အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမှာ ဟာရီကိန်းမုန်တိုင်းတွေ တိုက်ခိုက်ခံရပြီးနောက် ဘက်တီးရီးယားကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာနေ

 205

ရောင်နီ (NP News) - အောက်တိုဘာ ၂ဝ

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာ ပြင်းထန်တဲ့ ဟာရီကိန်းမုန်တိုင်း ဟယ်လင်နဲ့ မီလ်တန် ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် Vibrio vulnificus ဘက်တီးရီးယား ကူးစက်ဖြစ်ပွားမှုတွေ မြင့်တက်လာတယ်လို့ ပြည်နယ်ကျန်းမာရေးဌာန အချက်အလက်တွေအရ သိရပါတယ်။

မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးခဲ့တဲ့ ဟေးစ်ဘောရက် နဲ့ ပီနယ်လက်စ် စတဲ့ တမ်ပါ ပင်လယ်အော် ဧရိယာစီရင်စုတွေမှာ ကမ်းရိုးတန်းရေစပ်နေရာတွေမှာသာ တွေ့ရလေ့ရှိတဲ့ Vibrio vulnificus ဘက်တီးရီးယားတွေ အများဆုံး တိုးပွားလာတာကို တွေ့လာရပါတယ်။ အရေအတွက် ပမာဏဟာ မိုးသည်းထန်စွာ ရွာသွန်းခြင်း (သို့မဟုတ်) ရေလွှမ်းမိုးခြင်းနဲ့အတူ ပိုမြင့်တက်လာနိုင်တယ်လို့ ယူဆရပြီး လက်ရှိ ပီနယ်လက်စ်မှာ ဘက်တီးရီးယား ကူးစက် အတည်ပြု ရောဂါဖြစ်ပွားမှု ၁၃ ခု၊ ဟေးစ်ဘောရက်မှာ ရောဂါဖြစ်ပွားမှု ၇ ခုထိ ရှိတယ်လို့ သိရပါတယ်။ ညစ်ညမ်းတဲ့ရေကို သောက်သုံးခြင်းနဲ့ သေချာ ချက်ပြုတ်မထားတဲ့ ပင်လယ်စာတွေကို စားသုံးခြင်း ကြောင့် Vibrio vulnificus ဘက်တီးရီးယား ကူးစက်ခံရနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ် အားနည်းသူများ၊ အသည်းရောဂါ (သို့မဟုတ်) ဒဏ်ရာ ရရှိထားသူတွေဟာ Vibrio vulnificus ဘက်တီးရီးယား ကူးစက်နိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာတွေကို နှစ်စဉ်အစီရင်ခံတင်ပြချက်အရ Vibrio vulnificus ရောဂါဖြစ်ပွားမှု ၁၅၀ မှ ၂၀၀ ကြားမှာ လူနာ ငါးဦးကို တစ်ဦးနှုန်းဟာ ဖျားနာပြီးတစ်ရက် (သို့မဟုတ်) နှစ်ရက်အတွင်း ရောဂါကူးစက်ခံရပြီး သေဆုံးကြတယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ ဖေလာ္ရီဒါမွာ ဟာရီကိန္းမုန္တိုင္းေတြ တိုက္ခိုက္ခံရၿပီးေနာက္ ဘက္တီးရီးယားကူးစက္ျဖစ္ပြားမႈမ်ား ျမင့္တက္လာေန
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂ဝ

အေမရိကန္ႏိုင္ငံ၊ ဖေလာ္ရီဒါျပည္နယ္မွာ ျပင္းထန္တဲ့ ဟာရီကိန္းမုန္တိုင္း ဟယ္လင္နဲ႔ မီလ္တန္ ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီးေနာက္ Vibrio vulnificus ဘက္တီးရီးယား ကူးစက္ျဖစ္ပြားမႈေတြ ျမင့္တက္လာတယ္လို႔ ျပည္နယ္က်န္းမာေရးဌာန အခ်က္အလက္ေတြအရ သိရပါတယ္။

မုန္တိုင္းေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေရလႊမ္းမိုးခဲ့တဲ့ ေဟးစ္ေဘာရက္ နဲ႔ ပီနယ္လက္စ္ စတဲ့ တမ္ပါ ပင္လယ္ေအာ္ ဧရိယာစီရင္စုေတြမွာ ကမ္း႐ိုးတန္းေရစပ္ေနရာေတြမွာသာ ေတြ႕ရေလ့ရွိတဲ့ Vibrio vulnificus ဘက္တီးရီးယားေတြ အမ်ားဆုံး တိုးပြားလာတာကို ေတြ႕လာရပါတယ္။ အေရအတြက္ ပမာဏဟာ မိုးသည္းထန္စြာ ႐ြာသြန္းျခင္း (သို႔မဟုတ္) ေရလႊမ္းမိုးျခင္းနဲ႔အတူ ပိုျမင့္တက္လာႏိုင္တယ္လို႔ ယူဆရၿပီး လက္ရွိ ပီနယ္လက္စ္မွာ ဘက္တီးရီးယား ကူးစက္ အတည္ျပဳ ေရာဂါျဖစ္ပြားမႈ ၁၃ ခု၊ ေဟးစ္ေဘာရက္မွာ ေရာဂါျဖစ္ပြားမႈ ၇ ခုထိ ရွိတယ္လို႔ သိရပါတယ္။ ညစ္ညမ္းတဲ့ေရကို ေသာက္သုံးျခင္းနဲ႔ ေသခ်ာ ခ်က္ျပဳတ္မထားတဲ့ ပင္လယ္စာေတြကို စားသုံးျခင္း ေၾကာင့္ Vibrio vulnificus ဘက္တီးရီးယား ကူးစက္ခံရႏိုင္ပါတယ္။ ဒါ့အျပင္ ကိုယ္ခံအားစနစ္ အားနည္းသူမ်ား၊ အသည္းေရာဂါ (သို႔မဟုတ္) ဒဏ္ရာ ရရွိထားသူေတြဟာ Vibrio vulnificus ဘက္တီးရီးယား ကူးစက္ႏိုင္ေျခ ပိုမ်ားတယ္လို႔ သိရပါတယ္။

အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးစင္တာေတြကို ႏွစ္စဥ္အစီရင္ခံတင္ျပခ်က္အရ Vibrio vulnificus ေရာဂါျဖစ္ပြားမႈ ၁၅၀ မွ ၂၀၀ ၾကားမွာ လူနာ ငါးဦးကို တစ္ဦးႏႈန္းဟာ ဖ်ားနာၿပီးတစ္ရက္ (သို႔မဟုတ္) ႏွစ္ရက္အတြင္း ေရာဂါကူးစက္ခံရၿပီး ေသဆုံးၾကတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.