ခေတ်မီစစ်ပွဲအတွက် မြေအောက်ချဲ့ထွင်မှုများကို မြောက်ကိုရီးယား စပိုင်အေဂျင်စီ ကြိုးပမ်းနေ

 635

Pika (NP News) - အောက်တိုဘာ ၂၁

မြောက်ကိုရီးယား၏ စပိုင်အေဂျင်စီဖြစ်သည့် Reconnaissance General Bureau (RGB) သည် ခေတ်မီစစ်ပွဲလိုအပ်ချက်များကို ကိုးကားပြီး ၎င်း၏ဌာနချုပ်အောက်ရှိ ဥမင်လိုဏ်ခေါင်း များကို ချဲ့ထွင်ရန် အဆိုပြုချက်တစ်ခုကို မြောက် ကို ရီးယားခေါင်းဆောင်ကင်ဂျုံအန်းထံ တင်ပြခဲ့ ကြောင်း သိရသည်။ RGB သည် Hyongjesan ခရိုင်ရှိ ၎င်း၏ Sopo - (၃)ရပ်ကွက်ဌာနချုပ်အောက်တွင် တည်ရှိသော လက်ရှိဥမင်လိုဏ်ခေါင်းများကို ခေတ်မီ စစ်ပွဲအတွက် ယုံကြည်စိတ်ချရသည့်အနေအထား တွင်မရှိဟု ယူဆကာချဲ့ထွင်ရန် အဆိုပြုချက်ကို ယခုလအစောပိုင်းတွင် ကင်ဂျုံအန်းထံ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။
RGB သည် ဥမင်လိုဏ်ခေါင်းချဲ့ထွင်ခြင်းကို တိုက်ပွဲပြင်ဆင်မှုများပြီးမြောက်ရန်နှင့် နိုင်ငံ တော်ကာကွယ်ရေး မြှင့်တင်ရန် အရေးကြီးတာဝန် အဖြစ် သတ်မှတ်ထားကြောင်းသိရသည်။ ထို့ပြင် စပိုင်အေဂျင်စီ၏စွမ်းရည်များကို မြှင့်တင်ရန်နှင့် ရန်သူ၏ လေကြောင်းတိုက်ခိုက်မှု (သို့မဟုတ်) တိကျသောတိုက်ခိုက်မှုများမှ ဘေးကင်းလုံခြုံသော ကွပ်ကဲမှုအဆောက်အအုံကို ဖန်တီးခြင်းဖြင့် ခေတ်မီစစ်ပွဲ အတွက် ပြင်ဆင်ရာတွင် ၎င်း၏အရေးပါမှုများကို RGB
ကအလေးပေးပြောကြားခဲ့ကြောင်းလည်း သိရသည်။

အဆိုပြုချက်အရ ချဲ့ထွင်မည့်ဥမင်လိုဏ်ခေါင်းများသည် စစ်ဆင်ရေးကွပ်ကဲရန်၊ အဆင့်မြင့် စက်ပစ္စည်းကိရိယာများ နှင့် မဟာဗျူဟာမြောက်ပစ္စည်းကိရိယာများကို သိမ်းဆည်းရန်နှင့် ပဋိပက္ခများဖြစ်ပွားချိန်အတွင်း လျင်မြန်စွာ ဖြန့်ကြက်ချထားမှုများ လုပ်ဆောင်နိုင်ရန်အတွက် အကာအကွယ်နေရာတစ်ခုကို ပံ့ပိုးပေးမည်ဖြစ် ကြောင်း သိရသည်။ ထို့ပြင် အပိုထောက်ပံ့ရေးသိုလှောင်မှုနှင့် အရေး ပေါ်လွတ်မြောက်ရေးလမ်းကြောင်းများ လိုအပ် ကြောင်းလည်း RGB က ပြောကြားခဲ့သည်။
သတင်းရင်းမြစ်တစ်ခုက “ဥမင်လိုဏ်ခေါင်းတွေ ချဲ့ထွင်ခြင်းဟာ အလုံးစုံတိုက်ခိုက်ရေးအတွက် ပြင်ဆင်မှု တွေကို အားကောင်းလာစေဖို့နဲ့ တိုက်ခိုက် ရေးအင်အားကို ထိန်းသိမ်းရာမှာ အဆုံးအဖြတ်ပေးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ RGB ကရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်” ဟု ပြောခဲ့သည်။ ယင်းအဆိုပြုချက်ကို ကင်ဂျုံအန်က အတည်ပြုပေးလိုက်မည်ဆိုပါက RGB ၏ အမှုထမ်းများသည် ရန်သူများ၏ ထောက်လှမ်းရေး အချက်အလက်များ စုဆောင်းခြင်းနှင့် မဟာဗျူဟာမြောက်တုံ့ပြန်မှုများတွင် ပိုမိုအားကောင်းသည့် အခန်းကဏ္ဍကို လုပ်ဆောင်နိုင်ရန် မျှော်လင့်နေကြောင်းလည်း သိရသည်။

Zawgyi Version;
ေခတ္မီစစ္ပြဲအတြက္ ေျမေအာက္ခ်ဲ႕ထြင္မႈမ်ားကို ေျမာက္ကိုရီးယား စပိုင္ေအဂ်င္စီ ႀကိဳးပမ္းေန
Pika (NP News) - ေအာက္တိုဘာ ၂၁

ေျမာက္ကိုရီးယား၏ စပိုင္ေအဂ်င္စီျဖစ္သည့္ Reconnaissance General Bureau (RGB) သည္ ေခတ္မီစစ္ပြဲလိုအပ္ခ်က္မ်ားကို ကိုးကားၿပီး ၎၏ဌာနခ်ဳပ္ေအာက္ရွိ ဥမင္လိုဏ္ေခါင္း မ်ားကို ခ်ဲ႕ထြင္ရန္ အဆိုျပဳခ်က္တစ္ခုကို ေျမာက္ ကို ရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းထံ တင္ျပခဲ့ ေၾကာင္း သိရသည္။ RGB သည္ Hyongjesan ခ႐ိုင္ရွိ ၎၏ Sopo - (၃)ရပ္ကြက္ဌာနခ်ဳပ္ေအာက္တြင္ တည္ရွိေသာ လက္ရွိဥမင္လိုဏ္ေခါင္းမ်ားကို ေခတ္မီ စစ္ပြဲအတြက္ ယုံၾကည္စိတ္ခ်ရသည့္အေနအထား တြင္မရွိဟု ယူဆကာခ်ဲ႕ထြင္ရန္ အဆိုျပဳခ်က္ကို ယခုလအေစာပိုင္းတြင္ ကင္ဂ်ဳံအန္းထံ တင္ျပခဲ့ျခင္း ျဖစ္ေၾကာင္း သတင္းရင္းျမစ္တစ္ခုကေျပာၾကားခဲ့သည္။
RGB သည္ ဥမင္လိုဏ္ေခါင္းခ်ဲ႕ထြင္ျခင္းကို တိုက္ပြဲျပင္ဆင္မႈမ်ားၿပီးေျမာက္ရန္ႏွင့္ ႏိုင္ငံ ေတာ္ကာကြယ္ေရး ျမႇင့္တင္ရန္ အေရးႀကီးတာဝန္ အျဖစ္ သတ္မွတ္ထားေၾကာင္းသိရသည္။ ထို႔ျပင္ စပိုင္ေအဂ်င္စီ၏စြမ္းရည္မ်ားကို ျမႇင့္တင္ရန္ႏွင့္ ရန္သူ၏ ေလေၾကာင္းတိုက္ခိုက္မႈ (သို႔မဟုတ္) တိက်ေသာတိုက္ခိုက္မႈမ်ားမွ ေဘးကင္းလုံၿခဳံေသာ ကြပ္ကဲမႈအေဆာက္အအုံကို ဖန္တီးျခင္းျဖင့္ ေခတ္မီစစ္ပြဲ အတြက္ ျပင္ဆင္ရာတြင္ ၎၏အေရးပါမႈမ်ားကို RGB
ကအေလးေပးေျပာၾကားခဲ့ေၾကာင္းလည္း သိရသည္။

အဆိုျပဳခ်က္အရ ခ်ဲ႕ထြင္မည့္ဥမင္လိုဏ္ေခါင္းမ်ားသည္ စစ္ဆင္ေရးကြပ္ကဲရန္၊ အဆင့္ျမင့္ စက္ပစၥည္းကိရိယာမ်ား ႏွင့္ မဟာဗ်ဴဟာေျမာက္ပစၥည္းကိရိယာမ်ားကို သိမ္းဆည္းရန္ႏွင့္ ပဋိပကၡမ်ားျဖစ္ပြားခ်ိန္အတြင္း လ်င္ျမန္စြာ ျဖန႔္ၾကက္ခ်ထားမႈမ်ား လုပ္ေဆာင္ႏိုင္ရန္အတြက္ အကာအကြယ္ေနရာတစ္ခုကို ပံ့ပိုးေပးမည္ျဖစ္ ေၾကာင္း သိရသည္။ ထို႔ျပင္ အပိုေထာက္ပံ့ေရးသိုေလွာင္မႈႏွင့္ အေရး ေပၚလြတ္ေျမာက္ေရးလမ္းေၾကာင္းမ်ား လိုအပ္ ေၾကာင္းလည္း RGB က ေျပာၾကားခဲ့သည္။
သတင္းရင္းျမစ္တစ္ခုက “ဥမင္လိုဏ္ေခါင္းေတြ ခ်ဲ႕ထြင္ျခင္းဟာ အလုံးစုံတိုက္ခိုက္ေရးအတြက္ ျပင္ဆင္မႈ ေတြကို အားေကာင္းလာေစဖို႔နဲ႔ တိုက္ခိုက္ ေရးအင္အားကို ထိန္းသိမ္းရာမွာ အဆုံးအျဖတ္ေပးတဲ့ အခန္းက႑ကေန ပါဝင္ေနတယ္လို႔ RGB ကရွင္းရွင္းလင္းလင္းေျပာၾကားခဲ့ပါတယ္” ဟု ေျပာခဲ့သည္။ ယင္းအဆိုျပဳခ်က္ကို ကင္ဂ်ဳံအန္က အတည္ျပဳေပးလိုက္မည္ဆိုပါက RGB ၏ အမႈထမ္းမ်ားသည္ ရန္သူမ်ား၏ ေထာက္လွမ္းေရး အခ်က္အလက္မ်ား စုေဆာင္းျခင္းႏွင့္ မဟာဗ်ဴဟာေျမာက္တုံ႔ျပန္မႈမ်ားတြင္ ပိုမိုအားေကာင္းသည့္ အခန္းက႑ကို လုပ္ေဆာင္ႏိုင္ရန္ ေမွ်ာ္လင့္ေနေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.