မင်္ဂလာဒုံမြို့နယ်တွင် ကားပျက်သဖြင့် ဆင်းတွန်းရာမှ ချောက်ထဲသို့ ထိုးကျ၍ ယာဉ်မောင်းဖြစ်သူ သေဆုံး

 2209

နာမူ (NP News) - အောက်တိုဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် လှော်ကားဥယျာဉ်ဝင်ပေါက်နားတွင် ကားပျက်သဖြင့် မိသားစုလိုက် ဆင်းတွန်းရာမှ ချောက်ထဲသို့ ထိုးကျ၍ ယာဉ်မောင်းဖြစ်သူ ကားပိသေဆုံးခဲ့ကြောင်း medical လူငယ်များ လူမှုကူညီရေးအသင်း(ရုံးခွဲ -၃)ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာလ ၁၅ ရက်)၊ မွန်းလွဲ (၁၁)နာရီဝန်းကျင်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ လှော်ကားလမ်း ၊ ဂိတ်(၁) အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကားပျက်လို့ မိသားစု သုံးယောက်ဆင်းတွန်းတာ။ မိသားစုနှစ်ယောက်က နောက်ကတွန်းတာပေါ့၊ သူက စီယာတိုင်နားကနေ အားရပါးရ ကားပေါ်ခုန်တက်လိုက်တဲ့ အချိန်မှာ လက်ကိုင်ကို မကိုင်မိဘဲ စီယာတိုင်ကို ကိုင်မိသွားတော့ ဆွဲချသလိုဖြစ်ပြီး ကားကော၊ လူကော ချောက်ထဲကျပြီး ကားက သူ့ပြန်ပိပြီး သေသွားတာ မောင်းလို့ဖြစ်တာ မဟုတ်ဘူး။ တွန်းရင်းဖြစ်တာ"ဟု ဖြစ်စဉ်တွင် ပါဝင်ကူညီခဲ့သည့် medical လူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်သည် လသာမြို့နယ်မှ ထောက်ကြန့်မြို့နယ်၊ ရွှေညောင်ပင်သို့ ကားသွားပြင်သည့် လူနာတင်ယာဉ် တစ်စီးဖြစ်ကြောင်း သိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ပြီး အမျိုးသမီးမှာ ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါသေဆုံးသူအမျိုးသားကို ပါရမီရှင်လူမှုကူညီရေးအသင်းမှ လူနာတင် ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
မဂၤလာဒုံၿမိဳ႕နယ္တြင္ ကားပ်က္သျဖင့္ ဆင္းတြန္းရာမွ ေခ်ာက္ထဲသို႔ ထိုးက်၍ ယာဥ္ေမာင္းျဖစ္သူ ေသဆုံး

နာမူ (NP News) - ေအာက္တိုဘာ ၁၅

ရန္ကုန္တိုင္းေဒသႀကီး မဂၤလာဒုံၿမိဳ႕နယ္ ေလွာ္ကားဥယ်ာဥ္ဝင္ေပါက္နားတြင္ ကားပ်က္သျဖင့္ မိသားစုလိုက္ ဆင္းတြန္းရာမွ ေခ်ာက္ထဲသို႔ ထိုးက်၍ ယာဥ္ေမာင္းျဖစ္သူ ကားပိေသဆုံးခဲ့ေၾကာင္း medical လူငယ္မ်ား လူမႈကူညီေရးအသင္း(႐ုံးခြဲ -၃)ထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ေအာက္တိုဘာလ ၁၅ ရက္)၊ မြန္းလြဲ (၁၁)နာရီဝန္းက်င္အခ်ိန္က ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ ေလွာ္ကားလမ္း ၊ ဂိတ္(၁) အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ကားပ်က္လို႔ မိသားစု သုံးေယာက္ဆင္းတြန္းတာ။ မိသားစုႏွစ္ေယာက္က ေနာက္ကတြန္းတာေပါ့၊ သူက စီယာတိုင္နားကေန အားရပါးရ ကားေပၚခုန္တက္လိုက္တဲ့ အခ်ိန္မွာ လက္ကိုင္ကို မကိုင္မိဘဲ စီယာတိုင္ကို ကိုင္မိသြားေတာ့ ဆြဲခ်သလိုျဖစ္ၿပီး ကားေကာ၊ လူေကာ ေခ်ာက္ထဲက်ၿပီး ကားက သူ႔ျပန္ပိၿပီး ေသသြားတာ ေမာင္းလို႔ျဖစ္တာ မဟုတ္ဘူး။ တြန္းရင္းျဖစ္တာ"ဟု ျဖစ္စဥ္တြင္ ပါဝင္ကူညီခဲ့သည့္ medical လူငယ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္သည္ လသာၿမိဳ႕နယ္မွ ေထာက္ၾကန႔္ၿမိဳ႕နယ္၊ ေ႐ႊေညာင္ပင္သို႔ ကားသြားျပင္သည့္ လူနာတင္ယာဥ္ တစ္စီးျဖစ္ေၾကာင္း သိရသည္။ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေမာင္းျဖစ္သူမွာ အခင္းျဖစ္ပြားရာေနရာတြင္ ေသဆုံးသြားခဲ့ၿပီး အမ်ိဳးသမီးမွာ ပြန္းပဲ့ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါေသဆုံးသူအမ်ိဳးသားကို ပါရမီရွင္လူမႈကူညီေရးအသင္းမွ လူနာတင္ ယာဥ္ျဖင့္ အင္းစိန္ျပည္သူ႔ေဆး႐ုံသို႔ ကူညီပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.