“ ဝ ” ဒေသသည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် လွတ်မြောက်နေလျက်ရှိပြီး ပြည်ထောင်စုစိတ်ဓာတ်ရှိရန် တိုက်တွန်းမှုများရှိနေ

 1565

မြူနစ် (NP News) - အောက်တိုဘာ ၁၆

အင်အားကြီး UWSP/UWSA ထိန်းချုပ်ရာ “ ဝ ”ဒေသသည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် လွတ်မြောက်နေလျက်ရှိပြီး ပြည်ထောင်စုစိတ်ဓာတ်ရှိရန် တိုက်တွန်းမှုများရှိနေသည်။

ပြီးခဲ့သောရက်ပိုင်းအတွင်း၌ လူမှုကွန်ရက် စာမျက်နှာများတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် မစ္စတာတိန့်ရှီကျွင်းနှင့် “ ဝ ” လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တို့ တွေ့ဆုံပွဲမှ အစည်းအဝေးမှတ်တမ်းများပျံ့နှံ့ခဲ့ဖူးသည်။

မစ္စတာတိန့်ရှီကျွင်း ဦးဆောင်သောအဖွဲ့နှင့် “ဝ”အဖွဲ့ UWSA မှ ဒုတိယဥက္ကဋ္ဌ ကျောက်ကော် အန်း ဦးဆောင်သောအဖွဲ့တို့သည် ပြီးခဲ့သော ဩဂုတ်လ (၂၇) ရက်တွင် တရုတ်နိုင်ငံ၊ ဖူးအာမြို့ရှိ ဟွေ့ ကျွမ်း ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ပျံ့နှံ့လာသည့်အစည်းအဝေးမှတ်တမ်းများတွင် ဖော်ပြထားသည်။ အဆိုပါမှတ်တမ်းများအရ မစ္စတာတိန့်ရှီကျွင်းက (၂၀၂၅) အထွေထွေ ရွေးကောက်ပွဲကို မည်ကဲ့သို့ မြင်သနည်းနှင့် “ ဝ ” ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ဖြစ်မည်လားဆိုသည်ကို ကျောက်ကော် အန်း ကို မေးမြန်းထားကြောင်း တွေ့ရသည်။

UWSA ဒုဥက္ကဋ္ဌ ကျောက်ကော်အန်းက “ကျွန်တော်တို့ ဥက္ကဋ္ဌပေါက်(ပေါက်ယိုချမ်း)ကလည်း ဒီလိုအမြင်ရှိတယ်။ သူတို့လာပြီး လုပ်မှာကိုတော့ လက်မခံနိုင်ဘူး။ နောက်ဆုံးတော့ အပေးအယူ ညှိနှိုင်း လုပ်လို့ရနိုင်တဲ့နည်းလမ်းတစ်ခုရှာတွေ့တယ်။ ကျွန်တော်တို့ လူတွေကို သင်ပေးလို့ရတာပဲ။ ကျွန်တော် တို့ ဒေသတချို့ကို ရွေးချယ်၊ Training ပေး။ သူတို့ တက်လာတဲ့အခါမှာ စာရင်းအင်းကို ကိုယ့်ဘာသာ ကိုယ် လုပ်လို့ရတာပဲ။ အဲဒီတော့ သန်းခေါင်စာရင်းကို ကိုယ့်ဘာသာကိုယ် လုပ်လို့ရတယ်။ မြန်မာဘက် က ကျွန်တော်တို့ကို ပုံစံအလွတ်တွေပေး။ ပြီးရင် ကျွန်တော်တို့က စာရင်းအင်းဒေတာတွေ ပြန်ပေးမယ်။ ကျွန်တော်တို့ကြားမှာ အပြန်အလှန်ယုံကြည်မှု ပြဿ နာကတော့ ရှိနေတာပဲ။ သူတို့ကို ဒီလိုမျိုး ဒီကို လာပြီး လုပ်ချင်ရာလုပ်ခိုင်းလိုက်ရင် ဘာတွေလုပ်သွားမလဲ ဆိုတာ မပြောနိုင်ဘူး။ မိုင်းလားကလည်း သူတို့လာ ပြီးလုပ်မှာကို သဘောမတူဘူး။ နောက်ဆုံးတော့ သူတို့သဘောတူညီမှု ရသွားပါတယ်။ ကျွန်တော်တို့ လူတွေကို လွှတ်ပြီးတော့ Training ယူခိုင်းလိုက်ရင် သန်းခေါင်စာရင်းကို ကိုယ့်ဘာသာ ကိုယ် လုပ်လို့ရတယ် ”ဟု ပြန်လည်ဖြေကြားထားသည်ကို အစည်းအဝေးမှတ်တမ်းတွင် တွေ့ရသည်။

မြန်မာနိုင်ငံအတွင်း၌ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အောက်တိုဘာလ (၁) ရက်မှ စတင် ကာ (၁၅) ရက်နေ့အထိ ကောက်ယူခဲ့ခြင်းဖြစ်ပြီး အချို့သောပြည်နယ်များတွင် သန်းခေါင်စာရင်းကို အပြည့်အဝကောက်ယူနိုင်ခြင်းမရှိကြောင်း သိရသည်။

လက်ရှိတွင် “ ဝ ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ UWSP/UWSA အဖွဲ့သည် အိမ်ကြီးပေါ် တွင် အိမ်ငယ်ဆင့်နေသည့်သဘောတွင်ရှိနေပြီး အခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်)ကို လက်တစ်လုံးကြား လုပ် ဆောင်နေကြောင်း အမျိုး သားဒီမိုကရေစီပါတီမှ ဒုဥက္ကဋ္ဌဦးခိုင်မင်းက NP News ကို ပြောသည်။

“ ဥပဒေအရတော့ “ ဝ ” ဒေသက ပြည်ထောင်စုရဲ့ အစိတ်အပိုင်းပဲလေ။ ဒါပေမဲ့ သူတို့ လုပ် နေတဲ့ ပုံစံတွေက အခုနကလိုပေါ့နော်။ သူတို့ဟာသူတို့ သူတို့လူနဲ့ စာရင်းကောက်မယ်တို့၊ ဘာတို့ က အိမ်ကြီးပေါ်မှာ အိမ်ငယ်ဆင့်နေတဲ့ ပုံစံဖြစ်နေတယ်လေ။ ဒါက မဖြစ်သင့်ဘူး။ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ ကိစ္စပဲ။ ဒါပေမဲ့ အခြေအနေအကြောင်း အမျိုးမျိုးကြောင့် သူတို့ကို ဖိအားပေးဖို့ တစ်မျိုးဖြစ် နေတာလေ။ ပြောရရင် ဒါတွေက ဥပဒေအရ လက်သင့်ခံစရာမရှိတဲ့အကြောင်းတွေပေါ့။ ပြောရရင် သူတို့က ဥပဒေ ဘောင်ထဲမှာ ရှိနေသယောင်ယောင်နဲ့ ခွချက်စကားနေတဲ့ပုံစံမျိုးပဲလို့ မြင်တာပဲလေ။ အခြေခံဥပဒေကို လက်တစ်လုံးခြား လုပ်နေတာပေါ့။ ပြည် ထောင်စု စိတ်ဓာတ်နည်းပါးတာပေါ့ ” ဟု ဦးခိုင်မင်းက ပြောသည်။

လက်ရှိတွင် “ ဝ ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အုပ်ချုပ်နေသည့် UWSA အဖွဲ့အနေဖြင့် အစိုးရက လုပ်ကိုင်နေသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှု ရှိရန်လိုအပ်ကြောင်းလည်း ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြောခွင့်ရ ဦးလှသိန်းက NP News ကို သုံးသပ်ပြောကြားသည်။

ထို့ပြင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် confederate အဆင့် မဟုတ်ကြောင်း ဖက်ဒရယ် ဒီမိုကရက်တစ်ပါတီမှ ဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းကလည်း NP News ကို သုံးသပ်ပြောဆိုထားသည်။

“ ကျွန်တော်တို့က သူ့ကို သုံးသပ်မယ်ဆိုလို့ရှိရင် သူသည် confederate မဟုတ်ဘူးဗျ။ confederate ဆိုတဲ့ဟာ သူသုံးလို့မရသေးဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က confederate ကို ဘယ်သူ့ကိုမှ မပေးသေးဘူးဗျ။ မပေးတဲ့အ ခါကျတော့ သူသည် မြန်မာပြည်ရဲ့အောက်ထဲမှာပဲ ရှိ တယ်။ အခုလိုမျိုးအခြေအနေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ အုပ်ချုပ်နေတာပဲရှိတယ်။ ဥပမာ - ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုလို့ရှိရင် နဂို တုန်းက တပ်မတော်ကအဲဒီမှာ အများကြီးရှိတယ်။ ဒါပေမဲ့ “ ဝ ” ရဲ့ ပတ်ဝန်းကျင်မှာလည်း တပ်တွေအများကြီးရှိပါတယ်။ ဒါပေမဲ့ (၁၀၂၇)ရဲ့ နောက်ပိုင်းမှသာ တိုက်ပွဲတွေ အများကြီးဖြစ်တဲ့အခါမှာ စခန်းတွေ အရွှေ့အပြောင်းတွေ ဖြစ်သွားတဲ့အတွက်ကြောင့် သာ ဖြစ်တာ။ ဒါပေမဲ့ ဒီအစိုးရကလည်း ပြန်ကိုင်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက ဖက်ဒရယ် ပြည်ထောင်စုကြီး ထူထောင်မယ်ဆိုလို့ရှိရင် ဒီလိုမျိုး လုပ် လို့တော့ မရပါဘူးခင်ဗျ။ သူက ရှမ်းပြည်နယ် ထဲမှာလည်း ပါပါတယ်။ “ ဝ ” ဖက်ဒရယ်လို့ ထူထောင်လို့ မရဘူး။ “ ဝ ” ပြည်နယ်လို့ ထူထောင်လို့ မရဘူး။ အဲဒီတစ်ခုတော့ ရှိပါတယ်။ ဒါသည် (၂၀ဝ၈) ဖွဲ့စည်းပုံက ပေးထားတဲ့ ပေးကမ်းချက်ပါပဲ ” ဟု ဦးရန်နိုင်ဝင်းက ဆိုသည်။

“ ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အုပ်ချုပ်နေသည့် UWSA သည် ပြည်ထောင်စုစိတ်ဓာတ် ရှိမည်ဆိုပါက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ရန်လိုအပ်ပြီး ပြည်ထောင်စုက ချမှတ်ထားသည့် ဥပဒေများကိုလည်း လိုက်နာရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်သုံးသပ်ထားသည်။

“ သူတို့ဘက်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းတွေမှာ သူတို့ကပါဝင်ရမှာဗျ။ ပြည် ထောင်စုစိတ်ဓာတ် မွေးမယ်၊ ကျွန်တော်တို့ ပြည် ထောင်စုကြီးဆိုတဲ့ စိတ်ဓာတ်မွေးမယ်ဆိုရင် သူက ပါဝင်ရမှာဗျ။ ဒီပြည်ထောင်စုကြီးက ချမှတ်ထားတဲ့ ဥပဒေတွေ အားလုံးကိုလည်း သူက လိုက်နာရမှာဗျ။ ဒါလိုက်နာရမယ့်မူကို ပြောပြတာ။ ဒါကို ကျော်လုပ် တာတို့၊ ဘာတို့ကတော့ အချိန်အကန့်အသတ် တစ်ခုမှာ ဒီပြဿနာတွေက ရှင်းတဲ့ပုံစံတော့ ပေါ်လာမှာခင်ဗျ။ ဥပဒေကို မလေးစားဘူး၊ ဥပဒေ ကျော်ဖြတ်ပြီး လုပ်မယ်ဆိုတဲ့ဟာတွေကျရင်တော့ တက်လာတဲ့အစိုးရနဲ့ သူတို့နဲ့ ရင်ဆိုင်ရမှာပါခင်ဗျ ”ဟု ဖက်ဒရယ်ဒီမိုက ရက်တစ်ပါတီမှ ဒုဥက္ကဋ္ဌက သုံးသပ်ပြောကြားသည်။

“ဝ” နှင့် မိုင်းလားသည် အစိုးရ၏ ကွပ်ကဲမှုအောက်မှ လွတ်မြောက်နေသည့်အပြင် လက် နက်ကိုင်တပ်များ ရှိနေကြောင်း နစကအစိုးရအဖွဲ့မှ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်နိုင်ငံ၏ မီဒီယာတစ်ခုနှင့် သီးသန့်အင်တာဗျူးတွင် ဖြေကြားထားဖူးသည်။

၎င်းဒေသများတွင် မြန်မာအစိုးရ၏ နိုင်ငံ့ဝန်ထမ်း တစ်ဦးမျှမရှိကြောင်း၊ တရုတ်စကားပြော တတ်သူသာများပြီး မြန်မာစကား ပြောတတ်သူ နည်းပါးကြောင်း၊ တရုတ်ယွမ်ငွေကိုသာ အသုံးပြုပြီး မြန်မာကျပ်ငွေကို အသုံးမပြုကြောင်း သိရှိရသည် ဟု နစကပြောခွင့်ရက ဆိုသည်။

အဆိုပါ “ဝ” နှင့် မိုင်းလားဒေသအတွင်းသို့ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေး အဖွဲ့များဖြစ်သည့် ရဲ၊ လဝက၊ အကောက်ခွန်တို့ကို ပေးဝင်ရန် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံပူးပေါင်းကာ ဖိအားပေး သွားရန် လိုအပ်ကြောင်းလည်း သုံးသပ်မှုများရှိနေသည်။

zawgyi version
“ ဝ ” ေဒသသည္ အစိုးရ၏ ကြပ္ကဲမႈေအာက္တြင္ လြတ္ေျမာက္ေနလ်က္ရွိၿပီး ျပည္ေထာင္စု စိတ္ဓာတ္ရွိရန္ တိုက္တြန္းမႈမ်ားရွိေန
ျမဴနစ္ (NP News) - ေအာက္တိုဘာ ၁၆

အင္အားႀကီး UWSP/UWSA ထိန္းခ်ဳပ္ရာ “ ဝ ”ေဒသသည္ အစိုးရ၏ ကြပ္ကဲမႈေအာက္တြင္ လြတ္ေျမာက္ေနလ်က္ရွိၿပီး ျပည္ေထာင္စုစိတ္ဓာတ္ရွိရန္ တိုက္တြန္းမႈမ်ားရွိေနသည္။

ၿပီးခဲ့ေသာရက္ပိုင္းအတြင္း၌ လူမႈကြန္ရက္ စာမ်က္ႏွာမ်ားတြင္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စား လွယ္ မစၥတာတိန႔္ရွီကြၽင္းႏွင့္ “ ဝ ” လက္နက္ကိုင္ အဖြဲ႕ေခါင္း ေဆာင္တို႔ ေတြ႕ဆုံပြဲမွ အစည္းအေဝးမွတ္တမ္းမ်ားပ်ံ႕ႏွံ႔ခဲ့ဖူးသည္။

မစၥတာတိန႔္ရွီကြၽင္း ဦးေဆာင္ေသာအဖြဲ႕ႏွင့္ “ဝ”အဖြဲ႕ UWSA မွ ဒုတိယဥကၠ႒ ေက်ာက္ေကာ္ အန္း ဦးေဆာင္ေသာအဖြဲ႕တို႔သည္ ၿပီးခဲ့ေသာ ဩဂုတ္လ (၂၇) ရက္တြင္ တ႐ုတ္ႏိုင္ငံ၊ ဖူးအာၿမိဳ႕ရွိ ေဟြ႕ ကြၽမ္း ဟိုတယ္၌ ေတြ႕ဆုံေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း ပ်ံ႕ႏွံ႔လာသည့္အစည္းအေဝးမွတ္တမ္းမ်ားတြင္ ေဖာ္ျပထားသည္။ အဆိုပါမွတ္တမ္းမ်ားအရ မစၥတာတိန႔္ရွီကြၽင္းက (၂၀၂၅) အေထြေထြ ေ႐ြးေကာက္ပြဲကို မည္ကဲ့သို႔ ျမင္သနည္းႏွင့္ “ ဝ ” ျပည္နယ္တြင္ သန္းေခါင္စာရင္းေကာက္ျဖစ္မည္လားဆိုသည္ကို ေက်ာက္ေကာ္ အန္း ကို ေမးျမန္းထားေၾကာင္း ေတြ႕ရသည္။

UWSA ဒုဥကၠ႒ ေက်ာက္ေကာ္အန္းက “ကြၽန္ေတာ္တို႔ ဥကၠ႒ေပါက္(ေပါက္ယိုခ်မ္း)ကလည္း ဒီလိုအျမင္ရွိတယ္။ သူတို႔လာၿပီး လုပ္မွာကိုေတာ့ လက္မခံႏိုင္ဘူး။ ေနာက္ဆုံးေတာ့ အေပးအယူ ညႇိႏႈိင္း လုပ္လို႔ရႏိုင္တဲ့နည္းလမ္းတစ္ခုရွာေတြ႕တယ္။ ကြၽန္ေတာ္တို႔ လူေတြကို သင္ေပးလို႔ရတာပဲ။ ကြၽန္ေတာ္ တို႔ ေဒသတခ်ိဳ႕ကို ေ႐ြးခ်ယ္၊ Training ေပး။ သူတို႔ တက္လာတဲ့အခါမွာ စာရင္းအင္းကို ကိုယ့္ဘာသာ ကိုယ္ လုပ္လို႔ရတာပဲ။ အဲဒီေတာ့ သန္းေခါင္စာရင္းကို ကိုယ့္ဘာသာကိုယ္ လုပ္လို႔ရတယ္။ ျမန္မာဘက္ က ကြၽန္ေတာ္တို႔ကို ပုံစံအလြတ္ေတြေပး။ ၿပီးရင္ ကြၽန္ေတာ္တို႔က စာရင္းအင္းေဒတာေတြ ျပန္ေပးမယ္။ ကြၽန္ေတာ္တို႔ၾကားမွာ အျပန္အလွန္ယုံၾကည္မႈ ျပႆ နာကေတာ့ ရွိေနတာပဲ။ သူတို႔ကို ဒီလိုမ်ိဳး ဒီကို လာၿပီး လုပ္ခ်င္ရာလုပ္ခိုင္းလိုက္ရင္ ဘာေတြလုပ္သြားမလဲ ဆိုတာ မေျပာႏိုင္ဘူး။ မိုင္းလားကလည္း သူတို႔လာ ၿပီးလုပ္မွာကို သေဘာမတူဘူး။ ေနာက္ဆုံးေတာ့ သူတို႔သေဘာတူညီမႈ ရသြားပါတယ္။ ကြၽန္ေတာ္တို႔ လူေတြကို လႊတ္ၿပီးေတာ့ Training ယူခိုင္းလိုက္ရင္ သန္းေခါင္စာရင္းကို ကိုယ့္ဘာသာ ကိုယ္ လုပ္လို႔ရတယ္ ”ဟု ျပန္လည္ေျဖၾကားထားသည္ကို အစည္းအေဝးမွတ္တမ္းတြင္ ေတြ႕ရသည္။

ျမန္မာႏိုင္ငံအတြင္း၌ ျပည္လုံးကြၽတ္ သန္းေခါင္စာရင္းကို ေအာက္တိုဘာလ (၁) ရက္မွ စတင္ ကာ (၁၅) ရက္ေန႔အထိ ေကာက္ယူခဲ့ျခင္းျဖစ္ၿပီး အခ်ိဳ႕ေသာျပည္နယ္မ်ားတြင္ သန္းေခါင္စာရင္းကို အျပည့္အဝေကာက္ယူႏိုင္ျခင္းမရွိေၾကာင္း သိရသည္။

လက္ရွိတြင္ “ ဝ ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသရွိ UWSP/UWSA အဖြဲ႕သည္ အိမ္ႀကီးေပၚ တြင္ အိမ္ငယ္ဆင့္ေနသည့္သေဘာတြင္ရွိေနၿပီး အေျခခံဥပေဒ(၂၀ဝ၈ ခုႏွစ္)ကို လက္တစ္လုံးၾကား လုပ္ ေဆာင္ေနေၾကာင္း အမ်ိဳး သားဒီမိုကေရစီပါတီမွ ဒုဥကၠ႒ဦးခိုင္မင္းက NP News ကို ေျပာသည္။

“ ဥပေဒအရေတာ့ “ ဝ ” ေဒသက ျပည္ေထာင္စုရဲ႕ အစိတ္အပိုင္းပဲေလ။ ဒါေပမဲ့ သူတို႔ လုပ္ ေနတဲ့ ပုံစံေတြက အခုနကလိုေပါ့ေနာ္။ သူတို႔ဟာသူတို႔ သူတို႔လူနဲ႔ စာရင္းေကာက္မယ္တို႔၊ ဘာတို႔ က အိမ္ႀကီးေပၚမွာ အိမ္ငယ္ဆင့္ေနတဲ့ ပုံစံျဖစ္ေနတယ္ေလ။ ဒါက မျဖစ္သင့္ဘူး။ မျဖစ္သင့္၊ မျဖစ္ထိုက္တဲ့ ကိစၥပဲ။ ဒါေပမဲ့ အေျခအေနအေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ သူတို႔ကို ဖိအားေပးဖို႔ တစ္မ်ိဳးျဖစ္ ေနတာေလ။ ေျပာရရင္ ဒါေတြက ဥပေဒအရ လက္သင့္ခံစရာမရွိတဲ့အေၾကာင္းေတြေပါ့။ ေျပာရရင္ သူတို႔က ဥပေဒ ေဘာင္ထဲမွာ ရွိေနသေယာင္ေယာင္နဲ႔ ခြခ်က္စကားေနတဲ့ပုံစံမ်ိဳးပဲလို႔ ျမင္တာပဲေလ။ အေျခခံဥပေဒကို လက္တစ္လုံးျခား လုပ္ေနတာေပါ့။ ျပည္ ေထာင္စု စိတ္ဓာတ္နည္းပါးတာေပါ့ ” ဟု ဦးခိုင္မင္းက ေျပာသည္။

လက္ရွိတြင္ “ ဝ ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသကို အုပ္ခ်ဳပ္ေနသည့္ UWSA အဖြဲ႕အေနျဖင့္ အစိုးရက လုပ္ကိုင္ေနသည့္ လုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္၍ ပူးေပါင္းေဆာင္႐ြက္မႈ ရွိရန္လိုအပ္ေၾကာင္းလည္း ျပည္ေထာင္ စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၏ ေျပာခြင့္ရ ဦးလွသိန္းက NP News ကို သုံးသပ္ေျပာၾကားသည္။

ထို႔ျပင္ “ဝ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသသည္ confederate အဆင့္ မဟုတ္ေၾကာင္း ဖက္ဒရယ္ ဒီမိုကရက္တစ္ပါတီမွ ဒုဥကၠ႒ ဦးရန္ႏိုင္ဝင္းကလည္း NP News ကို သုံးသပ္ေျပာဆိုထားသည္။

“ ကြၽန္ေတာ္တို႔က သူ႔ကို သုံးသပ္မယ္ဆိုလို႔ရွိရင္ သူသည္ confederate မဟုတ္ဘူးဗ်။ confederate ဆိုတဲ့ဟာ သူသုံးလို႔မရေသးဘူးဗ်။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔က confederate ကို ဘယ္သူ႔ကိုမွ မေပးေသးဘူးဗ်။ မေပးတဲ့အ ခါက်ေတာ့ သူသည္ ျမန္မာျပည္ရဲ႕ေအာက္ထဲမွာပဲ ရွိ တယ္။ အခုလိုမ်ိဳးအေျခအေနမွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသေတြမွာ အုပ္ခ်ဳပ္ေနတာပဲရွိတယ္။ ဥပမာ - ပေလာင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဆိုလို႔ရွိရင္ နဂို တုန္းက တပ္မေတာ္ကအဲဒီမွာ အမ်ားႀကီးရွိတယ္။ ဒါေပမဲ့ “ ဝ ” ရဲ႕ ပတ္ဝန္းက်င္မွာလည္း တပ္ေတြအမ်ားႀကီးရွိပါတယ္။ ဒါေပမဲ့ (၁၀၂၇)ရဲ႕ ေနာက္ပိုင္းမွသာ တိုက္ပြဲေတြ အမ်ားႀကီးျဖစ္တဲ့အခါမွာ စခန္းေတြ အေ႐ႊ႕အေျပာင္းေတြ ျဖစ္သြားတဲ့အတြက္ေၾကာင့္ သာ ျဖစ္တာ။ ဒါေပမဲ့ ဒီအစိုးရကလည္း ျပန္ကိုင္လိမ့္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အားလုံးက ဖက္ဒရယ္ ျပည္ေထာင္စုႀကီး ထူေထာင္မယ္ဆိုလို႔ရွိရင္ ဒီလိုမ်ိဳး လုပ္ လို႔ေတာ့ မရပါဘူးခင္ဗ်။ သူက ရွမ္းျပည္နယ္ ထဲမွာလည္း ပါပါတယ္။ “ ဝ ” ဖက္ဒရယ္လို႔ ထူေထာင္လို႔ မရဘူး။ “ ဝ ” ျပည္နယ္လို႔ ထူေထာင္လို႔ မရဘူး။ အဲဒီတစ္ခုေတာ့ ရွိပါတယ္။ ဒါသည္ (၂၀ဝ၈) ဖြဲ႕စည္းပုံက ေပးထားတဲ့ ေပးကမ္းခ်က္ပါပဲ ” ဟု ဦးရန္ႏိုင္ဝင္းက ဆိုသည္။

“ ဝ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသကို အုပ္ခ်ဳပ္ေနသည့္ UWSA သည္ ျပည္ေထာင္စုစိတ္ဓာတ္ ရွိမည္ဆိုပါက ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားတြင္ ပါဝင္ရန္လိုအပ္ၿပီး ျပည္ေထာင္စုက ခ်မွတ္ထားသည့္ ဥပေဒမ်ားကိုလည္း လိုက္နာရန္ လိုအပ္ေၾကာင္း ၎က ဆက္လက္သုံးသပ္ထားသည္။

“ သူတို႔ဘက္က ႏိုင္ငံေတာ္ ဖြံ႕ၿဖိဳးတိုးတက္ ေရးလုပ္ငန္းေတြမွာ သူတို႔ကပါဝင္ရမွာဗ်။ ျပည္ ေထာင္စုစိတ္ဓာတ္ ေမြးမယ္၊ ကြၽန္ေတာ္တို႔ ျပည္ ေထာင္စုႀကီးဆိုတဲ့ စိတ္ဓာတ္ေမြးမယ္ဆိုရင္ သူက ပါဝင္ရမွာဗ်။ ဒီျပည္ေထာင္စုႀကီးက ခ်မွတ္ထားတဲ့ ဥပေဒေတြ အားလုံးကိုလည္း သူက လိုက္နာရမွာဗ်။ ဒါလိုက္နာရမယ့္မူကို ေျပာျပတာ။ ဒါကို ေက်ာ္လုပ္ တာတို႔၊ ဘာတို႔ကေတာ့ အခ်ိန္အကန႔္အသတ္ တစ္ခုမွာ ဒီျပႆနာေတြက ရွင္းတဲ့ပုံစံေတာ့ ေပၚလာမွာခင္ဗ်။ ဥပေဒကို မေလးစားဘူး၊ ဥပေဒ ေက်ာ္ျဖတ္ၿပီး လုပ္မယ္ဆိုတဲ့ဟာေတြက်ရင္ေတာ့ တက္လာတဲ့အစိုးရနဲ႔ သူတို႔နဲ႔ ရင္ဆိုင္ရမွာပါခင္ဗ် ”ဟု ဖက္ဒရယ္ဒီမိုက ရက္တစ္ပါတီမွ ဒုဥကၠ႒က သုံးသပ္ေျပာၾကားသည္။

“ဝ” ႏွင့္ မိုင္းလားသည္ အစိုးရ၏ ကြပ္ကဲမႈေအာက္မွ လြတ္ေျမာက္ေနသည့္အျပင္ လက္ နက္ကိုင္တပ္မ်ား ရွိေနေၾကာင္း နစကအစိုးရအဖြဲ႕မွ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက တ႐ုတ္ႏိုင္ငံ၏ မီဒီယာတစ္ခုႏွင့္ သီးသန႔္အင္တာဗ်ဴးတြင္ ေျဖၾကားထားဖူးသည္။

၎ေဒသမ်ားတြင္ ျမန္မာအစိုးရ၏ ႏိုင္ငံ့ဝန္ထမ္း တစ္ဦးမွ်မရွိေၾကာင္း၊ တ႐ုတ္စကားေျပာ တတ္သူသာမ်ားၿပီး ျမန္မာစကား ေျပာတတ္သူ နည္းပါးေၾကာင္း၊ တ႐ုတ္ယြမ္ေငြကိုသာ အသုံးျပဳၿပီး ျမန္မာက်ပ္ေငြကို အသုံးမျပဳေၾကာင္း သိရွိရသည္ ဟု နစကေျပာခြင့္ရက ဆိုသည္။

အဆိုပါ “ဝ” ႏွင့္ မိုင္းလားေဒသအတြင္းသို႔ ျမန္မာႏိုင္ငံ၏ တရားဥပေဒစိုးမိုးေရး အဖြဲ႕မ်ားျဖစ္သည့္ ရဲ၊ လဝက၊ အေကာက္ခြန္တို႔ကို ေပးဝင္ရန္ တ႐ုတ္ႏွင့္ ျမန္မာ ႏွစ္ႏိုင္ငံပူးေပါင္းကာ ဖိအားေပး သြားရန္ လိုအပ္ေၾကာင္းလည္း သုံးသပ္မႈမ်ားရွိေနသည္။

Related news

© 2021. All rights reserved.