TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ

 1722

NP News - အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို တပ်မတော်က လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့(အောက်တိုဘာ ၁၉ရက်)၊ နံနက် ၅နာရီကျော်ခန့်က နောင်ချို့မြို့၊ တောင်ရပ်ကွက်ရှိ TNLA လက်နက်ကိုင်အဖွဲ့များ ခိုအောင်းရာနေအိမ်သို့ တပ်မတော်မှ လေကြောင်းမှ (၂) ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မနက်အစောပိုင်းက တိုက်တာ။ အခုထိတော့ အသေးစိတ်မသိရသေးဘူး”ဟု နောင်ချိုမြို့ခံ တစ်ဦးက NP News ကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ PSLF/TNLA ဘက်က ကလေး(၂)ဦးအပါအဝင် (၃)ဦးသေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသော်လည်း NP News သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက် နှင့် ၁၈ ရက်တို့တွင်လည်း နောင်ချိုမြို့ကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နောင်ချိုမြို့အထွက်ရှိ စစ်ဆေးရေးဂိတ်၊ ရဲစခန်း၊ စာရင်းစစ်ရံးတို့ ပျက်စီးခဲ့ကြောင်း ကြားသိရသည်။

zawgyi version
TNLA ထိန္းခ်ဳပ္ထားသည့္ ေနာင္ခ်ိဳၿမိဳ႕ ထပ္မံ ဗုံးႀကဲခံရ
NP News - ေအာက္တိုဘာ ၁၉

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ရွိ TNLA ထိန္းခ်ဳပ္ထားသည့္ ေနာင္ခ်ိဳၿမိဳ႕ကို တပ္မေတာ္က ေလေၾကာင္းမွ ထပ္မံဗုံးႀကဲတိုက္ခိုက္ခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ယေန႔(ေအာက္တိုဘာ ၁၉ရက္)၊ နံနက္ ၅နာရီေက်ာ္ခန႔္က ေနာင္ခ်ိဳ႕ၿမိဳ႕၊ ေတာင္ရပ္ကြက္ရွိ TNLA လက္နက္ကိုင္အဖြဲ႕မ်ား ခိုေအာင္းရာေနအိမ္သို႔ တပ္မေတာ္မွ ေလေၾကာင္းမွ (၂) ႀကိမ္ခန႔္ ဗုံးႀကဲတိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“မနက္အေစာပိုင္းက တိုက္တာ။ အခုထိေတာ့ အေသးစိတ္မသိရေသးဘူး”ဟု ေနာင္ခ်ိဳၿမိဳ႕ခံ တစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ တိုက္ခိုက္မႈႏွင့္ပတ္သက္၍ PSLF/TNLA ဘက္က ကေလး(၂)ဦးအပါအဝင္ (၃)ဦးေသဆုံးကာ (၃)ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ထုတ္ျပန္ထားေသာ္လည္း NP News သတင္းဌာနအေနျဖင့္ သီးျခားအတည္ျပဳႏိုင္ျခင္းမရွိေသးေပ။

အလားတူ ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၁၇ ရက္ ႏွင့္ ၁၈ ရက္တို႔တြင္လည္း ေနာင္ခ်ိဳၿမိဳ႕ကို တပ္မေတာ္က ေလေၾကာင္းျဖင့္ ဗုံးႀကဲတိုက္ခိုက္ခဲ့ရာ ေနာင္ခ်ိဳၿမိဳ႕အထြက္ရွိ စစ္ေဆးေရးဂိတ္၊ ရဲစခန္း၊ စာရင္းစစ္ရံးတို႔ ပ်က္စီးခဲ့ေၾကာင္း ၾကားသိရသည္။

Related news

© 2021. All rights reserved.