ယူကရိန်းက နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာပါက တတိယကမ္ဘာစစ်စတင်ပြီဟု သတိပေးမှုများရှိလာ

 2655

Pika (NP News) - အောက်တိုဘာ ၁၅

ယူကရိန်းက နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လာမည်ဆိုပါက တတိယကမ္ဘာစစ် ဖြစ်ပွားလာ နိုင်ကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးပီတာ ဆစ်ချ်ဂျာတိုက သတိပေးပြောဆိုလိုက်သည်။ အမေ ရိကန်ဦးဆောင်သော နေတိုးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သော ဆလိုဗက်ကီးယားနိုင်ငံသည် ရုရှားနှင့်တိုက် ရိုက်ပဋိပက္ခများဖြစ်ပွားလာမည်ကို စိုးရိမ်သော ကြောင့် ယူကရိန်း၏နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ကို တားဆီးသွားမည်ဖြစ်ကြောင်း ယခင်က ကတိပြု ပြောဆိုခဲ့ဖူးသည်။ အောက်တိုဘာလ(၁၀) ရက်တွင် ကျင်းပသော စိန့်ပီတာစဘတ် နိုင်ငံတကာ ဓာတ်ငွေ့ ဖိုရမ်တွင် ပီတာဆစ်ချ်ဂျာတိုက ယခုကဲ့သို့သတိပေးပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပီတာဆစ်ချ်ဂျာတိုက "ယူကရိန်းဟာ ရုရှားနဲ့စစ်ပွဲဖြစ်ပွားနေတာပါ။ လက်ရှိအခြေအနေမှာ ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခိုင်း လိုက်ခြင်းဟာ တတိယကမ္ဘာစစ်စပြီလို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ ရုရှားနဲ့နေတိုးအဖွဲ့ကြား တိုက်ရိုက်ပဋိ ပက္ခဖြစ်ပွားလာမှာကို ကျွန်တော်တို့အမြဲတမ်းဆန့် ကျင်သွားမှာပါ" ဟုပြောသည်။ ထို့ပြင် ဆလိုဗက်ကီး ယားဝန်ကြီးချုပ်ရောဘတ်ဖီကိုသည်လည်း အလား တူမှတ်ချက်မျိုးကို ပြီးခဲ့သည့်သီတင်းပတ်တွင် မှတ်ချက်ပြုပြောဆိုခဲ့ဖူးကြောင်းသိရသည်။ ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခိုင်းခြင်းသည် တတိ ယကမ္ဘာစစ်ဖြစ်ပွားလာနိုင်သောကြောင့် ယူကရိန်း၏အဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ကို မည်သည့်အခါမျှ သဘောတူ မည်မဟုတ်ကြောင်း ရောဘတ်ဖီကိုကပြောကြားသည်။

ဆလိုဗက်ကီးယားနှင့်ဟန်ဂေရီနိုင်ငံတို့ သည် ရုရှားကိုအနိုင်ယူနိုင်ရန်အတွက် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများပေးပို့ခြင်းနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများ၏မူဝါဒနှင့် သဘောထား ကွဲလွဲမှုများ ရှိခဲ့ကြကြောင်းသိရသည်။ ရုရှား-ယူက ရိန်းစစ်ပွဲဖြစ်ပွားသည်မှာ အချိန်(၂)နှစ်နီးပါး ကြာမြင့် နေပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ နှစ်ဖက်စ လုံးက အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီ မှုရယူနိုင်ခြင်းမျိုးမရှိသေးကြောင်းသိရသည်။ ထို့ပြင် ယူကရိန်းပဋိပက္ခသည် အမေရိကန်၏ထိန်းချုပ်မှု အောက်မှ တဖြည်းဖြည်းဝေးကွာလာနေကြောင်း ဆာဘီးယားသမ္မတ Aleksandar Vucicက ပြီးခဲ့ သည့်ရက်ပိုင်းတွင် ဝေဖန်ပြောဆိုခဲ့ဖူးသည်။

zawgyi version
ယူကရိန္းက ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာပါက တတိယကမာၻစစ္စတင္ၿပီဟု သတိေပးမႈမ်ားရွိလာ
Pika (NP News) - ေအာက္တိုဘာ ၁၅

ယူကရိန္းက ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္လာမည္ဆိုပါက တတိယကမာၻစစ္ ျဖစ္ပြားလာ ႏိုင္ေၾကာင္း ဟန္ေဂရီႏိုင္ငံျခားေရးဝန္ႀကီးပီတာ ဆစ္ခ်္ဂ်ာတိုက သတိေပးေျပာဆိုလိုက္သည္။ အေမ ရိကန္ဦးေဆာင္ေသာ ေနတိုးအဖြဲ႕၏ အဖြဲ႕ဝင္ႏိုင္ငံျဖစ္ေသာ ဆလိုဗက္ကီးယားႏိုင္ငံသည္ ႐ုရွားႏွင့္တိုက္ ႐ိုက္ပဋိပကၡမ်ားျဖစ္ပြားလာမည္ကို စိုးရိမ္ေသာ ေၾကာင့္ ယူကရိန္း၏ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္ခြင့္ကို တားဆီးသြားမည္ျဖစ္ေၾကာင္း ယခင္က ကတိျပဳ ေျပာဆိုခဲ့ဖူးသည္။ ေအာက္တိုဘာလ(၁၀) ရက္တြင္ က်င္းပေသာ စိန႔္ပီတာစဘတ္ ႏိုင္ငံတကာ ဓာတ္ေငြ႕ ဖိုရမ္တြင္ ပီတာဆစ္ခ်္ဂ်ာတိုက ယခုကဲ့သို႔သတိေပးေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ပီတာဆစ္ခ်္ဂ်ာတိုက "ယူကရိန္းဟာ ႐ုရွားနဲ႔စစ္ပြဲျဖစ္ပြားေနတာပါ။ လက္ရွိအေျခအေနမွာ ယူကရိန္းကို ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ပါဝင္ခိုင္း လိုက္ျခင္းဟာ တတိယကမာၻစစ္စၿပီလို႔ ဆိုလိုတာပဲ ျဖစ္ပါတယ္။ ႐ုရွားနဲ႔ေနတိုးအဖြဲ႕ၾကား တိုက္႐ိုက္ပဋိ ပကၡျဖစ္ပြားလာမွာကို ကြၽန္ေတာ္တို႔အၿမဲတမ္းဆန႔္ က်င္သြားမွာပါ" ဟုေျပာသည္။ ထို႔ျပင္ ဆလိုဗက္ကီး ယားဝန္ႀကီးခ်ဳပ္ေရာဘတ္ဖီကိုသည္လည္း အလား တူမွတ္ခ်က္မ်ိဳးကို ၿပီးခဲ့သည့္သီတင္းပတ္တြင္ မွတ္ခ်က္ျပဳေျပာဆိုခဲ့ဖူးေၾကာင္းသိရသည္။ ယူကရိန္းကို ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္ခိုင္းျခင္းသည္ တတိ ယကမာၻစစ္ျဖစ္ပြားလာႏိုင္ေသာေၾကာင့္ ယူကရိန္း၏အဖြဲ႕ဝင္ႏိုင္ငံျဖစ္ခြင့္ကို မည္သည့္အခါမွ် သေဘာတူ မည္မဟုတ္ေၾကာင္း ေရာဘတ္ဖီကိုကေျပာၾကားသည္။

ဆလိုဗက္ကီးယားႏွင့္ဟန္ေဂရီႏိုင္ငံတို႔ သည္ ႐ုရွားကိုအႏိုင္ယူႏိုင္ရန္အတြက္ ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ားေပးပို႔ျခင္းႏွင့္ပတ္သက္၍ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ဦးေဆာင္ေသာ အေနာက္အုပ္စုႏိုင္ငံမ်ား၏မူဝါဒႏွင့္ သေဘာထား ကြဲလြဲမႈမ်ား ရွိခဲ့ၾကေၾကာင္းသိရသည္။ ႐ုရွား-ယူက ရိန္းစစ္ပြဲျဖစ္ပြားသည္မွာ အခ်ိန္(၂)ႏွစ္နီးပါး ၾကာျမင့္ ေနၿပီျဖစ္ေသာ္လည္း လက္ရွိအခ်ိန္အထိ ႏွစ္ဖက္စ လုံးက အပစ္အခတ္ရပ္စဲေရးအတြက္ သေဘာတူညီ မႈရယူႏိုင္ျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။ ထို႔ျပင္ ယူကရိန္းပဋိပကၡသည္ အေမရိကန္၏ထိန္းခ်ဳပ္မႈ ေအာက္မွ တျဖည္းျဖည္းေဝးကြာလာေနေၾကာင္း ဆာဘီးယားသမၼတ Aleksandar Vucicက ၿပီးခဲ့ သည့္ရက္ပိုင္းတြင္ ေဝဖန္ေျပာဆိုခဲ့ဖူးသည္။

Related news

© 2021. All rights reserved.