တိုက်ခိုက်ခံရပေမယ့် လက်ဘနွန်တောင်ပိုင်းမှာ ကုလသမဂ္ဂငြိမ်းချမ်းရေးအဖွဲ့ဝင်များ ဆက်လက်တပ်စွဲမယ်

 896

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၅

အစ္စရေးနိုင်ငံက လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ကုလသမဂ္ဂငြိမ်းချမ်းရေးအဖွဲ့များကို နေရပ်ရွှေ့ပြောင်းဖို့ တောင်းဆိုခဲ့ပေမယ့် ကုလသမဂ္ဂလုံခြုံရေးအဖွဲ့များကို ၎င်းတို့တပ်စွဲထားတဲ့ နေရာတွေမှာပဲ ဆက်လက်ထားရှိမှာဖြစ်တယ်လို့ ကုလသမဂ္ဂငြိမ်းချမ်းရေးအဖွဲ့ အကြီးအကဲဖြစ်သူ Jean-Pierre Lacroix ကပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာရှိနေတဲ့
ကုလသမဂ္ဂငြိမ်းချမ်းရေးအဖွဲ့များကို အခြားနေရာသို့ ပြောင်းရွှေ့ကြဖို့ တောင်းဆိုခဲ့ပြီးနောက် ကုလသမဂ္ဂငြိမ်းချမ်းရေးအဖွဲ့ အကြီးအကဲဖြစ်သူက တုံ့ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။ အစ္စရေးဝန်ကြီးချုပ်က ကုလသမဂ္ဂငြိမ်းချမ်းရေးအဖွဲ့များကို အစ္စရေးစစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတဲ့စွပ်စွဲမှုတွေဟာ မှန်ကန်မှုမရှိဘူးလို့လည်းထပ်မံပြောဆိုခဲ့ပါတယ်။

အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအဖွဲ့ကြား အ ပြန်အလှန်ပစ်ခတ်မှုတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာရှိနေတဲ့ ကုလသမဂ္ဂလုံခြုံရေးအဖွဲ့ဝင်များဒဏ်ရာရခဲ့ပြီးအနည်းဆုံး (၅)ဦးဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။ကုလသမဂ္ဂငြိမ်းချမ်းရေးအဖွဲ့ အကြီးအကဲဖြစ်သူက လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ တာဝန်ယူမယ့် ကုလသမဂ္ဂငြိမ်းချမ်းရေးအဖွဲ့ဝင်တွေဟာကျည်ကာ ဦးထုပ်တွေလိုအပ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက အပ်နှင်းထားတဲ့လုပ်ငန်းတာဝန်တွေကို ဆက်လက်လုပ်ကိုင်မှာဖြစ်သလိုအရပ်သားတွေကို ကူညီထောက်ပံ့ပေးဖို့ ဆက်လုပ်မယ်လို့ ပြောပါတယ်။ အစ္စရေးစစ်တပ်က ကုလသမဂ္ဂအဖွဲ့ဟာ ဟစ်ဘိုလာအဖွဲ့တွေရဲ့ အဆောက်အဦးတွေအောက်မှ ဥမင်လိုဏ်ခေါင်းတွေ တည်ဆောက်နေခြင်းတွေကို တားဆီးဖို့ပျက်ကွက်နေကြောင်း ဝေဖန်ပြစ်တင်ထားပါတယ်။ ကုလသမဂ္ဂအဖွဲ့ဟာလက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ ကုလသမဂ္ဂလုံခြုံရေးအဖွဲ့ဝင်များ ဆက်လက်ရှိနေခြင်းကို အားပေးထောက်ခံထားကြောင်း ကုလသမဂ္ဂငြိမ်းချမ်းရေးအဖွဲ့ အကြီးအကဲဖြစ်သူ Jean-Pierre Lacroix ကပြောပါတယ်။

zawgyi version
တိုက္ခိုက္ခံရေပမယ့္ လက္ဘႏြန္ေတာင္ပိုင္းမွာ ကုလသမဂၢၿငိမ္းခ်မ္းေရးအဖြဲ႕ဝင္မ်ား ဆက္လက္တပ္စြဲမယ္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၅

အစၥေရးႏိုင္ငံက လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းရွိ ကုလသမဂၢၿငိမ္းခ်မ္းေရးအဖြဲ႕မ်ားကို ေနရပ္ေ႐ႊ႕ေျပာင္းဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ကုလသမဂၢလုံၿခဳံေရးအဖြဲ႕မ်ားကို ၎တို႔တပ္စြဲထားတဲ့ ေနရာေတြမွာပဲ ဆက္လက္ထားရွိမွာျဖစ္တယ္လို႔ ကုလသမဂၢၿငိမ္းခ်မ္းေရးအဖြဲ႕ အႀကီးအကဲျဖစ္သူ Jean-Pierre Lacroix ကေျပာပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းမွာရွိေနတဲ့
ကုလသမဂၢၿငိမ္းခ်မ္းေရးအဖြဲ႕မ်ားကို အျခားေနရာသို႔ ေျပာင္းေ႐ႊ႕ၾကဖို႔ ေတာင္းဆိုခဲ့ၿပီးေနာက္ ကုလသမဂၢၿငိမ္းခ်မ္းေရးအဖြဲ႕ အႀကီးအကဲျဖစ္သူက တုံ႔ျပန္ေျပာဆိုခဲ့တာျဖစ္ပါတယ္။ အစၥေရးဝန္ႀကီးခ်ဳပ္က ကုလသမဂၢၿငိမ္းခ်မ္းေရးအဖြဲ႕မ်ားကို အစၥေရးစစ္တပ္က ပစ္မွတ္ထားတိုက္ခိုက္ေနတယ္ဆိုတဲ့စြပ္စြဲမႈေတြဟာ မွန္ကန္မႈမရွိဘူးလို႔လည္းထပ္မံေျပာဆိုခဲ့ပါတယ္။

အစၥေရးနဲ႔ လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာအဖြဲ႕ၾကား အ ျပန္အလွန္ပစ္ခတ္မႈေတြျဖစ္လာခဲ့ၿပီးေနာက္ပိုင္း လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းမွာရွိေနတဲ့ ကုလသမဂၢလုံၿခဳံေရးအဖြဲ႕ဝင္မ်ားဒဏ္ရာရခဲ့ၿပီးအနည္းဆုံး (၅)ဦးဒဏ္ရာရခဲ့ေၾကာင္းသိရပါတယ္။ကုလသမဂၢၿငိမ္းခ်မ္းေရးအဖြဲ႕ အႀကီးအကဲျဖစ္သူက လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းမွာ တာဝန္ယူမယ့္ ကုလသမဂၢၿငိမ္းခ်မ္းေရးအဖြဲ႕ဝင္ေတြဟာက်ည္ကာ ဦးထုပ္ေတြလိုအပ္ၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီက အပ္ႏွင္းထားတဲ့လုပ္ငန္းတာဝန္ေတြကို ဆက္လက္လုပ္ကိုင္မွာျဖစ္သလိုအရပ္သားေတြကို ကူညီေထာက္ပံ့ေပးဖို႔ ဆက္လုပ္မယ္လို႔ ေျပာပါတယ္။ အစၥေရးစစ္တပ္က ကုလသမဂၢအဖြဲ႕ဟာ ဟစ္ဘိုလာအဖြဲ႕ေတြရဲ႕ အေဆာက္အဦးေတြေအာက္မွ ဥမင္လိုဏ္ေခါင္းေတြ တည္ေဆာက္ေနျခင္းေတြကို တားဆီးဖို႔ပ်က္ကြက္ေနေၾကာင္း ေဝဖန္ျပစ္တင္ထားပါတယ္။ ကုလသမဂၢအဖြဲ႕ဟာလက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းမွာ ကုလသမဂၢလုံၿခဳံေရးအဖြဲ႕ဝင္မ်ား ဆက္လက္ရွိေနျခင္းကို အားေပးေထာက္ခံထားေၾကာင္း ကုလသမဂၢၿငိမ္းခ်မ္းေရးအဖြဲ႕ အႀကီးအကဲျဖစ္သူ Jean-Pierre Lacroix ကေျပာပါတယ္။

Related news

© 2021. All rights reserved.