အီရန်၊ ရုရှား နှင့် အိုမန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်

 545

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂ဝ

အရှေ့အလယ်ပိုင်း ဒေသအတွင်း စစ်ရေးတင်းမာမှုများ ရှိနေချိန်တွင် အီရန်နိုင်ငံက ရုရှား အိုမန်တို့နှင့်အတူ အိန္ဒိယ သမုဒ္ဒရာအတွင်း စစ်ရေးလေ့ကျင်ခန်းများ လုပ်ဆောင်နေကြောင်း သိရသည်။ ဒေသအတွင်း လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုပိုမိုကောင်းမွန်စေရန်အတွက် IMEX 2024 အမည်ရှိ စစ်ရေးပူးတွဲလေ့ကျင့်ခန်းကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ကြောင်း အီရန်စစ်တပ်က ပြောသည်။

စစ်ရေးလေ့ကျင့်ခန်းအတွင်း နိုင်ငံတကာရေကြောင်းလုံခြုံမှု ပိုမိုကောင်းမွန်ရန် ရေကြောင်းကုန်သွယ်ရေးလမ်း ကြောင်း ဘေးကင်းစေရန် လေ့ကျင့်မည်ဖြစ်ကြောင်း အီရန်က ပြောသည်။ အီရန်သည် အောက်တိုဘာ ၁ ရက်တွင် အစ္စရေးကို ဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အီရန်သည် အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှု ဖြစ်နေချိန်တွင် ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် စစ်ရေးပူးပေါင်းမှု တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော မတ်လကလည်း အီရန်သည် တရုတ်၊ ရုရှားတို့နှင့် ပင်လယ်ကွေ့တွင် စစ်ရေးပူးတွဲလေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
အီရန္၊ ႐ုရွား ႏွင့္ အိုမန္တို႔ ပူးတြဲစစ္ေရးေလ့က်င့္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂ဝ

အေရွ႕အလယ္ပိုင္း ေဒသအတြင္း စစ္ေရးတင္းမာမႈမ်ား ရွိေနခ်ိန္တြင္ အီရန္ႏိုင္ငံက ႐ုရွား အိုမန္တို႔ႏွင့္အတူ အိႏၵိယ သမုဒၵရာအတြင္း စစ္ေရးေလ့က်င္ခန္းမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။ ေဒသအတြင္း လုံၿခဳံေရး ပူးေပါင္း ေဆာင္႐ြက္မႈပိုမိုေကာင္းမြန္ေစရန္အတြက္ IMEX 2024 အမည္ရွိ စစ္ေရးပူးတြဲေလ့က်င့္ခန္းကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပျခင္းျဖစ္ေၾကာင္း အီရန္စစ္တပ္က ေျပာသည္။

စစ္ေရးေလ့က်င့္ခန္းအတြင္း ႏိုင္ငံတကာေရေၾကာင္းလုံၿခဳံမႈ ပိုမိုေကာင္းမြန္ရန္ ေရေၾကာင္းကုန္သြယ္ေရးလမ္း ေၾကာင္း ေဘးကင္းေစရန္ ေလ့က်င့္မည္ျဖစ္ေၾကာင္း အီရန္က ေျပာသည္။ အီရန္သည္ ေအာက္တိုဘာ ၁ ရက္တြင္ အစၥေရးကို ဒုံးက်ည္မ်ားျဖင့္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ အီရန္သည္ အေရွ႕အလယ္ပိုင္းေဒသအတြင္း တင္းမာမႈ ျဖစ္ေနခ်ိန္တြင္ ႐ုရွားႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံတို႔ႏွင့္ စစ္ေရးပူးေပါင္းမႈ တိုးျမႇင့္လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့ေသာ မတ္လကလည္း အီရန္သည္ တ႐ုတ္၊ ႐ုရွားတို႔ႏွင့္ ပင္လယ္ေကြ႕တြင္ စစ္ေရးပူးတြဲေလ့က်င့္ခန္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.