နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး

 747

Pika (NP News) - အောက်တိုဘာ ၁၉

ရုရှားက ယူကရိန်းကို နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ခွင့်ပေးမှာမဟုတ်ကြောင်း နဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ ယူကရိန်းရဲ့ကြိုးပမ်းမှုမှန်သမျှကို သင့်လျော်တဲ့ လက် တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ယူကရိန်းဟာ နိုင်ငံလုံခြုံရေးအတွက် နျူကလီးယားလက်နက် သို့မဟုတ် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ လိုအပ်တယ်လို့ သမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ပူတင်ရဲ့သတိပေးချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် ယူကရိန်းဟာ နျူကလီးယားလက်နက်ထုတ်လုပ်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီဆိုတဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေကို ဇီလန်စကီးက ငြင်းဆန်ပယ်ချခဲ့ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်မရမှသာ နျူကလီးယားလက်နက်တွေအတွက် ဆွေးနွေးမှုတွေရှိလာမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပူတင်က "ဒါက နောက်ထပ်ရန်စမှုတစ်ခုပဲဖြစ်ပါတယ်။ ဒါဟာ အန္တရာယ်ရှိတဲ့ရန်စမှုတစ်ခုဖြစ်ပြီး ဒီလိုလုပ်ရပ်မျိုးကို သင့်လျော်တဲ့ လက်တုံ့ပြန်မှုတွေလုပ်ဆောင်သွားမှာပါ"လို့ပြော ဆိုခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းရဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ ရုရှားနဲ့စစ်ပွဲမဖြစ်ပွားခင်အချိန်တည်းက နျူကလီးယားလက်နက်ကို ပိုင်ဆိုင်လိုတဲ့ ဆန္ဒတွေကို အမြဲတမ်းဖော်ပြခဲ့တယ်လို့ ပူတင်က မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ ပူတင်က "ဒီနေ့ခေတ်မှာ နျူကလီးယားလက်နက်တွေ ထုတ်လုပ်ဖို့က မခက်ခဲပါဘူး။ ဒါပေမဲ့လည်း ယူကရိန်းက နျူကလီးယားလက်နက်တွေ ထုတ်လုပ်ဖို့ လုပ်ဆောင်နိုင်စွမ်း ရှိ/မရှိဆိုတာတော့ ကျွန်တော်မသိပါဘူး။လက်ရှိအခြေအနေနဲ့ ယူကရိန်းအတွက် နျူကလီးယားလက်နက်တိုက်ရရှိဖို့က ထင်သ လောက်မရိုးရှင်းပါဘူး"လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ဗြိတိန်လိုမျိုး အခြားနိုင်ငံတွေက ယူကရိန်းကို နျူကလီးယားလက်နက်တွေ လျှို့ဝှက်ပြီး ထောက်ပံ့ပေးနိုင်ခြင်းရှိ/မရှိဆိုတဲ့ မေးခွန်းတွေကို ပူတင်က ပြန်လည်တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ ပူတင်က "အဲဒီလိုမျိုး လျှို့ဝှက်ပြီးထောက်ပံ့ပေးဖို့က မဖြစ်နိုင်ပါဘူး။ ဒီလိုလမ်းကြောင်းနဲ့ပတ်သက်ပြီး ဘယ်လိုလှုပ်ရှားမှုမျိုးကိုမဆို ရုရှားကခြေရာခံနိုင်စွမ်းရှိပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
န်ဴကလီးယားလက္နက္ေတြနဲ႔ပတ္သက္ၿပီး ယူကရိန္းကို ႐ုရွားအစိုးရသတိေပး
Pika (NP News) - ေအာက္တိုဘာ ၁၉

႐ုရွားက ယူကရိန္းကို န်ဴကလီးယားလက္နက္ေတြ ပိုင္ဆိုင္ခြင့္ေပးမွာမဟုတ္ေၾကာင္း နဲ႔ န်ဴကလီးယားလက္နက္ပိုင္ဆိုင္ဖို႔ ယူကရိန္းရဲ႕ႀကိဳးပမ္းမႈမွန္သမွ်ကို သင့္ေလ်ာ္တဲ့ လက္ တုံ႔ျပန္မႈေတြ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ယူကရိန္းဟာ ႏိုင္ငံလုံၿခဳံေရးအတြက္ န်ဴကလီးယားလက္နက္ သို႔မဟုတ္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာဖို႔ လိုအပ္တယ္လို႔ သမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ပူတင္ရဲ႕သတိေပးခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ ယူကရိန္းဟာ န်ဴကလီးယားလက္နက္ထုတ္လုပ္ဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီဆိုတဲ့ သတင္းမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္ေတြကို ဇီလန္စကီးက ျငင္းဆန္ပယ္ခ်ခဲ့ၿပီး ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္ခြင့္မရမွသာ န်ဴကလီးယားလက္နက္ေတြအတြက္ ေဆြးေႏြးမႈေတြရွိလာမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ပူတင္က "ဒါက ေနာက္ထပ္ရန္စမႈတစ္ခုပဲျဖစ္ပါတယ္။ ဒါဟာ အႏၲရာယ္ရွိတဲ့ရန္စမႈတစ္ခုျဖစ္ၿပီး ဒီလိုလုပ္ရပ္မ်ိဳးကို သင့္ေလ်ာ္တဲ့ လက္တုံ႔ျပန္မႈေတြလုပ္ေဆာင္သြားမွာပါ"လို႔ေျပာ ဆိုခဲ့ပါတယ္။ ဒါ့ျပင္ ယူကရိန္းရဲ႕ ႏိုင္ငံေရးေခါင္းေဆာင္ေတြဟာ ႐ုရွားနဲ႔စစ္ပြဲမျဖစ္ပြားခင္အခ်ိန္တည္းက န်ဴကလီးယားလက္နက္ကို ပိုင္ဆိုင္လိုတဲ့ ဆႏၵေတြကို အၿမဲတမ္းေဖာ္ျပခဲ့တယ္လို႔ ပူတင္က မွတ္ခ်က္ျပဳေျပာဆိုခဲ့ပါတယ္။ ပူတင္က "ဒီေန႔ေခတ္မွာ န်ဴကလီးယားလက္နက္ေတြ ထုတ္လုပ္ဖို႔က မခက္ခဲပါဘူး။ ဒါေပမဲ့လည္း ယူကရိန္းက န်ဴကလီးယားလက္နက္ေတြ ထုတ္လုပ္ဖို႔ လုပ္ေဆာင္ႏိုင္စြမ္း ရွိ/မရွိဆိုတာေတာ့ ကြၽန္ေတာ္မသိပါဘူး။လက္ရွိအေျခအေနနဲ႔ ယူကရိန္းအတြက္ န်ဴကလီးယားလက္နက္တိုက္ရရွိဖို႔က ထင္သ ေလာက္မ႐ိုးရွင္းပါဘူး"လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ ၿဗိတိန္လိုမ်ိဳး အျခားႏိုင္ငံေတြက ယူကရိန္းကို န်ဴကလီးယားလက္နက္ေတြ လွ်ိဳ႕ဝွက္ၿပီး ေထာက္ပံ့ေပးႏိုင္ျခင္းရွိ/မရွိဆိုတဲ့ ေမးခြန္းေတြကို ပူတင္က ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ပူတင္က "အဲဒီလိုမ်ိဳး လွ်ိဳ႕ဝွက္ၿပီးေထာက္ပံ့ေပးဖို႔က မျဖစ္ႏိုင္ပါဘူး။ ဒီလိုလမ္းေၾကာင္းနဲ႔ပတ္သက္ၿပီး ဘယ္လိုလႈပ္ရွားမႈမ်ိဳးကိုမဆို ႐ုရွားကေျခရာခံႏိုင္စြမ္းရွိပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.