ဟားမက်ခေါင်းဆောင် သေဆုံးသွားလည်း ထိုးစစ်ရပ်မည်မဟုတ်ဟု အစ္စရေးပြော

 493

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂ဝ

ပါလက်စတိုင်းပါလက်စတိုင်း အခြေစိုက် ဟားမက်အဖွဲ့ အဓိက ခေါင်းဆောင်သေဆုံးခဲ့သော်လည်း ဂါဇာဒေသတွင် ပြုလုပ်နေသော စစ်ဆင်ရေး အဆုံးသတ်မည်မဟုတ်သေးကြောင်း အစ္စရေးစစ်ဘက်တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

အစ္စရေးစစ်တပ်၏ တာဝန်ရှိသူတစ်ဦးဖြစ်သော ဗိုလ်ချုပ် ဟာဂါရီက ဟားမက်အဖွဲ့လက်ထဲရောက်ရှိနေသူအားလုံး အိမ်ပြန်မရောက်မချင်း ဂါဇာဒေသတွင် ပြုလုပ်နေသော စစ်ပွဲအဆုံးသတ်မည်မဟုတ်ကြောင်း ပြောသည်။ ၄င်းက "ဟားမက်ခေါင်းဆောင် သေဆုံးပေမယ့် စစ်ဆင်ရေးက အဆုံးသတ်မှာ မဟုတ်ဘူး" ဟု ပြောသည်။

အစ္စရေးစစ်တပ်အနေဖြင့် ပြည်သူများ ခြိမ်းခြောက်မှုများမှ ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။ အစ္စရေးသည် ဖမ်းဆီးထားသူအာလုံး ပြန်လွတ်ပေးစေလိုလျှင် ဂါဇာဒေသမှ အစ္စရေးစစ်သားများ ပြန်ရုတ်သိမ်းရန် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးရန် တိုက်ခိုက်မှုများ ရပ်တန်ရန် တောင်းဆိုထားသည်။ အစ္စရေးသည် လက်ရှိအချိန်တွင် ဟားမက်ကို တိုက်ခိုက်ရန် ဂါဇာဒေသကို ထိုးစစ်ဆင်နေသည့်အပြင် ဟစ်ဘိုလာအဖွဲ့ကို တိုက်ခိုက်ရန် လက်ဘနွန်ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ အစ္စရေးစစ်တပ်အနေဖြင့် ဂါဇာဒေသ ခန်ယူနစ်မြို့ကို ထိုးစစ်ဆင်ချိန်အတွင်း ဟားမက်ခေါင်းဆောင် ဆင်ဝါကို တိုက်ခိုက်နိုင်ခြင်းဖြစ်ပြီး ၄င်း ၏ ရုပ်အလောင်းကို မြေအောက်ဥမင်လိုဏ်ခေါင်းနားမှ ၆ မီတာအကွာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂါဇာစစ်ပွဲက ၁ နှစ်ကျော်ကြာနေပြီး ဟားမက်စ်လက်ထဲတွင် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဟားမက္ေခါင္းေဆာင္ ေသဆုံးသြားလည္း ထိုးစစ္ရပ္မည္မဟုတ္ဟု အစၥေရးေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂ဝ

ပါလက္စတိုင္းပါလက္စတိုင္း အေျခစိုက္ ဟားမက္အဖြဲ႕ အဓိက ေခါင္းေဆာင္ေသဆုံးခဲ့ေသာ္လည္း ဂါဇာေဒသတြင္ ျပဳလုပ္ေနေသာ စစ္ဆင္ေရး အဆုံးသတ္မည္မဟုတ္ေသးေၾကာင္း အစၥေရးစစ္ဘက္တာဝန္ရွိသူတစ္ဦးက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

အစၥေရးစစ္တပ္၏ တာဝန္ရွိသူတစ္ဦးျဖစ္ေသာ ဗိုလ္ခ်ဳပ္ ဟာဂါရီက ဟားမက္အဖြဲ႕လက္ထဲေရာက္ရွိေနသူအားလုံး အိမ္ျပန္မေရာက္မခ်င္း ဂါဇာေဒသတြင္ ျပဳလုပ္ေနေသာ စစ္ပြဲအဆုံးသတ္မည္မဟုတ္ေၾကာင္း ေျပာသည္။ ၄င္းက "ဟားမက္ေခါင္းေဆာင္ ေသဆုံးေပမယ့္ စစ္ဆင္ေရးက အဆုံးသတ္မွာ မဟုတ္ဘူး" ဟု ေျပာသည္။

အစၥေရးစစ္တပ္အေနျဖင့္ ျပည္သူမ်ား ၿခိမ္းေျခာက္မႈမ်ားမွ ကာကြယ္ေပးသြားမည္ျဖစ္ေၾကာင္း ၄င္းက ေျပာသည္။ အစၥေရးသည္ ဖမ္းဆီးထားသူအာလုံး ျပန္လြတ္ေပးေစလိုလွ်င္ ဂါဇာေဒသမွ အစၥေရးစစ္သားမ်ား ျပန္႐ုတ္သိမ္းရန္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ားေပးရန္ တိုက္ခိုက္မႈမ်ား ရပ္တန္ရန္ ေတာင္းဆိုထားသည္။ အစၥေရးသည္ လက္ရွိအခ်ိန္တြင္ ဟားမက္ကို တိုက္ခိုက္ရန္ ဂါဇာေဒသကို ထိုးစစ္ဆင္ေနသည့္အျပင္ ဟစ္ဘိုလာအဖြဲ႕ကို တိုက္ခိုက္ရန္ လက္ဘႏြန္ေဒသကို ထိုးစစ္ဆင္တိုက္ခိုက္ေနေၾကာင္း သိရသည္။ အစၥေရးစစ္တပ္အေနျဖင့္ ဂါဇာေဒသ ခန္ယူနစ္ၿမိဳ႕ကို ထိုးစစ္ဆင္ခ်ိန္အတြင္း ဟားမက္ေခါင္းေဆာင္ ဆင္ဝါကို တိုက္ခိုက္ႏိုင္ျခင္းျဖစ္ၿပီး ၄င္း ၏ ႐ုပ္အေလာင္းကို ေျမေအာက္ဥမင္လိုဏ္ေခါင္းနားမွ ၆ မီတာအကြာတြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ဂါဇာစစ္ပြဲက ၁ ႏွစ္ေက်ာ္ၾကာေနၿပီး ဟားမက္စ္လက္ထဲတြင္ ဖမ္းဆီးခံထားရဆဲျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.