ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

 897

နာမူ (NP News) - အောက်တိုဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားရောက်သည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာ ၁၈ ရက်)၊ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်၊ ညနေ ၆ နာရီခန့်က ကျောက်ဆည်မြို့ ၊ ပွတ္တိုင်ရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင် နေထိုင်သည့် အသက် (၄၀)နှစ်အရွယ် မချယ်ရီဝင်းသည် ၎င်းကျေး ရွာရှိ ရွှေဘုန်းပွင့်စေတီတော်၌ ဆီမီးပူဇော်ရန် သွားရောက်စဉ် PDF အဖွဲ့က ဆိုင်ကယ် (၂) စီးဖြင့်ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပစ်ခတ်ခံရမှုကြောင့် မချယ်ရီဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လုပ်ကြံသတ်ဖြတ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

zawgyi version
ေက်ာက္ဆည္ၿမိဳ႕နယ္တြင္ ႐ြာဦးေစတီသို႔ ဆီမီးပူေဇာ္ရန္သြားသည့္ အမ်ိဳးသမီးတစ္ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္
နာမူ (NP News) - ေအာက္တိုဘာ ၁၉

မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ၿမိဳ႕နယ္တြင္ ႐ြာဦးေစတီသို႔ ဆီမီးပူေဇာ္ရန္သြားေရာက္သည့္ အမ်ိဳးသမီးတစ္ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေအာက္တိုဘာ ၁၈ ရက္)၊ သီတင္းကြၽတ္လျပည့္ေက်ာ္ (၁)ရက္၊ ညေန ၆ နာရီခန႔္က ေက်ာက္ဆည္ၿမိဳ႕ ၊ ပြတၱိဳင္႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေက်း႐ြာတြင္ ေနထိုင္သည့္ အသက္ (၄၀)ႏွစ္အ႐ြယ္ မခ်ယ္ရီဝင္းသည္ ၎ေက်း ႐ြာရွိ ေ႐ႊဘုန္းပြင့္ေစတီေတာ္၌ ဆီမီးပူေဇာ္ရန္ သြားေရာက္စဥ္ PDF အဖြဲ႕က ဆိုင္ကယ္ (၂) စီးျဖင့္ေရာက္ရွိလာကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။ ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ မခ်ယ္ရီဝင္းတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ လုပ္ႀကံသတ္ျဖတ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ ထိေရာက္စြာ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.