ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က ၎င်းကိုလုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော

 563

Pika (NP News) - အောက်တိုဘာ ၂ဝ

အီရန်ကျောထောက်နောက်ခံပြု လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဟာ ၎င်းကို လုပ်ကြံ သတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အောက်တိုဘာလ(၁၉)ရက်မှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

၎င်းရဲ့နေအိမ်ဟာ လက်ဘနွန်နိုင်ငံက လွှတ်တင်လိုက်တဲ့ ဒရုန်းတစ်စင်းရဲ့ပစ်မှတ်ထားတိုက်ခိုက်မှုကို ခံခဲ့ရပြီး နောက် နေတန်ရာဟုက ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလ(၁၉)ရက် နံနက်ပိုင်းမှာ ဖောက်ခွဲရေးပစ္စည်းတွေတပ်ဆင်ထားတဲ့ ဒရုန်း(၃)စင်းဟာ အစ္စရေးနိုင်ငံမြောက်ပိုင်း Caesarea မြို့ဆီ ဦးတည် ပျံသန်းလာခဲ့တာကို ခြေရာခံတွေ့ရှိခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒရုန်း(၂)စင်းကို အစ္စရေးတပ်ဖွဲ့တွေက ကြားဖြတ်ဟန့်တားကာ ပစ်ချနိုင်ခဲ့ပေမယ့်လည်း တတိယမြောက် တစ်စင်းကတော့ နေတန်ရာဟုရဲ့နေအိမ်အနီးမှာ ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒရုန်းနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံရမှုဖြစ်ပွားတဲ့အချိန်မှာ နေတန်ရာဟုနဲ့ ၎င်းရဲ့ဇနီးဖြစ်သူတို့ဟာ နေအိမ်မှာရှိ မနေခဲ့ဘူးလို့ လည်း သိရပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ ၎င်းတို့နဲ့မသက်ဆိုင်ကြောင်း ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့ပြီး အစ္စရေးနိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းတို့အပေါ် တိုက်ခိုက်မှုအသစ်တွေကို အောက်တိုဘာလ (၁၉)ရက်မှာ ထုတ်ပြန်ကြေညာခဲ့တယ်လို့ Al Jazeera သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် နေတန်ရာဟုဟာ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့နဲ့ အီရန်တို့အတွက် ပြင်းထန်တဲ့သတိပေးချက်တစ်ခုကို ထုတ်ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။ နေတန်ရာဟုက "ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ဇနီးကို လုပ်ကြံသတ်ဖြတ်ဖို့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ကြိုးပမ်းမှုဟာ ကြီးမားတဲ့အမှားတစ်ခုပါ။ ဒီလို ကြိုးပမ်းမှုက ကျွန်တော်တို့ရဲ့အနာဂါတ်တွေ လုံခြုံဖို့အတွက် ရန်သူတွေကို တိုက်ခိုက်နေတဲ့ အစ္စရေးစစ်တပ်နဲ့ ကျွန်တော့်ကို တားဆီးနိုင်မှာမဟုတ်ပါဘူး။အစ္စရေးနိုင်ငံသားတွေကို ထိခိုက်အောင်လုပ်ဖို့ ကြိုးပမ်းတဲ့သူမှန်သမျှ ပြင်းထန်တဲ့လက်တုံ့ပြန်မှုတွေကို ခံရမယ်ဆိုတာ အီရန်နဲ့ ၎င်းရဲ့မဟာမိတ်လက်နက်ကိုင်အဖွဲ့တွေကို ကျွန်တော် သတိပေးချင်ပါတယ်" လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က ၎ကိုလုပ္ႀကံသတ္ျဖတ္ဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - ေအာက္တိုဘာ ၂ဝ

အီရန္ေက်ာေထာက္ေနာက္ခံျပဳ လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ဟာ ၎ကို လုပ္ႀကံ သတ္ျဖတ္ဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ေအာက္တိုဘာလ(၁၉)ရက္မွာ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

၎ရဲ႕ေနအိမ္ဟာ လက္ဘႏြန္ႏိုင္ငံက လႊတ္တင္လိုက္တဲ့ ဒ႐ုန္းတစ္စင္းရဲ႕ပစ္မွတ္ထားတိုက္ခိုက္မႈကို ခံခဲ့ရၿပီး ေနာက္ ေနတန္ရာဟုက ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ေအာက္တိုဘာလ(၁၉)ရက္ နံနက္ပိုင္းမွာ ေဖာက္ခြဲေရးပစၥည္းေတြတပ္ဆင္ထားတဲ့ ဒ႐ုန္း(၃)စင္းဟာ အစၥေရးႏိုင္ငံေျမာက္ပိုင္း Caesarea ၿမိဳ႕ဆီ ဦးတည္ ပ်ံသန္းလာခဲ့တာကို ေျခရာခံေတြ႕ရွိခဲ့ရတယ္လို႔လည္း သိရပါတယ္။

ဒ႐ုန္း(၂)စင္းကို အစၥေရးတပ္ဖြဲ႕ေတြက ၾကားျဖတ္ဟန႔္တားကာ ပစ္ခ်ႏိုင္ခဲ့ေပမယ့္လည္း တတိယေျမာက္ တစ္စင္းကေတာ့ ေနတန္ရာဟုရဲ႕ေနအိမ္အနီးမွာ ေပါက္ကြဲခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း ဒ႐ုန္းနဲ႔ ပစ္မွတ္ထားတိုက္ခိုက္ခံရမႈျဖစ္ပြားတဲ့အခ်ိန္မွာ ေနတန္ရာဟုနဲ႔ ၎ရဲ႕ဇနီးျဖစ္သူတို႔ဟာ ေနအိမ္မွာရွိ မေနခဲ့ဘူးလို႔ လည္း သိရပါတယ္။ အဲဒီတိုက္ခိုက္မႈဟာ ၎တို႔နဲ႔မသက္ဆိုင္ေၾကာင္း ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က ေျပာၾကားခဲ့ၿပီး အစၥေရးႏိုင္ငံေျမာက္ပိုင္းနဲ႔ အလယ္ပိုင္းတို႔အေပၚ တိုက္ခိုက္မႈအသစ္ေတြကို ေအာက္တိုဘာလ (၁၉)ရက္မွာ ထုတ္ျပန္ေၾကညာခဲ့တယ္လို႔ Al Jazeera သတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါ့ျပင္ ေနတန္ရာဟုဟာ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕နဲ႔ အီရန္တို႔အတြက္ ျပင္းထန္တဲ့သတိေပးခ်က္တစ္ခုကို ထုတ္ျပန္ခဲ့တယ္လို႔လည္း သိရပါတယ္။ ေနတန္ရာဟုက "ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္ရဲ႕ဇနီးကို လုပ္ႀကံသတ္ျဖတ္ဖို႔ အီရန္ေက်ာေထာက္ေနာက္ခံျပဳ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ႀကိဳးပမ္းမႈဟာ ႀကီးမားတဲ့အမွားတစ္ခုပါ။ ဒီလို ႀကိဳးပမ္းမႈက ကြၽန္ေတာ္တို႔ရဲ႕အနာဂါတ္ေတြ လုံၿခဳံဖို႔အတြက္ ရန္သူေတြကို တိုက္ခိုက္ေနတဲ့ အစၥေရးစစ္တပ္နဲ႔ ကြၽန္ေတာ့္ကို တားဆီးႏိုင္မွာမဟုတ္ပါဘူး။အစၥေရးႏိုင္ငံသားေတြကို ထိခိုက္ေအာင္လုပ္ဖို႔ ႀကိဳးပမ္းတဲ့သူမွန္သမွ် ျပင္းထန္တဲ့လက္တုံ႔ျပန္မႈေတြကို ခံရမယ္ဆိုတာ အီရန္နဲ႔ ၎ရဲ႕မဟာမိတ္လက္နက္ကိုင္အဖြဲ႕ေတြကို ကြၽန္ေတာ္ သတိေပးခ်င္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.