ရုရှားစစ်ပွဲမှာ မြောက်ကိုရီးယားစစ်သားတွေ ပူးပေါင်းပါဝင်ခြင်းကို တုံ့ပြန်ပေးဖို့ ယူကရိန်းသမ္မတ တောင်းဆို

 319

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၁

ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ မြောက်ကိုရီးယားနိုင်ငံ ပါဝင်တိုက်ခိုက်နေတဲ့အချက်ကို လက်ခံတဲ့နိုင်ငံတွေအနေနဲ့ အဲဒီလုပ်ရပ်ကို အခိုင်အမာတုံ့ပြန်ဆောင်ရွက်စေလိုကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ ယူကရိန်းသမ္မတက မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားကို စစ်လက်နက်ပစ္စည်းတွေ ပေးပို့ရုံတင် သာမက စစ်သားတွေဖြန့်ကြတ်ချထားဖို့ စီစဉ်နေတဲ့အကြောင်းကို ဂြိုလ်တုတဆင့်တွေ့မြင်နေရကြောင်း ပြောပါတယ်။

၎င်းက "ရုရှားဘက်က မြောက်ကိုရီးယားစစ်သားတွေ ပါဝင်တိုက်ခိုက်မယ့်အစီအစဉ်ကို မျက်လုံးနဲ့ နားတွေ မပိတ်ထားတဲ့နိုင်ငံတွေကို ကျေးဇူးတင်ပါတယ်။ ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ မြောက်ကိုရီးယားစစ်သားတွေ ပါဝင်လာခြင်းဟာ လူတိုင်းကို ထိခိုက်နစ်နာစေဖွယ်ရှိပါတယ်။ မြောက်ကိုရီးယားစစ်သားတွေကို ခေတ်သစ် စစ်ပွဲ တွေအတွက် လေ့ကျင့်ပေးနေခြင်းဟာ မတည်ငြိမ်မှုတွေ၊ ခြိမ်းခြောက်မှုတွေဖြစ်လာစေတယ်။ ကမ္ဘာကြီးဟာ မြောက်ကိုရီးယားစစ်သားတွေ ပါဝင်လာတာကို နုတ်ဆိပ်နေမယ်ဆိုရင် ကမ္ဘာကြီးမှာဘယ်သူမှ အကျိုးစီးပွားဖြစ်မှာ မဟုတ်ဘဲ စစ်ပွဲအချိန်ပိုကြာလာနိုင်တယ်" လို့ ပြောပါတယ်။

ယူကရိန်းက မြောက်ကိုရီးယားအစိုးရဟာ ရုရှားနိုင်ငံကို တပ်ဖွဲ့ဝင်တွေစေလွှတ်ခဲ့ပြီး စစ်ပွဲမှာ ရုရှားတပ်ဖွဲ့တွေနဲ့ အတူ ပူးပေါင်းတိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်က ပြောခဲ့ပါတယ်။ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့ကလည်း မြောက်ကိုရီးယားအစိုးရဟာ စစ်ရေးလေ့ကျင့်ဖို့အတွက် ရုရှားနိုင်ငံ အရှေ့ဘက် ပိုင်းကို အထူးတပ်ဖွဲ့ဝင် ၁၅၀၀ စေလွှတ်ခဲ့ကြောင်း ပြောပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးကတော့ မြောက်ကိုရီးယားကို ရုရှားကို စစ်သားတွေ ပေးပို့စေလွှတ်တဲ့သတင်းကို လက်ရှိအချိန်မှာ အတည်မပြုနိုင်ပေမယ့် မှန်ကန်မှုရှိမယ်ဆိုရင် စိုးရိမ်စရာကောင်းတဲ့လုပ်ရပ်ဖြစ်ကြောင်း ပြောပါတယ်။ ရုရှားနဲ့ ယူကရိန်းကြားဖြစ်ပွားနေတဲ့ စစ်ပွဲက ၂ နှစ်ခွဲကျော်လာပြီး လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးလုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ပြောပါတယ်။

Zawgyi Version;
႐ုရွားစစ္ပြဲမွာ ေျမာက္ကိုရီးယားစစ္သားေတြ ပူးေပါင္းပါဝင္ျခင္းကို တုံ႔ျပန္ေပးဖို႔ ယူကရိန္းသမၼတ ေတာင္းဆို
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၁

႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ ေျမာက္ကိုရီးယားႏိုင္ငံ ပါဝင္တိုက္ခိုက္ေနတဲ့အခ်က္ကို လက္ခံတဲ့ႏိုင္ငံေတြအေနနဲ႔ အဲဒီလုပ္ရပ္ကို အခိုင္အမာတုံ႔ျပန္ေဆာင္႐ြက္ေစလိုေၾကာင္း ယူကရိန္းသမၼတ ဇီလန္စကီးက ထုတ္ေဖာ္ေျပာဆို လိုက္ပါတယ္။ ယူကရိန္းသမၼတက ေျမာက္ကိုရီးယားႏိုင္ငံဟာ ႐ုရွားကို စစ္လက္နက္ပစၥည္းေတြ ေပးပို႔႐ုံတင္ သာမက စစ္သားေတြျဖန႔္ၾကတ္ခ်ထားဖို႔ စီစဥ္ေနတဲ့အေၾကာင္းကို ၿဂိဳလ္တုတဆင့္ေတြ႕ျမင္ေနရေၾကာင္း ေျပာပါတယ္။

၎က "႐ုရွားဘက္က ေျမာက္ကိုရီးယားစစ္သားေတြ ပါဝင္တိုက္ခိုက္မယ့္အစီအစဥ္ကို မ်က္လုံးနဲ႔ နားေတြ မပိတ္ထားတဲ့ႏိုင္ငံေတြကို ေက်းဇူးတင္ပါတယ္။ ႐ုရွားနဲ႔ျဖစ္ပြားေနတဲ့ စစ္ပြဲမွာ ေျမာက္ကိုရီးယားစစ္သားေတြ ပါဝင္လာျခင္းဟာ လူတိုင္းကို ထိခိုက္နစ္နာေစဖြယ္ရွိပါတယ္။ ေျမာက္ကိုရီးယားစစ္သားေတြကို ေခတ္သစ္ စစ္ပြဲ ေတြအတြက္ ေလ့က်င့္ေပးေနျခင္းဟာ မတည္ၿငိမ္မႈေတြ၊ ၿခိမ္းေျခာက္မႈေတြျဖစ္လာေစတယ္။ ကမာၻႀကီးဟာ ေျမာက္ကိုရီးယားစစ္သားေတြ ပါဝင္လာတာကို ႏုတ္ဆိပ္ေနမယ္ဆိုရင္ ကမာၻႀကီးမွာဘယ္သူမွ အက်ိဳးစီးပြားျဖစ္မွာ မဟုတ္ဘဲ စစ္ပြဲအခ်ိန္ပိုၾကာလာႏိုင္တယ္" လို႔ ေျပာပါတယ္။

ယူကရိန္းက ေျမာက္ကိုရီးယားအစိုးရဟာ ႐ုရွားႏိုင္ငံကို တပ္ဖြဲ႕ဝင္ေတြေစလႊတ္ခဲ့ၿပီး စစ္ပြဲမွာ ႐ုရွားတပ္ဖြဲ႕ေတြနဲ႔ အတူ ပူးေပါင္းတိုက္ခိုက္ဖို႔ ျပင္ဆင္ေနတယ္လို႔ ၿပီးခဲ့တဲ့သီတင္းပတ္က ေျပာခဲ့ပါတယ္။ ေတာင္ကိုရီးယား ေထာက္လွမ္းေရးအဖြဲ႕ကလည္း ေျမာက္ကိုရီးယားအစိုးရဟာ စစ္ေရးေလ့က်င့္ဖို႔အတြက္ ႐ုရွားႏိုင္ငံ အေရွ႕ဘက္ ပိုင္းကို အထူးတပ္ဖြဲ႕ဝင္ ၁၅၀၀ ေစလႊတ္ခဲ့ေၾကာင္း ေျပာပါတယ္။ အေမရိကန္ကာကြယ္ေရးဝန္ႀကီးကေတာ့ ေျမာက္ကိုရီးယားကို ႐ုရွားကို စစ္သားေတြ ေပးပို႔ေစလႊတ္တဲ့သတင္းကို လက္ရွိအခ်ိန္မွာ အတည္မျပဳႏိုင္ေပမယ့္ မွန္ကန္မႈရွိမယ္ဆိုရင္ စိုးရိမ္စရာေကာင္းတဲ့လုပ္ရပ္ျဖစ္ေၾကာင္း ေျပာပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းၾကားျဖစ္ပြားေနတဲ့ စစ္ပြဲက ၂ ႏွစ္ခြဲေက်ာ္လာၿပီး လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရးလုပ္ေဆာင္ႏိုင္ျခင္းမရွိေၾကာင္း ေျပာပါတယ္။

Related news

© 2021. All rights reserved.