မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်

 2065

NP News - အောက်တိုဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာလ ၁၈ ရက်) ညနေ ၅နာရီ ၄၅ မိနစ်အချိန်ခန့်က ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ သိပ္ပံလမ်းနှင့် ငုရွှေဝါလမ်းကြားရှိ တရုတ်ကောင်စစ်ဝန်ရုံးအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ်ကောင်စစ်ဝန်ရုံးသို့ PDF အဖွဲ့ဝင်များက ရောက်ရှိလာပြီး ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်၍ ထွက်ပြေးသွားခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက တရုတ်ကောင်စစ်ဝန်ရုံးအနီးရှိ လမ်းများကို ယာယီပိတ်ဆို့စစ်ဆေးကာ ကျူလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် NP News သတင်းဌာနမှ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

zawgyi version
မႏၲေလးရွိ တ႐ုတ္ေကာင္စစ္ဝန္႐ုံးကို PDF အဖြဲ႕က ဗုံးျဖင့္ပစ္ခတ္တိုက္ခိုက္
NP News - ေအာက္တိုဘာ ၁၉

မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ တ႐ုတ္ေကာင္စစ္ဝန္႐ုံးကို PDF အဖြဲ႕က ဗုံးျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေအာက္တိုဘာလ ၁၈ ရက္) ညေန ၅နာရီ ၄၅ မိနစ္အခ်ိန္ခန႔္က ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၇၃ လမ္း၊ သိပၸံလမ္းႏွင့္ ငုေ႐ႊဝါလမ္းၾကားရွိ တ႐ုတ္ေကာင္စစ္ဝန္႐ုံးအတြင္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တ႐ုတ္ေကာင္စစ္ဝန္႐ုံးသို႔ PDF အဖြဲ႕ဝင္မ်ားက ေရာက္ရွိလာၿပီး ဗုံးျဖင့္ပစ္ခတ္တိုက္ခိုက္၍ ထြက္ေျပးသြားခဲ့ရာ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက တ႐ုတ္ေကာင္စစ္ဝန္႐ုံးအနီးရွိ လမ္းမ်ားကို ယာယီပိတ္ဆို႔စစ္ေဆးကာ က်ဴလြန္သူမ်ားအား ဖမ္းဆီးရမိေရး စုံစမ္းစစ္ေဆးမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ အေသးစိတ္သိရွိႏိုင္ရန္ NP News သတင္းဌာနမွ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံသို႔ ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း ျပန္လည္ေျဖၾကားျခင္းမရွိခဲ့ေပ။

Related news

© 2021. All rights reserved.