G20 ထိပ်သီးအစည်းအဝေးကို ရုရှားသမ္မတပူတင် တက်ရောက်ခဲ့မယ်ဆိုရင် ဖမ်းဆီးပေးဖို့ ဘရာဇီးကို ယူကရိန်းတိုက်တွန်း

 1505

Pika (NP News) - အောက်တိုဘာ ၁၅

လာမည့်လမှာ ဘရာဇီးနိုင်မှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို ရုရှားသမ္မတပူတင်တက်ရောက်ခဲ့မယ်ဆိုရင် ဖမ်းဆီးပေးဖို့ ဘရာဇီးအာဏာ ပိုင်တွေကို ယူကရိန်းအစိုးရက တိုက်တွန်းတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ပူတင်ဟာ လာမယ့်လမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်နိုင်တယ်လို့ ထောက်လှမ်းရေးအချက်အလက်တွေရရှိထားကြောင်း ယူကရိန်းထိပ်တန်းအစိုးရရှေ့နေက ပြောကြားခဲ့ပြီး ယခုလိုတောင်းဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့ပြီးနောက် နိုင်ငံတကာရာဇဝတ်တရား ရုံး (ICC)ဟာ ၂၀၂၃ ခုနှစ် မတ်လမှာ ပူတင်ကို ဖမ်းဝရမ်းထုတ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရုရှားအစိုးရဟာ စစ်ရာဇဝတ်မှုကျူးလွန်တာမျိုးမရှိကြောင်းနဲ့ (ICC)ရဲ့ ဖမ်းဝရမ်းဟာ တရားမဝင်ဘူးလို့ ရုရှားအစိုးရဘက်က အကြိမ်ကြိမ်ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ပူတင်ဟာ G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်နိုင်ခြေ ရှိ/မရှိအပေါ် ဆုံးဖြတ်ချက်ချခဲ့သလားဆိုတဲ့ သတင်းထောက်တွေရဲ့မေးခွန်းတွေကို ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ပြန်လည်တုံ့ပြန်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ ဒီမစ်ထရီပက်စကော့ဗ်က "သမ္မတပူတင်က G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မလားဆိုတဲ့ ဆုံး ဖြတ်ချက်တွေကို မချရသေးပါဘူး။ အကယ်၍ ဆုံးဖြတ်ချက်ချခဲ့မယ်ဆိုရင် အားလုံးကို အသိပေးမှာပါ"လို့ ပြောဆိုခဲ့ပါတယ်။

ပြီးတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စည်းလုံးညီညွတ်ပြီး ပူတင်ကိုအရေးယူမှုတွေ လုပ်ဆောင်ဖို့က အရေးကြီးတယ်လို့ ယူကရိန်းအစိုးရရှေ့နေချုပ် အန်ဒရီကိုစတင်က ပြောကြားခဲ့ပါတယ်။ ၎င်းက "ပူတင်က G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်နိုင်တယ်ဆိုတဲ့ ထောက်လှမ်း ရေးသတင်းတွေကြောင့် သူလာရောက်ခဲ့မယ်ဆိုရင် ဖမ်းဆီးပေးဖို့ ဘရာဇီးအာဏာပိုင်တွေမှာ တာဝန်ရှိပါတယ်။ ဘရာဇီးဟာ ပူတင်ကို ဖမ်းဆီးပြီး ဒီမိုကရေစီနဲ့တရားဥပဒေစိုးမိုးရေးရှိတဲ့နိုင်ငံအဖြစ် အဆင့်အတန်းကို ထပ်မံအတည်ပြုနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
G20 ထိပ္သီးအစည္းအေဝးကို ႐ုရွားသမၼတပူတင္ တက္ေရာက္ခဲ့မယ္ဆိုရင္ ဖမ္းဆီးေပးဖို႔ ဘရာဇီးကို ယူကရိန္းတိုက္တြန္း
Pika (NP News) - ေအာက္တိုဘာ ၁၅

လာမည့္လမွာ ဘရာဇီးႏိုင္မွာက်င္းပမယ့္ G20 ထိပ္သီးအစည္းအေဝးကို ႐ုရွားသမၼတပူတင္တက္ေရာက္ခဲ့မယ္ဆိုရင္ ဖမ္းဆီးေပးဖို႔ ဘရာဇီးအာဏာ ပိုင္ေတြကို ယူကရိန္းအစိုးရက တိုက္တြန္းေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။

ပူတင္ဟာ လာမယ့္လမွာက်င္းပမယ့္ G20 ထိပ္သီးအစည္းအေဝးကို တက္ေရာက္ႏိုင္တယ္လို႔ ေထာက္လွမ္းေရးအခ်က္အလက္ေတြရရွိထားေၾကာင္း ယူကရိန္းထိပ္တန္းအစိုးရေရွ႕ေနက ေျပာၾကားခဲ့ၿပီး ယခုလိုေတာင္းဆိုခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ၂၀၂၂ ခုႏွစ္မွာ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈေတြ စတင္လုပ္ေဆာင္ခဲ့ၿပီးေနာက္ ႏိုင္ငံတကာရာဇဝတ္တရား ႐ုံး (ICC)ဟာ ၂၀၂၃ ခုႏွစ္ မတ္လမွာ ပူတင္ကို ဖမ္းဝရမ္းထုတ္ခဲ့တာလည္းျဖစ္ပါတယ္။ ဒါေပမဲ့လည္း ႐ုရွားအစိုးရဟာ စစ္ရာဇဝတ္မႈက်ဴးလြန္တာမ်ိဳးမရွိေၾကာင္းနဲ႔ (ICC)ရဲ႕ ဖမ္းဝရမ္းဟာ တရားမဝင္ဘူးလို႔ ႐ုရွားအစိုးရဘက္က အႀကိမ္ႀကိမ္ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ ပူတင္ဟာ G20 ထိပ္သီးအစည္းအေဝးကို တက္ေရာက္ႏိုင္ေျခ ရွိ/မရွိအေပၚ ဆုံးျဖတ္ခ်က္ခ်ခဲ့သလားဆိုတဲ့ သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔ သိရပါတယ္။ ဒီမစ္ထရီပက္စေကာ့ဗ္က "သမၼတပူတင္က G20 ထိပ္သီးအစည္းအေဝးကို တက္ေရာက္မလားဆိုတဲ့ ဆုံး ျဖတ္ခ်က္ေတြကို မခ်ရေသးပါဘူး။ အကယ္၍ ဆုံးျဖတ္ခ်က္ခ်ခဲ့မယ္ဆိုရင္ အားလုံးကို အသိေပးမွာပါ"လို႔ ေျပာဆိုခဲ့ပါတယ္။

ၿပီးေတာ့ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ စည္းလုံးညီၫြတ္ၿပီး ပူတင္ကိုအေရးယူမႈေတြ လုပ္ေဆာင္ဖို႔က အေရးႀကီးတယ္လို႔ ယူကရိန္းအစိုးရေရွ႕ေနခ်ဳပ္ အန္ဒရီကိုစတင္က ေျပာၾကားခဲ့ပါတယ္။ ၎က "ပူတင္က G20 ထိပ္သီးအစည္းအေဝးကို တက္ေရာက္ႏိုင္တယ္ဆိုတဲ့ ေထာက္လွမ္း ေရးသတင္းေတြေၾကာင့္ သူလာေရာက္ခဲ့မယ္ဆိုရင္ ဖမ္းဆီးေပးဖို႔ ဘရာဇီးအာဏာပိုင္ေတြမွာ တာဝန္ရွိပါတယ္။ ဘရာဇီးဟာ ပူတင္ကို ဖမ္းဆီးၿပီး ဒီမိုကေရစီနဲ႔တရားဥပေဒစိုးမိုးေရးရွိတဲ့ႏိုင္ငံအျဖစ္ အဆင့္အတန္းကို ထပ္မံအတည္ျပဳႏိုင္မယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.