EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ

 341

ယွန်း (NP News) - အောက်တိုဘာ ၁၉

EV ခရီးသည်တင်ယာဥ်များနှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းက အကြံပြုမှုများ ရှိလာသည်။

ယခင်က လျှပ်စစ်သုံးယာဥ်များအတွက် တစ်ယူနစ်လျှင် အားသွင်းခနှုန်းထားမှာ (၄၀၀) ကျပ် သာရှိသော်လည်း ပြီးခဲ့သည့် အောက်တိုဘာ(၁၅)ရက်မှစ၍ တိုးမြှင့်သတ်မှတ်လိုက်သည့် အားသွင်းခနှုန်းထားကြောင့် ခရီးသည်တင်ယာဥ်များ နှင့် Taxi များအတွက် အခက် အခဲရှိနိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

ထို့ကြောင့် လုပ်ငန်းသုံးယာဥ်များနှင့် ခရီးသည်တင်ကားများ၊ Taxi များကို ဦးစားပေးအနေဖြင့် အားသွင်းခနှုန်းထားများကို လျှော့ပေါ့ပေးသင့်ကြောင်း ဝါရင့်ကားလုပ်ငန်းရှင်ကြီးတစ်ဦးက အကြံပြုထားသည်။

"အမှန်ကတော့ ဈေးထပ်ချပေးရင် ပိုကောင်းတာပေါ့။ နှစ်မျိုးရှိတာပေါ့။ လုပ်ငန်းသုံးကားတွေ၊ ခရီးသည်တင်ကားတွေ၊ Taxi တွေကိုတော့ နိုင်ငံတော်ကနေပြီးတော့ ဦးစားပေးအနေနဲ့ သက်သာခွင့်ဆိုပြီး လျှော့ပေါ့ပေးရင်တော့ကောင်းတာပေါ့။ လူစီးကားကတော့ သိပ်တော့ကိစ္စမရှိလောက်ဘူးလို့ထင်တယ်။ ဘာလို့လဲဆို ကိုယ့်အိမ်မှာပဲ ကိုယ်သွင်းလို့ရတယ်လေ။ လုပ်ငန်းသုံး ကားတွေကကျတော့ Charging Station တွေမှာပဲ အားသွင်းပြီးတော့ ရပ်တည်နေကြတာ။ အများစုသက်သာအောင်တော့ ပိုလုပ်ပေးရင်တော့ ကောင်းတာပေါ့။ အရင်ဈေးအတိုင်းပဲထားရင်တော့ ပိုကောင်းတယ်။ ခရီးသည်တင်ကားတွေအတွက်ကျတော့ တစ်ယူနစ် ၇၀၀ ဆိုတာက များတယ်လေ။ အခက်အခဲတွေရှိလာနိုင်တာပေါ့။ မီတာခတွေတက်သွားလို့လည်း ဒီလိုတက်သွားတာဖြစ်နိုင်တယ်"ဟု အထက်ပါ ကားလုပ်ငန်းရှင်က ဆိုသည်။

လျှပ်စစ်သုံးယာဥ်များ ပြေးဆွဲ/အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီက ပြီးခဲ့သည့်ရက်ပိုင်းတွင် လျှပ်စစ်သုံးယာဥ်များ၏ အားသွင်းခနှုန်းထားများကို ပြင်ဆင်သတ်မှတ်ခဲ့ပြီး EV ခရီးသည်တင်ယာဥ်များနှင့် အငှားယာဥ်(Taxi)များအတွက် တစ်ယူနစ်အားသွင်းခနှုန်းထားကို (၇၀၀) ကျပ်သတ်မှတ်ခဲ့သည်။ထို့ပြင် ကိုယ်ပိုင်ယာဥ်များအတွက် အားသွင်းခနှုန်းထားကို တစ်ယူနစ်လျှင် (၇၅၀)ကျပ် နှုန်း တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။

လျှပ်စစ်သုံးယာဥ်အားသွင်းခနှုန်းထားများကို တိုးမြင့်လာသည့် လျှပ်စစ်ဓာတ်အားခနှုန်းထားများနှင့်အညီ ပြင်ဆင်တိုးမြှင့်ကောက်ခံနိုင်ရေးအတွက် ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ညှိနှိုင်းချက်များအရ ယင်းဈေးနှုန်းများသို့ ပြောင်း လဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ(၁)ရက်မှစ၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အိမ်သုံးအမျိုးအစား ဓာတ်အားသုံးစွဲသူများအတွက် ဓာတ်အားခနှုန်းထားများကို (၁) ယူနစ်မှ (၅၀) ယူနစ်အထိကို (၅၀) ကျပ်၊ (၅၁) ယူနစ်မှ (၁၀ဝ) ယူနစ်အထိကို (၁၀ဝ)ကျပ်၊ (၁၀၁)ယူနစ်မှ (၂၀ဝ)ယူနစ်အထိကို (၁၅၀)ကျပ်နှင့် (၂၀၁)ယူနစ်နှင့် အထက်ကို (၃၀ဝ)ကျပ်နှုန်း တိုးမြှင့်သတ်မှတ်ခဲ့သည်။ ထို့ပြင် လုပ်ငန်းသုံးအမျိုးအစားများအတွက် (၁)ယူနစ်မှ (၅၀ဝဝ) ယူနစ်အထိကို (၂၅၀)ကျပ်နှင့် (၅၀ဝ၁) ယူနှစ်မှ(၂၀ဝဝဝ) ယူနစ် အထိကို (၄၀ဝ)ကျပ်၊ (၂၀ဝ၀၁) ယူနစ်နှင့် အထက်ကို (၅၀ဝ)ကျပ်နှုန်းဖြင့် တိုးမြှင့်ကောက်ခံခဲ့သည်။

ယခင်က နိုင်ငံတော်အနေဖြင့် မီတာခနှုန်းထားများကို (၁)ယူနစ်လျှင် (၃၅)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ယူနစ်(၁၀ဝ)နှင့်အထက်လျှင် ငွေကျပ်(၁၂၀) နှုန်းဖြင့်လည်းကောင်း သတ်မှတ်ကောက်ခံခဲ့သည်။

ပြည်သူများသုံးစွဲနေသည့် ဓာတ်အားတစ်ယူနစ်လျှင် (၆၀)ကျပ်ခန့်ကို နိုင်ငံတော်က စိုက် ထုတ်ကျခံနေရပြီး ယခင်ဘဏ္ဍာနှစ် (၂၀၂၂-၂၀၂၃)၌ ပြည်သူလူထုကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးရာတွင် ကျပ်ဘီလျံ(၁၀ဝဝ)ခန့်ကျခံခဲ့ရကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။

zawgyi version
EV ခရီးသည္တင္ယာဥ္မ်ား ႏွင့္ တကၠစီမ်ား၏ အားသြင္းခႏႈန္းထားမ်ားကို ဦးစားေပးအေနျဖင့္ ေလွ်ာ့ေပါ့ေပးသင့္ေၾကာင္း အႀကံျပဳမႈမ်ားရွိလာ

ယြန္း (NP News) - ေအာက္တိုဘာ ၁၉

EV ခရီးသည္တင္ယာဥ္မ်ားႏွင့္ တကၠစီမ်ား၏ အားသြင္းခႏႈန္းထားမ်ားကို ဦးစားေပးအေနျဖင့္ ေလွ်ာ့ေပါ့ေပးသင့္ေၾကာင္း ကားလုပ္ငန္းရွင္အသိုင္းအဝိုင္းက အႀကံျပဳမႈမ်ား ရွိလာသည္။

ယခင္က လွ်ပ္စစ္သုံးယာဥ္မ်ားအတြက္ တစ္ယူနစ္လွ်င္ အားသြင္းခႏႈန္းထားမွာ (၄၀၀) က်ပ္ သာရွိေသာ္လည္း ၿပီးခဲ့သည့္ ေအာက္တိုဘာ(၁၅)ရက္မွစ၍ တိုးျမႇင့္သတ္မွတ္လိုက္သည့္ အားသြင္းခႏႈန္းထားေၾကာင့္ ခရီးသည္တင္ယာဥ္မ်ား ႏွင့္ Taxi မ်ားအတြက္ အခက္ အခဲရွိႏိုင္ေၾကာင္း သုံးသပ္မႈမ်ားလည္းရွိေနသည္။

ထို႔ေၾကာင့္ လုပ္ငန္းသုံးယာဥ္မ်ားႏွင့္ ခရီးသည္တင္ကားမ်ား၊ Taxi မ်ားကို ဦးစားေပးအေနျဖင့္ အားသြင္းခႏႈန္းထားမ်ားကို ေလွ်ာ့ေပါ့ေပးသင့္ေၾကာင္း ဝါရင့္ကားလုပ္ငန္းရွင္ႀကီးတစ္ဦးက အႀကံျပဳထားသည္။

"အမွန္ကေတာ့ ေဈးထပ္ခ်ေပးရင္ ပိုေကာင္းတာေပါ့။ ႏွစ္မ်ိဳးရွိတာေပါ့။ လုပ္ငန္းသုံးကားေတြ၊ ခရီးသည္တင္ကားေတြ၊ Taxi ေတြကိုေတာ့ ႏိုင္ငံေတာ္ကေနၿပီးေတာ့ ဦးစားေပးအေနနဲ႔ သက္သာခြင့္ဆိုၿပီး ေလွ်ာ့ေပါ့ေပးရင္ေတာ့ေကာင္းတာေပါ့။ လူစီးကားကေတာ့ သိပ္ေတာ့ကိစၥမရွိေလာက္ဘူးလို႔ထင္တယ္။ ဘာလို႔လဲဆို ကိုယ့္အိမ္မွာပဲ ကိုယ္သြင္းလို႔ရတယ္ေလ။ လုပ္ငန္းသုံး ကားေတြကက်ေတာ့ Charging Station ေတြမွာပဲ အားသြင္းၿပီးေတာ့ ရပ္တည္ေနၾကတာ။ အမ်ားစုသက္သာေအာင္ေတာ့ ပိုလုပ္ေပးရင္ေတာ့ ေကာင္းတာေပါ့။ အရင္ေဈးအတိုင္းပဲထားရင္ေတာ့ ပိုေကာင္းတယ္။ ခရီးသည္တင္ကားေတြအတြက္က်ေတာ့ တစ္ယူနစ္ ၇၀၀ ဆိုတာက မ်ားတယ္ေလ။ အခက္အခဲေတြရွိလာႏိုင္တာေပါ့။ မီတာခေတြတက္သြားလို႔လည္း ဒီလိုတက္သြားတာျဖစ္ႏိုင္တယ္"ဟု အထက္ပါ ကားလုပ္ငန္းရွင္က ဆိုသည္။

လွ်ပ္စစ္သုံးယာဥ္မ်ား ေျပးဆြဲ/အသုံးျပဳေရးႏွင့္ အေျခခံအေဆာက္အအုံမ်ား အေကာင္ အထည္ေဖာ္ေရးလုပ္ငန္းေကာ္မတီက ၿပီးခဲ့သည့္ရက္ပိုင္းတြင္ လွ်ပ္စစ္သုံးယာဥ္မ်ား၏ အားသြင္းခႏႈန္းထားမ်ားကို ျပင္ဆင္သတ္မွတ္ခဲ့ၿပီး EV ခရီးသည္တင္ယာဥ္မ်ားႏွင့္ အငွားယာဥ္(Taxi)မ်ားအတြက္ တစ္ယူနစ္အားသြင္းခႏႈန္းထားကို (၇၀၀) က်ပ္သတ္မွတ္ခဲ့သည္။ထို႔ျပင္ ကိုယ္ပိုင္ယာဥ္မ်ားအတြက္ အားသြင္းခႏႈန္းထားကို တစ္ယူနစ္လွ်င္ (၇၅၀)က်ပ္ ႏႈန္း တိုးျမႇင့္သတ္မွတ္ခဲ့ေၾကာင္း သိရသည္။

လွ်ပ္စစ္သုံးယာဥ္အားသြင္းခႏႈန္းထားမ်ားကို တိုးျမင့္လာသည့္ လွ်ပ္စစ္ဓာတ္အားခႏႈန္းထားမ်ားႏွင့္အညီ ျပင္ဆင္တိုးျမႇင့္ေကာက္ခံႏိုင္ေရးအတြက္ ၿပီးခဲ့သည့္ စက္တင္ဘာ ၁၁ ရက္တြင္ အစည္းအေဝးျပဳလုပ္ခဲ့ၿပီး ညႇိႏႈိင္းခ်က္မ်ားအရ ယင္းေဈးႏႈန္းမ်ားသို႔ ေျပာင္း လဲသတ္မွတ္လိုက္ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ စက္တင္ဘာ(၁)ရက္မွစ၍ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနက အိမ္သုံးအမ်ိဳးအစား ဓာတ္အားသုံးစြဲသူမ်ားအတြက္ ဓာတ္အားခႏႈန္းထားမ်ားကို (၁) ယူနစ္မွ (၅၀) ယူနစ္အထိကို (၅၀) က်ပ္၊ (၅၁) ယူနစ္မွ (၁၀ဝ) ယူနစ္အထိကို (၁၀ဝ)က်ပ္၊ (၁၀၁)ယူနစ္မွ (၂၀ဝ)ယူနစ္အထိကို (၁၅၀)က်ပ္ႏွင့္ (၂၀၁)ယူနစ္ႏွင့္ အထက္ကို (၃၀ဝ)က်ပ္ႏႈန္း တိုးျမႇင့္သတ္မွတ္ခဲ့သည္။ ထို႔ျပင္ လုပ္ငန္းသုံးအမ်ိဳးအစားမ်ားအတြက္ (၁)ယူနစ္မွ (၅၀ဝဝ) ယူနစ္အထိကို (၂၅၀)က်ပ္ႏွင့္ (၅၀ဝ၁) ယူႏွစ္မွ(၂၀ဝဝဝ) ယူနစ္ အထိကို (၄၀ဝ)က်ပ္၊ (၂၀ဝ၀၁) ယူနစ္ႏွင့္ အထက္ကို (၅၀ဝ)က်ပ္ႏႈန္းျဖင့္ တိုးျမႇင့္ေကာက္ခံခဲ့သည္။

ယခင္က ႏိုင္ငံေတာ္အေနျဖင့္ မီတာခႏႈန္းထားမ်ားကို (၁)ယူနစ္လွ်င္ (၃၅)က်ပ္ႏႈန္းျဖင့္ လည္းေကာင္း၊ ယူနစ္(၁၀ဝ)ႏွင့္အထက္လွ်င္ ေငြက်ပ္(၁၂၀) ႏႈန္းျဖင့္လည္းေကာင္း သတ္မွတ္ေကာက္ခံခဲ့သည္။

ျပည္သူမ်ားသုံးစြဲေနသည့္ ဓာတ္အားတစ္ယူနစ္လွ်င္ (၆၀)က်ပ္ခန႔္ကို ႏိုင္ငံေတာ္က စိုက္ ထုတ္က်ခံေနရၿပီး ယခင္ဘ႑ာႏွစ္ (၂၀၂၂-၂၀၂၃)၌ ျပည္သူလူထုကို လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်ေပးရာတြင္ က်ပ္ဘီလ်ံ(၁၀ဝဝ)ခန႔္က်ခံခဲ့ရေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနထံမွ သိရသည္။

Related news

© 2021. All rights reserved.