အမေရိကန် နဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေလုပ်ဆောင်

 566

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၅

ထိုင်ဝမ်ကျွန်းနားမှာ တရုတ်နိုင်ငံက ကြီးမားတဲ့စစ်ရေးလေ့ကျင့်ခန်းတွေလုပ်ဆောင်ခဲ့ပြီးနောက် တစ်ရက်အကြာမှာပဲ အမေရိကန် နဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ဝင် ထောင်ချီဟာ အောက်တိုဘာလ ၁၅ ရက်က ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းနဲ့အနောက်ပိုင်းတို့မှာ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

နှစ်စဉ်ကျင်းပနေတဲ့ Kamandag, or Venom အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းဟာ ထိုင်ဝမ်ကျွန်းကနေ ကီလိုမီတာ(၈၀၀)အကွာမှာရှိနေတဲ့ လုဇွန်ကျွန်းကို ကာကွယ်ဖို့ ရည်ရွယ်ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းဖြစ်ကြောင်းသိရပါတယ်။ တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးပြီးခဲ့တဲ့နှစ်ပိုင်းမှာ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်လာခဲ့ကြောင်းသိရပါတယ်။ ဖိလစ်ပိုင်နဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ စစ်ရေးလေ့ကျင့်ခန်းကို (၁၀)ရက်ကြာပြုလုပ်မှာဖြစ်ပြီး ဒေသအတွင်းလတ်လလောဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ စစ်ရေးလေ့ကျင့်ခန်းက ဆက်နွယ်မှုမရှိကြောင်းဖိလစ်ပိုင် မရိန်းတပ်ဖွဲ့အကြီးအကဲကပြောပါတယ်။ စစ်ရေးလေ့ကျင့်ခန်းအတွင်းကျည်အစစ်နဲ့ ပစ်ခတ်တဲ့ လေ့ကျင့်ခန်းတွေပါဝင်မှာဖြစ်ကြောင်းသိရပါတယ်။

စစ်ရေးလေ့ကျင့်ခန်းဟာ ပိုင်နက်တွေကို ကာကွယ်ဖို့ ရည်ရွယ်ခြင်းဖြစ်ပြီးအထူးသဖြင့် လူဇွန်ကျွန်းကို ကျူးကျော်သူတွေရန်ကနေ ကာကွယ်ဖို့ ဖြစ် ကြောင်းဖိလစ်ပိုင် မရိန်းတပ်ဖွဲ့ကပြောပါတယ်။ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး အဓိကထားဆွေးနွေးခဲ့တဲ့ အရှေ့အာရှထိပ်သီးအစည်းအဝေးကျင်းပခဲ့ပြီးနောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန် နဲ့ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်ခန်းတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

zawgyi version
အေမရိကန္ နဲ႔ ဖိလစ္ပိုင္တပ္ဖြဲ႕ဝင္ေတြ ပူးတြဲစစ္ေရးေလ့က်င့္ခန္းေတြလုပ္ေဆာင္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၅

ထိုင္ဝမ္ကြၽန္းနားမွာ တ႐ုတ္ႏိုင္ငံက ႀကီးမားတဲ့စစ္ေရးေလ့က်င့္ခန္းေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာပဲ အေမရိကန္ နဲ႔ ဖိလစ္ပိုင္တပ္ဖြဲ႕ဝင္ ေထာင္ခ်ီဟာ ေအာက္တိုဘာလ ၁၅ ရက္က ဖိလစ္ပိုင္ႏိုင္ငံေျမာက္ပိုင္းနဲ႔အေနာက္ပိုင္းတို႔မွာ ပူးတြဲစစ္ေရးေလ့က်င့္ခန္းေတြလုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။

ႏွစ္စဥ္က်င္းပေနတဲ့ Kamandag, or Venom အမည္ရွိ စစ္ေရးေလ့က်င့္ခန္းဟာ ထိုင္ဝမ္ကြၽန္းကေန ကီလိုမီတာ(၈၀၀)အကြာမွာရွိေနတဲ့ လုဇြန္ကြၽန္းကို ကာကြယ္ဖို႔ ရည္႐ြယ္ျပဳလုပ္တဲ့ စစ္ေရးေလ့က်င့္ခန္းျဖစ္ေၾကာင္းသိရပါတယ္။ တ႐ုတ္နဲ႔ ဖိလစ္ပိုင္တို႔ဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္း ပိုင္နက္နယ္ေျမအျငင္းပြားမႈမ်ားျဖစ္ပြားခဲ့ၿပီးၿပီးခဲ့တဲ့ႏွစ္ပိုင္းမွာ ထိပ္တိုက္ေတြ႕ဆုံမႈေတြျဖစ္လာခဲ့ေၾကာင္းသိရပါတယ္။ ဖိလစ္ပိုင္နဲ႔ အေမရိကန္တပ္ဖြဲ႕ေတြဟာ စစ္ေရးေလ့က်င့္ခန္းကို (၁၀)ရက္ၾကာျပဳလုပ္မွာျဖစ္ၿပီး ေဒသအတြင္းလတ္လေလာျဖစ္ပြားေနတဲ့ကိစၥေတြနဲ႔ စစ္ေရးေလ့က်င့္ခန္းက ဆက္ႏြယ္မႈမရွိေၾကာင္းဖိလစ္ပိုင္ မရိန္းတပ္ဖြဲ႕အႀကီးအကဲကေျပာပါတယ္။ စစ္ေရးေလ့က်င့္ခန္းအတြင္းက်ည္အစစ္နဲ႔ ပစ္ခတ္တဲ့ ေလ့က်င့္ခန္းေတြပါဝင္မွာျဖစ္ေၾကာင္းသိရပါတယ္။

စစ္ေရးေလ့က်င့္ခန္းဟာ ပိုင္နက္ေတြကို ကာကြယ္ဖို႔ ရည္႐ြယ္ျခင္းျဖစ္ၿပီးအထူးသျဖင့္ လူဇြန္ကြၽန္းကို က်ဴးေက်ာ္သူေတြရန္ကေန ကာကြယ္ဖို႔ ျဖစ္ ေၾကာင္းဖိလစ္ပိုင္ မရိန္းတပ္ဖြဲ႕ကေျပာပါတယ္။ ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး အဓိကထားေဆြးေႏြးခဲ့တဲ့ အေရွ႕အာရွထိပ္သီးအစည္းအေဝးက်င္းပခဲ့ၿပီးေနာက္ပိုင္း ဖိလစ္ပိုင္ႏိုင္ငံဟာ အေမရိကန္ နဲ႔ ပူးေပါင္းၿပီး စစ္ေရးေလ့က်င့္ခန္းေတြလုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.