ပုလောမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် လူ(၇၀)ကျော် လိုက်ပါလာသည့် စက်လှေတိမ်းမှောက်ရာ (၉)ဦး သေဆုံးပြီး (၂)ဦးပျောက်နေ

 398

သန့်ဇင် (NP News) - အောက်တိုဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် လူ(၇၀)ကျော်လိုက်ပါလာ သည့် စက်လှေတိမ်းမှောက်ရာ (၉)ဦးသေဆုံးပြီး (၂)ဦးပျောက်ဆုံးနေကြောင်း ဒေသခံများထံ သိရသည်။
စက်လှေတိမ်းမှောက်မှုသည် ယမန်နေ့(အောက်တိုဘာ ၂ဝ ရက်)၊ ည ၉ နာရီ ၃ဝ မိနစ်အချိန်ခန့်က ပုလောမြို့နယ်၊ ကျောက်ကာချောင်းဝတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဓိက ပုလောမြို့နယ်ရုံးမှာ ကျောင်းပိတ်တော့ ကလေးတွေက မှတ်ပုံတင်လာလုပ်ကြတာ။ (၁၄)ယောက်၊ (၁၅) ယောက်လောက်ရှိတယ်။ အဲဒီကလေးတွေလည်း တချို့တဝက်ပါသွားတယ်ကြားတယ်။ ပုလောကနေ ကားနဲ့ (၁၂) မိုင်သွားပြီးတော့ ရေလမ်းနဲ့သွားရတာ။ ကျွန်းလိုဖြစ်နေတာ။ လေလည်းတိုက်တယ်ပြောတယ်။ ဒီမှာက လေဖိအားနည်းရပ်ဝန်းဖြစ်နေတာ။ ရေထဲက ချိန်ပြီးသွားရတာ။ အဲဒီလိုဖြစ်တော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လည်း မသွားနိုင်ဘူးပေါ့လေ။ အဲဒီစက်လှေပေါ်မှာ လူ(၇၀)လောက်ပါပေမယ့် အဲဒီစက်လှေတွေက လူ(၁၀၀) လောက်ဆံ့တယ်” ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ စက်လှေတိမ်းမှောက်မှုကြောင့် (၃)လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသားတစ်ဦး နှင့် အမျိုးသမီး(၆)ဦးတို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် အမျိုးသမီး(၃)ဦး နှင့် အမျိုးသား(၃)ဦးမှာ အတွင်းလူနာအဖြစ်လည်းကောင်း အမျိုးသား(၃)ဦးနှင့် အမျိုးသမီး (၂)ဦးမှာ ပြင်ပလူနာအဖြစ်လည်းကောင်း ဆေးကုသမှုများခံယူနေပြီး ပျောက်ဆုံးသူများလည်းရှိနေကြောင်း သိရသည်။

“အဲဒီဘက်မှာက ကားလမ်း တွေလည်း နယ်မြေအခြေအနေကြောင့် ပိတ်ထားတယ်။ ပြောရမယ်ဆိုရင်တော့ အဲဒီက မြိတ်ကိုစစ်ရှောင်တဲ့ အဖွဲ့တွေလို့ပဲပြောရမှာပေါ့။ ကားလမ်းပိတ်နေလို့ ဆိုပြီး ကားပေါ်ကနေ နေရပ်ပြန်ဖို့ စီစဉ်နေတဲ့လူတွေပါတယ်။ ကလေးရော လူကြီးရော အစုံပါတယ်။ အဲဒီဘက်ရေကူးတက်တဲ့လူတွေများတော့ ရေကူးပြီးဆယ်လို့ရတဲ့လူများတယ်။ (၂)ယောက်ကတော့ အခုထိပျောက်နေတုန်းပဲ” ဟု ပုလောမြို့နယ်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် စက်လှေတိမ်းမှောက်သည့်နေရာသို့ နယ်မြေအခြေအနေများကြောင့် ဒေသတွင်း ရှာဖွေကယ်ဆယ်ရေး အသင်းများက သွားရောက်ကူညီရန် အခက်အခဲများစွာရှိနေကြောင်း အထက်ပါ ဒေသခံများက ဆိုသည်။

Zawgyi Version;
ပုေလာၿမိဳ႕နယ္တြင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အပါအဝင္ လူ(၇၀)ေက်ာ္ လိုက္ပါလာသည့္ စက္ေလွတိမ္းေမွာက္ရာ (၉)ဦး ေသဆုံးၿပီး (၂)ဦးေပ်ာက္ေန
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၂၁

တနသၤာရီတိုင္းေဒသႀကီး၊ ပုေလာၿမိဳ႕နယ္တြင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အပါအဝင္ လူ(၇၀)ေက်ာ္လိုက္ပါလာ သည့္ စက္ေလွတိမ္းေမွာက္ရာ (၉)ဦးေသဆုံးၿပီး (၂)ဦးေပ်ာက္ဆုံးေနေၾကာင္း ေဒသခံမ်ားထံ သိရသည္။
စက္ေလွတိမ္းေမွာက္မႈသည္ ယမန္ေန႔(ေအာက္တိုဘာ ၂ဝ ရက္)၊ ည ၉ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္က ပုေလာၿမိဳ႕နယ္၊ ေက်ာက္ကာေခ်ာင္းဝတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အဓိက ပုေလာၿမိဳ႕နယ္႐ုံးမွာ ေက်ာင္းပိတ္ေတာ့ ကေလးေတြက မွတ္ပုံတင္လာလုပ္ၾကတာ။ (၁၄)ေယာက္၊ (၁၅) ေယာက္ေလာက္ရွိတယ္။ အဲဒီကေလးေတြလည္း တခ်ိဳ႕တဝက္ပါသြားတယ္ၾကားတယ္။ ပုေလာကေန ကားနဲ႔ (၁၂) မိုင္သြားၿပီးေတာ့ ေရလမ္းနဲ႔သြားရတာ။ ကြၽန္းလိုျဖစ္ေနတာ။ ေလလည္းတိုက္တယ္ေျပာတယ္။ ဒီမွာက ေလဖိအားနည္းရပ္ဝန္းျဖစ္ေနတာ။ ေရထဲက ခ်ိန္ၿပီးသြားရတာ။ အဲဒီလိုျဖစ္ေတာ့ ကယ္ဆယ္ေရးလုပ္ငန္းေတြ လည္း မသြားႏိုင္ဘူးေပါ့ေလ။ အဲဒီစက္ေလွေပၚမွာ လူ(၇၀)ေလာက္ပါေပမယ့္ အဲဒီစက္ေလွေတြက လူ(၁၀၀) ေလာက္ဆံ့တယ္” ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ စက္ေလွတိမ္းေမွာက္မႈေၾကာင့္ (၃)လသားအ႐ြယ္ ကေလးငယ္တစ္ဦး အပါအဝင္ အမ်ိဳးသားတစ္ဦး ႏွင့္ အမ်ိဳးသမီး(၆)ဦးတို႔ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အမ်ိဳးသမီး(၃)ဦး ႏွင့္ အမ်ိဳးသား(၃)ဦးမွာ အတြင္းလူနာအျဖစ္လည္းေကာင္း အမ်ိဳးသား(၃)ဦးႏွင့္ အမ်ိဳးသမီး (၂)ဦးမွာ ျပင္ပလူနာအျဖစ္လည္းေကာင္း ေဆးကုသမႈမ်ားခံယူေနၿပီး ေပ်ာက္ဆုံးသူမ်ားလည္းရွိေနေၾကာင္း သိရသည္။

“အဲဒီဘက္မွာက ကားလမ္း ေတြလည္း နယ္ေျမအေျခအေနေၾကာင့္ ပိတ္ထားတယ္။ ေျပာရမယ္ဆိုရင္ေတာ့ အဲဒီက ၿမိတ္ကိုစစ္ေရွာင္တဲ့ အဖြဲ႕ေတြလို႔ပဲေျပာရမွာေပါ့။ ကားလမ္းပိတ္ေနလို႔ ဆိုၿပီး ကားေပၚကေန ေနရပ္ျပန္ဖို႔ စီစဥ္ေနတဲ့လူေတြပါတယ္။ ကေလးေရာ လူႀကီးေရာ အစုံပါတယ္။ အဲဒီဘက္ေရကူးတက္တဲ့လူေတြမ်ားေတာ့ ေရကူးၿပီးဆယ္လို႔ရတဲ့လူမ်ားတယ္။ (၂)ေယာက္ကေတာ့ အခုထိေပ်ာက္ေနတုန္းပဲ” ဟု ပုေလာၿမိဳ႕နယ္ရွာေဖြ ကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
လက္ရွိတြင္ စက္ေလွတိမ္းေမွာက္သည့္ေနရာသို႔ နယ္ေျမအေျခအေနမ်ားေၾကာင့္ ေဒသတြင္း ရွာေဖြကယ္ဆယ္ေရး အသင္းမ်ားက သြားေရာက္ကူညီရန္ အခက္အခဲမ်ားစြာရွိေနေၾကာင္း အထက္ပါ ေဒသခံမ်ားက ဆိုသည္။

Related news

© 2021. All rights reserved.