သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းကလေးငယ်တွေအတွက် ဝမ်သန်း(၁၀ဝ) လှူဒါန်းခဲ့တဲ့ ကင်ယိုဂျန်

 246

Pika (NP News) - အောက်တိုဘာ ၁၆

တောင်ကိုရီးယား နာမည်ကျော်ရုပ်ရှင်မင်းသမီး ကင်ယိုဂျန်သည် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းကလေးငယ်များကို ထောက်ပံ့ရန်အတွက် ဝမ်သန်း (၁၀ဝ)လှူဒါန်းခဲ့ကြောင်း သိရသည်။

ကင်ယိုဂျန်သည် တစ်ဦးတည်းနေထိုင်သော သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းကလေးငယ်များ အပါအဝင် အကူအညီလိုအပ်နေသူများကို ကူညီရန်အတွက် ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာလ(၉) ရက်တွင် ထုတ်ပြန်ထားသော သတင်းများအရ သိရသည်။

ကင်ယိုဂျန်၏ အေဂျင်စီအဆိုအရ ၎င်းသည် သက်ကြီးရွယ်အိုထောက်ပံ့ရေးစင်တာနှင့် Green Umbrella Children’s ဖောင်ဒေးရှင်းတို့ကို ပြီးခဲ့သည့်လတွင် ဝမ်သန်း (၅၀)စီ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကင်ယိုဂျန်သည် တစ်ဦးတည်းနေထိုင်သော သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းကလေးငယ်များကို ပိုမိုကောင်းမွန်သောအခြေအနေ များတွင် ကျန်းမာစွာနေထိုင်နိုင်ရန် မျှော်လင့်ချက်ဖြင့် ယခုကဲ့သို့လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း Awesome ENT ၏ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။

၎င်းက ‘‘ဒီလှူဒါန်းမှုဟာ သက်ကြီးရွယ်အိုတွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှု၊ မိသားစု ထောက်ပံ့မှုမရှိတဲ့ မသန်စွမ်းကလေးငယ်တွေအတွက် ပြန်လည်ထူထောင်ရေး၊ ဆေးဝါးစရိတ်နဲ့ စောင့်ရှောက်မှု စရိတ်တို့ကို ပံ့ပိုးပေးသွား မှာဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။

သို့သော်လည်း ယခုကဲ့သို့ လှူဒါန်းမှုသည် ယခုနှစ်အတွင်း ကင်ယိုဂျန်၏ ပထမဆုံးအကြိမ် လှူဒါန်းမှုတစ်ခု မဟုတ်ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ကင်ယိုဂျန်သည် Korea Pediatric Cancer ဖောင်ဒေး ရှင်းကို ဝမ်သန်း(၁၀ဝ) လှူဒါန်းခဲ့ပြီး ကင်ဆာ၊သွေးကင်ဆာနှင့် ရှားပါးရောဂါများခံစားနေရသော ကလေးငယ်များကို နွေးထွေးစွာ ကူညီပံ့ပိုးပေးမှုများလုပ်ဆောင်ခဲ့ ကြောင်းသိရသည်။

ထို့ပြင် (၂၀၂၀)ပြည့်နှစ်တွင် ကင်ယိုဂျန်သည် Green Umbrella Children's ဖောင်ဒေးရှင်းအတွင်းရှိ အလှူရှင်အဖွဲ့ကြီးတစ်ခုဖြစ်သည့် Green Noble Club ၏ အသက်အငယ်ဆုံးအဖွဲ့ဝင် ဖြစ်လာခဲ့ကြောင်းလည်း သိရသည်။

zawgyi version
သက္ႀကီး႐ြယ္အိုေတြနဲ႔ မသန္စြမ္းကေလးငယ္ေတြအတြက္ ဝမ္သန္း(၁၀ဝ) လႉဒါန္းခဲ့တဲ့ ကင္ယိုဂ်န္
Pika (NP News) - ေအာက္တိုဘာ ၁၆

ေတာင္ကိုရီးယား နာမည္ေက်ာ္႐ုပ္ရွင္မင္းသမီး ကင္ယိုဂ်န္သည္ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ မသန္စြမ္းကေလးငယ္မ်ားကို ေထာက္ပံ့ရန္အတြက္ ဝမ္သန္း (၁၀ဝ)လႉဒါန္းခဲ့ေၾကာင္း သိရသည္။

ကင္ယိုဂ်န္သည္ တစ္ဦးတည္းေနထိုင္ေသာ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ မသန္စြမ္းကေလးငယ္မ်ား အပါအဝင္ အကူအညီလိုအပ္ေနသူမ်ားကို ကူညီရန္အတြက္ ယခုကဲ့သို႔ လႉဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း ေအာက္တိုဘာလ(၉) ရက္တြင္ ထုတ္ျပန္ထားေသာ သတင္းမ်ားအရ သိရသည္။

ကင္ယိုဂ်န္၏ ေအဂ်င္စီအဆိုအရ ၎သည္ သက္ႀကီး႐ြယ္အိုေထာက္ပံ့ေရးစင္တာႏွင့္ Green Umbrella Children’s ေဖာင္ေဒးရွင္းတို႔ကို ၿပီးခဲ့သည့္လတြင္ ဝမ္သန္း(၅၀)စီ လႉဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ကင္ယိုဂ်န္ သည္ တစ္ဦးတည္းေနထိုင္ေသာ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ မသန္စြမ္းကေလးငယ္မ်ားကို ပိုမိုေကာင္းမြန္ေသာအေျခအေန မ်ားတြင္ က်န္းမာစြာေနထိုင္ႏိုင္ရန္ ေမွ်ာ္လင့္ခ်က္ျဖင့္ ယခုကဲ့သို႔လႉဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း Awesome ENT ၏ ကိုယ္စားလွယ္တစ္ဦးက ေျပာၾကားခဲ့သည္။

၎က ‘‘ဒီလႉဒါန္းမႈဟာ သက္ႀကီး႐ြယ္အိုေတြအတြက္ စားနပ္ရိကၡာေထာက္ပံ့မႈ၊ မိသားစု ေထာက္ပံ့မႈမရွိတဲ့ မသန္စြမ္းကေလးငယ္ေတြအတြက္ ျပန္လည္ထူေထာင္ေရး၊ ေဆးဝါးစရိတ္နဲ႔ ေစာင့္ေရွာက္မႈ စရိတ္တို႔ကို ပံ့ပိုးေပးသြား မွာျဖစ္ပါတယ္”ဟု ေျပာဆိုခဲ့သည္။

သို႔ေသာ္လည္း ယခုကဲ့သို႔ လႉဒါန္းမႈသည္ ယခုႏွစ္အတြင္း ကင္ယိုဂ်န္၏ ပထမဆုံးအႀကိမ္ လႉဒါန္းမႈတစ္ခု မဟုတ္ေၾကာင္းလည္း သိရသည္။ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလတြင္ ကင္ယိုဂ်န္သည္ Korea Pediatric Cancer ေဖာင္ေဒး ရွင္းကို ဝမ္သန္း(၁၀ဝ)လႉဒါန္းခဲ့ၿပီး ကင္ဆာ၊ေသြးကင္ဆာႏွင့္ ရွားပါးေရာဂါမ်ားခံစားေနရေသာ ကေလးငယ္မ်ားကို ေႏြးေထြးစြာ ကူညီပံ့ပိုးေပးမႈမ်ားလုပ္ေဆာင္ခဲ့ ေၾကာင္းသိရသည္။

ထို႔ျပင္ (၂၀၂၀)ျပည့္ႏွစ္တြင္ ကင္ယိုဂ်န္သည္ Green Umbrella Children's ေဖာင္ေဒးရွင္းအတြင္းရွိ အလႉရွင္အဖြဲ႕ႀကီးတစ္ခုျဖစ္သည့္ Green Noble Club ၏ အသက္အငယ္ဆုံးအဖြဲ႕ဝင္ ျဖစ္လာခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.