နေပြည်တော် အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်

 803

စော (NP News) - အောက်တိုဘာ ၂၀

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ် ပြန်ထားသည်။
မိုးဇလ ၏ ယနေ့ (အောက်တိုဘာ ၂ဝ ရက်)၊ နံနက် (၅)နာရီ (၃ဝ) မိနစ်အချိန်တွင် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် ဆက်လက်တည်ရှိနေကြောင်း သိရသည်။

အဆိုပါလေဖိအားနည်းဆဲလ်သည်အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်လာနိုင်ကာ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်‌မြောက်ပိုင်းတို့တွင် မနက်ဖြန် (အောက်တိုဘာ ၂၁ ရက်) တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ရောက်ရှိနိုင်ပြီး လာမည့် (အောက်တို ဘာ ၂၃ ရက်) တွင် မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကြောင်း မိုးဇလက ခန့်မှန်းအသိပေးထုတ်ပြန်ထားသည်။
၎င်းလေဖိအားနည်းဆဲလ်နှင့် ဖြစ်ပေါ်လာနိုင်သော လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန်ကြောင့် အောက်တိုဘာ ၂ဝ ရက် မှ ၂၄ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။

ထို့ပြင် အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း များဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက အသိပေးထုတ်ပြန်ထားသည်။
ထို့ကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးဇလမှ အသိပေးထားသည်။

Zawgyi Version;
ေနျပည္ေတာ္ အပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တြင္ ေလဖိအားနည္းရပ္ဝန္းအရွိန္ေၾကာင့္ မိုးႀကီးျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္းမ်ား ျဖစ္ေပၚႏိုင္
ေစာ (NP News) - ေအာက္တိုဘာ ၂၀

ေနျပည္ေတာ္အပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တြင္ ေလဖိအားနည္းရပ္ဝန္းအရွိန္ေၾကာင့္ မိုးႀကီးျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္းမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက အသိေပးထုတ္ ျပန္ထားသည္။
မိုးဇလ ၏ ယေန႔ (ေအာက္တိုဘာ ၂ဝ ရက္)၊ နံနက္ (၅)နာရီ (၃ဝ) မိနစ္အခ်ိန္တြင္ တိုင္းထြာခ်က္မ်ားအရ ကပၸလီ ပင္လယ္ျပင္ ေျမာက္ပိုင္းတြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းဆဲလ္သည္ ဆက္လက္တည္ရွိေနေၾကာင္း သိရသည္။

အဆိုပါေလဖိအားနည္းဆဲလ္သည္အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားႏိုင္ၿပီး ပိုမိုအားေကာင္လာႏိုင္ကာ ဘဂၤလား ပင္လယ္ေအာ္အေရွ႕အလယ္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ကပၸလီပင္လယ္ျပင္‌ေျမာက္ပိုင္းတို႔တြင္ မနက္ျဖန္ (ေအာက္တိုဘာ ၂၁ ရက္) တြင္ ေလဖိအားနည္းရပ္ဝန္းအျဖစ္သို႔ေရာက္ရွိႏိုင္ၿပီး လာမည့္ (ေအာက္တို ဘာ ၂၃ ရက္) တြင္ မုန္တိုင္းငယ္အျဖစ္သို႔ေရာက္ရွိႏိုင္ေၾကာင္း မိုးဇလက ခန႔္မွန္းအသိေပးထုတ္ျပန္ထားသည္။
၎ေလဖိအားနည္းဆဲလ္ႏွင့္ ျဖစ္ေပၚလာႏိုင္ေသာ ေလဖိအားနည္းရပ္ဝန္းတို႔၏ အရွိန္ေၾကာင့္ ေအာက္တိုဘာ ၂ဝ ရက္ မွ ၂၄ ရက္အတြင္း ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္း၊ မေကြးတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံအျပား မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ အခ်ိဳ႕ေဒသမ်ားတြင္ ေဒသအလိုက္ မိုးႀကီးျခင္း၊ ေနရာကြက္၍ မိုးႀကီးျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း မ်ားျဖစ္ေပၚႏိုင္ေၾကာင္း မိုးဇလက အသိေပးထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ကုန္းျမင့္ေဒသအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေျမၿပိဳမႈအႏၲရာယ္၊ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ား အနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေရႀကီး၊ ေရလွ်ံမႈမ်ားကို ႀကိဳတင္သတိျပဳေရွာင္ရွားႏိုင္ရန္ႏွင့္ ျပည္တြင္းေရေၾကာင္းသြားလာေရးႏွင့္ ေလေၾကာင္းပ်ံသန္းေရးအေနျဖင့္လည္း ႀကိဳတင္သတိျပဳႏိုင္ရန္ မိုးဇလမွ အသိေပးထားသည္။

Related news

© 2021. All rights reserved.