စစ်မှုထမ်းကာလအတွင်း ထိပ်တန်းစစ်သားအဖြစ် အသိအမှတ်ပြုခံခဲ့ရတဲ့ BTS အဖွဲ့ဝင် ဂျီမင်း

 212

Pika(NP News) - အောက်တိုဘာ ၁၇

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် စစ်မှုထမ်းတာဝန်ကို စတင်ထမ်းဆောင်ခဲ့သော BTS အဖွဲ့ဝင်ဂျီမင်းသည် စစ်မှုထမ်းကာလအတွင်း ထိပ်တန်းစစ်သားအဖြစ် အသိအမှတ်ပြုခံခဲ့ရကြောင်း သိရသည်။

ဂျီမင်းသည် ၎င်း၏စစ်မှုထမ်းတာဝန်ကို အကောင်း ဆုံးထမ်းဆောင်နိုင်ခဲ့ခြင်းအတွက် အကောင်းဆုံး လေ့ကျင့်ရေးမှူးဆုကိုလည်းရရှိခဲ့ကြောင်း သိရသည်။ ဂျီမင်းက “တစ်ခါတ လေမှာ စစ်မှုထမ်းကာလက အရမ်းကိုကြာတယ်လို့ထင်ရပါတယ်။ ဒါပေမဲ့ ဂျောင်ကွတ်က ကျွန်တော့်ဘေးနားကိုရောက်လာတဲ့အချိန် မှာတော့ အချိန်တွေကုန်ဆုံးတာက မြန်လာခဲ့ပါတယ်။ တခြားအဖွဲ့ဝင်တွေနဲ့လည်း ဖုန်းကနေတစ်ဆင့် အဆက်အသွယ်မပြတ် ရှိနေပါတယ်။ ပြီးတော့ ဂျောင်ကွတ်ကလည်း စစ်တပ်အတွင်းမှာ ပြင်းပြင်း ထန်ထန်ကို အလုပ်ကြိုးစားနေပါတယ်။ ဒီကာလတွေအတွင်း ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် မှီခိုပြီး အချင်းချင်း ခွန်အားတွေဖြစ်အောင် လုပ်ဆောင်ပေးနေပါတယ်”ဟု ပြောသည်။

ဂျီမင်းနှင့်ဂျောင်ကွတ်တို့သည် (၂၀၂၃) ခုနှစ် ဒီဇင်ဘာလတွင် စစ်မှုထမ်းတာဝန်ကို စတင်ထမ်း ဆောင်ခဲ့ကြခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အမှတ်(၅)ခြေလျင်တပ်ရင်းအောက်ရှိ အမြောက်တပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။ ၎င်းတို့ နှစ်ဦးစလုံး ၏ စစ်မှုထမ်းတာဝန်ပြီးဆုံးမည့်ရက်မှာ (၂၀၂၅)ခုနှစ် ဇွန်လ(၁၁)ရက်ဖြစ်ကြောင်းလည်း သိရသည်။ BTS အဖွဲ့ဝင်အားလုံးသည် စစ်မှုထမ်း တာဝန်ပြီးဆုံးကြမည့် (၂၀၂၅) ခုနှစ်တွင် ပြန်လည် ပေါင်းစည်းကာ ဖျော်ဖြေရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားနိုင်ဖွယ်ရှိနေကြောင်းသိရသည်။

ထို့ပြင် ဂျီမင်း၏ပထမဆုံး တစ်ကိုယ်တော် အယ်လ်ဘမ် “ FACE ” မှ သီချင်းတစ်ပုဒ်ဖြစ်သော “ Set Me Free Pt.2 ” သီချင်းသည် အမေရိကန် တွင် အချပ်ရေ (၅) သိန်းကျော်ရောင်းချခဲ့ရပြီး Recording Industry Association of America (RIAA) ထံမှ ရွှေလက် မှတ်ရရှိခဲ့ကြောင်းလည်း သိရသည်။ ဂျီမင်း၏ တစ်ကိုယ် တော်အယ်လ်ဘမ် “FACE ” သည် အာရှတစ်ကိုယ်တော်အနုပညာရှင် တစ်ဦးကဖန်တီးထားပြီး အမေရိကန်တွင် အချပ်ရေ (၅)သိန်းကျော်ရောင်းချရသည့် ပထမဆုံး ကိုရီးယား အယ်လ်ဘမ် ဖြစ်လာခဲ့ပြီးနောက် ပြီးခဲ့သည့် ဇူလိုင်လ(၅)ရက်တွင် RIAA ထံမှ ရွှေလက်မှတ်ကိုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
စစ္မႈထမ္းကာလအတြင္း ထိပ္တန္းစစ္သားအျဖစ္ အသိအမွတ္ျပဳခံခဲ့ရတဲ့ BTS အဖြဲ႕ဝင္ ဂ်ီမင္း
Pika(NP News) - ေအာက္တိုဘာ ၁၇

ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလ(၁၂)ရက္ေန႔တြင္ စစ္မႈထမ္းတာဝန္ကို စတင္ထမ္းေဆာင္ခဲ့ေသာ BTS အဖြဲ႕ဝင္ဂ်ီမင္းသည္ စစ္မႈထမ္းကာလအတြင္း ထိပ္တန္းစစ္သားအျဖစ္ အသိအမွတ္ျပဳခံခဲ့ရေၾကာင္း သိရသည္။

ဂ်ီမင္းသည္ ၎၏စစ္မႈထမ္းတာဝန္ကို အေကာင္း ဆုံးထမ္းေဆာင္ႏိုင္ခဲ့ျခင္းအတြက္ အေကာင္းဆုံး ေလ့က်င့္ေရးမႉးဆုကိုလည္းရရွိခဲ့ေၾကာင္း သိရသည္။ ဂ်ီမင္းက “တစ္ခါတ ေလမွာ စစ္မႈထမ္းကာလက အရမ္းကိုၾကာတယ္လို႔ထင္ရပါတယ္။ ဒါေပမဲ့ ေဂ်ာင္ကြတ္က ကြၽန္ေတာ့္ေဘးနားကိုေရာက္လာတဲ့အခ်ိန္ မွာေတာ့ အခ်ိန္ေတြကုန္ဆုံးတာက ျမန္လာခဲ့ပါတယ္။ တျခားအဖြဲ႕ဝင္ေတြနဲ႔လည္း ဖုန္းကေနတစ္ဆင့္ အဆက္အသြယ္မျပတ္ ရွိေနပါတယ္။ ၿပီးေတာ့ ေဂ်ာင္ကြတ္ကလည္း စစ္တပ္အတြင္းမွာ ျပင္းျပင္း ထန္ထန္ကို အလုပ္ႀကိဳးစားေနပါတယ္။ ဒီကာလေတြအတြင္း ကြၽန္ေတာ္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္ မွီခိုၿပီး အခ်င္းခ်င္း ခြန္အားေတြျဖစ္ေအာင္ လုပ္ေဆာင္ေပးေနပါတယ္”ဟု ေျပာသည္။

ဂ်ီမင္းႏွင့္ေဂ်ာင္ကြတ္တို႔သည္ (၂၀၂၃) ခုႏွစ္ ဒီဇင္ဘာလတြင္ စစ္မႈထမ္းတာဝန္ကို စတင္ထမ္း ေဆာင္ခဲ့ၾကျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ အမွတ္(၅)ေျခလ်င္တပ္ရင္းေအာက္ရွိ အေျမာက္တပ္တြင္ တာဝန္ထမ္းေဆာင္လ်က္ရွိေၾကာင္း သိရသည္။ ၎တို႔ ႏွစ္ဦးစလုံး ၏ စစ္မႈထမ္းတာဝန္ၿပီးဆုံးမည့္ရက္မွာ (၂၀၂၅)ခုႏွစ္ ဇြန္လ(၁၁)ရက္ျဖစ္ေၾကာင္းလည္း သိရသည္။ BTS အဖြဲ႕ဝင္အားလုံးသည္ စစ္မႈထမ္း တာဝန္ၿပီးဆုံးၾကမည့္ (၂၀၂၅) ခုႏွစ္တြင္ ျပန္လည္ ေပါင္းစည္းကာ ေဖ်ာ္ေျဖေရးလုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္သြားႏိုင္ဖြယ္ရွိေနေၾကာင္းသိရသည္။

ထို႔ျပင္ ဂ်ီမင္း၏ပထမဆုံး တစ္ကိုယ္ေတာ္ အယ္လ္ဘမ္ “ FACE ” မွ သီခ်င္းတစ္ပုဒ္ျဖစ္ေသာ “ Set Me Free Pt.2 ” သီခ်င္းသည္ အေမရိကန္ တြင္ အခ်ပ္ေရ (၅) သိန္းေက်ာ္ေရာင္းခ်ခဲ့ရၿပီး Recording Industry Association of America (RIAA) ထံမွ ေ႐ႊလက္ မွတ္ရရွိခဲ့ေၾကာင္းလည္း သိရသည္။ ဂ်ီမင္း၏ တစ္ကိုယ္ ေတာ္အယ္လ္ဘမ္ “FACE ” သည္ အာရွတစ္ကိုယ္ေတာ္အႏုပညာရွင္ တစ္ဦးကဖန္တီးထားၿပီး အေမရိကန္တြင္ အခ်ပ္ေရ (၅)သိန္းေက်ာ္ေရာင္းခ်ရသည့္ ပထမဆုံး ကိုရီးယား အယ္လ္ဘမ္ ျဖစ္လာခဲ့ၿပီးေနာက္ ၿပီးခဲ့သည့္ ဇူလိုင္လ(၅)ရက္တြင္ RIAA ထံမွ ေ႐ႊလက္မွတ္ကိုရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.