၾကတာေပါ့"ဟု ၎ကရွင္းျပသည္။ အဆိုပါေဒသရွိ PDF မ်ားအေန ျဖင့္ စစ္တိုက္ေရးထက္ အခြန္ေကာက္ခံျခင္း၊ ေငြရွာျခင္းျဖင့္သာ ေက်နပ္ေနၿပီး စည္းစိမ္းဥစၥာရွာေဖြရန္အတြက္သာ လုံးပမ္းေနၾကေၾကာင္းလည္း ၎က ေျပာသည္။

Related news

© 2021. All rights reserved.