ထိုင်ဝမ်ရေလက်ကြားကို အမေရိကန် နဲ့ ကနေဒါစစ်သင်္ဘောများ ဖြတ်ကျော်ဝင်ရောက်၊ အငြင်းပွားမှုများ ပိုမိုဖြစ်လာနေ

 318

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၁

ထိုင်ဝမ်ကျွန်းအရေးတင်းမာမှုတွေရှိနေချိန်မှာပဲ အမေရိကန် နဲ့ ကနေဒါစစ်သင်္ဘောတွေဟာ ထိုင်ဝမ် နဲ့ တရုတ် နိုင်ငံကို ပိုင်းခြားထားတဲ့ ရေလမ်းကြောင်းထဲကို ဝင်ရောက်လာခဲ့ကြောင်း သိရပါတယ်။
တရုတ်စစ်တပ်ဟာ ထိုင်ဝမ်သမ္မတရဲ့ပြောဆိုချက်တွေကို စိတ်ဆိုးဒေါသဖြစ်ကာ ထိုင်ဝမ်ကျွန်းနားမှာ စစ်ရေး လေ့ကျင့်ခန်းတွေ လုပ်ဆောင်ခဲ့ပြီးနောက်မကြာမီ အမေရိကန် နဲ့ ကနေဒါ စစ်သင်္ဘောတွေဟာ ထိုင်ဝမ်ကျွန်းနား ရေပိုင်ထဲ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။အမေရိကန် နဲ့ ကနေဒါ စစ်သင်္ဘောတွေ ထိုင်ဝမ်ကျွန်းနား ဝင်ရောက် လာခြင်းကို တရုတ်အစိုးရက စိတ်ဆိုးဒေါသဖြစ်နေကြောင်း သိရပါတယ်။

အမေရိကန် ရေတပ်ရဲ့အမှတ် ၇ ရေတပ်သင်္ဘောအုပ်စုက "ပဲ့ထိန်းဒုံးကျည်တွေတပ်ဆင်ထားတဲ့ ဖျက်သင်္ဘော အမျိုးအစား USS Higgins (DDG 76) နဲ့ ကနေဒါရေတပ်က ဖရီးဂိတ်သင်္ဘော (FFH 331) အမျိုးအစား သင်္ဘော တွေဟာ ထိုင်ဝမ်ကျွန်း ရေပိုင်နက်နားကို ဝင်ရောက်လာခဲ့တာဖြစ်တယ်" လို့ ပြောပါတယ်။
တရုတ်အစိုးရ ကထိုင်ဝမ်ကျွန်းနားကို ကနေဒါနဲ့ အမေရိကန်စစ်သင်္ဘောတွေ ဝင်ရောက်လာခြင်းနဲ့ပတ်သက်ပြီး အမေရိကန် နဲ့ ကနေဒါနိုင်ငံတို့ဟာ ထိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို နှောက်ယှက်ဟန့်တားနေ တယ်လို့ ပြောပါတယ်။

တရုတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ထိုင်ဝမ်ကျွန်းရေလက်ကြားနားကို အမေရိကန်နဲ့ ကနေဒါ စစ်သင်္ဘောတွေ ဝင်ရောက်လာခဲ့တာကို ရေတပ်နဲ့ လေတပ်က သတိထားစောင့်ကြည့်နေတယ်။ တပ်လှန့်ထားခဲ့တယ်။ အခြေနေတွေကို ဥပဒေစည်းမျဉ်း၊ စည်းကမ်းများအတိုင်း လုပ်ဆောင်ဖို့ တပ်လှန့်ထား တယ်" လို့ ပြောပါတယ်။ တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ၎င်းတို့ပိုင်နက်ဖြစ်တယ်လို့ ပြောဆိုထားပြီး ထိုင်ဝမ်ကတော့ တရုတ်လက်အောက်က ခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ရေး ရယူနိုင်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။

Zawgyi Version;
ထိုင္ဝမ္ေရလက္ၾကားကို အေမရိကန္ နဲ႔ ကေနဒါစစ္သေဘၤာမ်ား ျဖတ္ေက်ာ္ဝင္ေရာက္၊ အျငင္းပြားမႈမ်ား ပိုမိုျဖစ္လာေန
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၁

ထိုင္ဝမ္ကြၽန္းအေရးတင္းမာမႈေတြရွိေနခ်ိန္မွာပဲ အေမရိကန္ နဲ႔ ကေနဒါစစ္သေဘၤာေတြဟာ ထိုင္ဝမ္ နဲ႔ တ႐ုတ္ ႏိုင္ငံကို ပိုင္းျခားထားတဲ့ ေရလမ္းေၾကာင္းထဲကို ဝင္ေရာက္လာခဲ့ေၾကာင္း သိရပါတယ္။
တ႐ုတ္စစ္တပ္ဟာ ထိုင္ဝမ္သမၼတရဲ႕ေျပာဆိုခ်က္ေတြကို စိတ္ဆိုးေဒါသျဖစ္ကာ ထိုင္ဝမ္ကြၽန္းနားမွာ စစ္ေရး ေလ့က်င့္ခန္းေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္မၾကာမီ အေမရိကန္ နဲ႔ ကေနဒါ စစ္သေဘၤာေတြဟာ ထိုင္ဝမ္ကြၽန္းနား ေရပိုင္ထဲ ဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္။အေမရိကန္ နဲ႔ ကေနဒါ စစ္သေဘၤာေတြ ထိုင္ဝမ္ကြၽန္းနား ဝင္ေရာက္ လာျခင္းကို တ႐ုတ္အစိုးရက စိတ္ဆိုးေဒါသျဖစ္ေနေၾကာင္း သိရပါတယ္။

အေမရိကန္ ေရတပ္ရဲ႕အမွတ္ ၇ ေရတပ္သေဘၤာအုပ္စုက "ပဲ့ထိန္းဒုံးက်ည္ေတြတပ္ဆင္ထားတဲ့ ဖ်က္သေဘၤာ အမ်ိဳးအစား USS Higgins (DDG 76) နဲ႔ ကေနဒါေရတပ္က ဖရီးဂိတ္သေဘၤာ (FFH 331) အမ်ိဳးအစား သေဘၤာ ေတြဟာ ထိုင္ဝမ္ကြၽန္း ေရပိုင္နက္နားကို ဝင္ေရာက္လာခဲ့တာျဖစ္တယ္" လို႔ ေျပာပါတယ္။
တ႐ုတ္အစိုးရ ကထိုင္ဝမ္ကြၽန္းနားကို ကေနဒါနဲ႔ အေမရိကန္စစ္သေဘၤာေတြ ဝင္ေရာက္လာျခင္းနဲ႔ပတ္သက္ၿပီး အေမရိကန္ နဲ႔ ကေနဒါႏိုင္ငံတို႔ဟာ ထိုင္ဝမ္ေရလက္ၾကားၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးကို ေႏွာက္ယွက္ဟန႔္တားေန တယ္လို႔ ေျပာပါတယ္။

တ႐ုတ္စစ္တပ္ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက "ထိုင္ဝမ္ကြၽန္းေရလက္ၾကားနားကို အေမရိကန္နဲ႔ ကေနဒါ စစ္သေဘၤာေတြ ဝင္ေရာက္လာခဲ့တာကို ေရတပ္နဲ႔ ေလတပ္က သတိထားေစာင့္ၾကည့္ေနတယ္။ တပ္လွန႔္ထားခဲ့တယ္။ အေျခေနေတြကို ဥပေဒစည္းမ်ဥ္း၊ စည္းကမ္းမ်ားအတိုင္း လုပ္ေဆာင္ဖို႔ တပ္လွန႔္ထား တယ္" လို႔ ေျပာပါတယ္။ တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ဟာ၎တို႔ပိုင္နက္ျဖစ္တယ္လို႔ ေျပာဆိုထားၿပီး ထိုင္ဝမ္ကေတာ့ တ႐ုတ္လက္ေအာက္က ခြဲထြက္ၿပီး ကိုယ္ပိုင္လြတ္လပ္ေရး ရယူႏိုင္ဖို႔ ႀကိဳးပမ္းေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.