နျူကလီးယားလက်နက်ပိုင်ဆိုင်ရန် (သို့) နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာရန် လိုအပ်ကြောင်း သမ္မတဇီလန်စကီး ပြော

 112

Pika (NP News) - အောက်တိုဘာ ၂၁

ယူကရိန်းနိုင်ငံသည် နျူကလီးယားနိုင်ငံ သို့မဟုတ် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာမှသာ မိမိကိုယ် ကို ခုခံကာကွယ်နိုင်မည်ဖြစ်ကြောင်း ယူကရိန်း သမ္မတဇီလန်စကီးက အောက်တိုဘာလ (၁၇) ရက်တွင် ထုတ်ဖော် ပြောဆိုခဲ့သည်။ ထို့ပြင် အလားတူအကြောင်းအရာများကို အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အား ကမ်းလှမ်းခဲ့ကြောင်းလည်း ဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့သည်။
ရုရှားနှင့်ဖြစ်ပွားနေသော စစ်ပွဲအတွက် ၎င်း၏အောင်ပွဲအစီအစဉ်များကို ဥရောပအရာရှိများအား တင်သွင်း ပြသခဲ့ပြီးနောက် သတင်းစာရှင်း လင်းပွဲတစ်ခုတွင် သမ္မတဇီလန်စကီးက ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ နေတိုးအဖွဲ့အနေဖြင့် ယူကရိန်းကို အဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်မပြုပါက ယူကရိန်းတွင် နျူကလီးယားလက်နက်များ လိုအပ်လိမ့်မည်ဖြစ်ကြောင်း ဇီလန်စကီးက အကြုံပြုပြောဆိုခဲ့သည်။

ဇီလန်စကီးက “အင်အားကြီးနိုင်ငံတွေ၊ နျူကလီးယားနိုင်ငံတွေက ဒုက္ခရောက်တယ်ဆိုတာမျိုး ဘယ်တော့မှ မရှိပါဘူး။ ကျွန်တော်တို့အတွက် ထွက်ပေါက်ကဘာလဲဆိုတာ ဒေါ်နယ်ထရမ့်ကို ပြောခဲ့ပါတယ်။ ယူကရိန်းမှာ နျူကလီးယားလက်နက်တွေ ရှိမယ်ဆိုရင် အဲဒါကို အကာအကွယ်အဖြစ် အသုံးပြုလို့ရပါတယ် ဒါမှမဟုတ် ကျွန်တော်တို့ မဟာမိတ်ဖွဲ့ဖို့လိုပါတယ်။ နေတိုးအဖွဲ့ကလွဲပြီး နောက်ထပ် ဩဇာအာဏာကြီးမားတဲ့ တခြားအဖွဲ့ တွေကို ကျွန်တော်တို့မသိပါဘူး” ဟုပြောဆိုခဲ့သည်။

ထို့ပြင် ယူကရိန်း၏ရွေးချယ်မှုသည် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာရန်နှင့် ယင်းအချက်မှာ တရားမျှတသည်ဟု ဒေါ်နယ်ထရမ့်က အသိအမှတ်ပြုခဲ့ကြောင်း ဇီလန်စကီးက ထပ်မံပြောကြားခဲ့သည်။ သို့သော်လည်း ယူကရိန်းက နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာမည်ဆိုပါက တတိယကမ္ဘာစစ်ဖြစ်ပွားလာနိုင် ကြောင်း သတိပေးမှုအများအပြားလည်း ရှိနေသည်။ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့သည်မှာ အချိန်(၂)နှစ်ကျော်ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိအချိန် အထိ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက်ရယူနိုင်ခြင်းမျိုးမရှိသေးကြောင်း သိရသည်။

Zawgyi Version;
န်ဴကလီးယားလက္နက္ပိုင္ဆိုင္ရန္ (သို႔) ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာရန္ လိုအပ္ေၾကာင္း သမၼတဇီလန္စကီး ေျပာ
Pika (NP News) - ေအာက္တိုဘာ ၂၁

ယူကရိန္းႏိုင္ငံသည္ န်ဴကလီးယားႏိုင္ငံ သို႔မဟုတ္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာမွသာ မိမိကိုယ္ ကို ခုခံကာကြယ္ႏိုင္မည္ျဖစ္ေၾကာင္း ယူကရိန္း သမၼတဇီလန္စကီးက ေအာက္တိုဘာလ (၁၇) ရက္တြင္ ထုတ္ေဖာ္ ေျပာဆိုခဲ့သည္။ ထို႔ျပင္ အလားတူအေၾကာင္းအရာမ်ားကို အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္အား ကမ္းလွမ္းခဲ့ေၾကာင္းလည္း ဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
႐ုရွားႏွင့္ျဖစ္ပြားေနေသာ စစ္ပြဲအတြက္ ၎၏ေအာင္ပြဲအစီအစဥ္မ်ားကို ဥေရာပအရာရွိမ်ားအား တင္သြင္း ျပသခဲ့ၿပီးေနာက္ သတင္းစာရွင္း လင္းပြဲတစ္ခုတြင္ သမၼတဇီလန္စကီးက ယခုကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ေနတိုးအဖြဲ႕အေနျဖင့္ ယူကရိန္းကို အဖြဲ႕ဝင္ႏိုင္ငံျဖစ္ခြင့္မျပဳပါက ယူကရိန္းတြင္ န်ဴကလီးယားလက္နက္မ်ား လိုအပ္လိမ့္မည္ျဖစ္ေၾကာင္း ဇီလန္စကီးက အႀကဳံျပဳေျပာဆိုခဲ့သည္။

ဇီလန္စကီးက “အင္အားႀကီးႏိုင္ငံေတြ၊ န်ဴကလီးယားႏိုင္ငံေတြက ဒုကၡေရာက္တယ္ဆိုတာမ်ိဳး ဘယ္ေတာ့မွ မရွိပါဘူး။ ကြၽန္ေတာ္တို႔အတြက္ ထြက္ေပါက္ကဘာလဲဆိုတာ ေဒၚနယ္ထရမ့္ကို ေျပာခဲ့ပါတယ္။ ယူကရိန္းမွာ န်ဴကလီးယားလက္နက္ေတြ ရွိမယ္ဆိုရင္ အဲဒါကို အကာအကြယ္အျဖစ္ အသုံးျပဳလို႔ရပါတယ္ ဒါမွမဟုတ္ ကြၽန္ေတာ္တို႔ မဟာမိတ္ဖြဲ႕ဖို႔လိုပါတယ္။ ေနတိုးအဖြဲ႕ကလြဲၿပီး ေနာက္ထပ္ ဩဇာအာဏာႀကီးမားတဲ့ တျခားအဖြဲ႕ ေတြကို ကြၽန္ေတာ္တို႔မသိပါဘူး” ဟုေျပာဆိုခဲ့သည္။

ထို႔ျပင္ ယူကရိန္း၏ေ႐ြးခ်ယ္မႈသည္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာရန္ႏွင့္ ယင္းအခ်က္မွာ တရားမွ်တသည္ဟု ေဒၚနယ္ထရမ့္က အသိအမွတ္ျပဳခဲ့ေၾကာင္း ဇီလန္စကီးက ထပ္မံေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း ယူကရိန္းက ေနတိုးအဖြဲ႕ဝင္ႏိုင္ငံ ျဖစ္လာမည္ဆိုပါက တတိယကမာၻစစ္ျဖစ္ပြားလာႏိုင္ ေၾကာင္း သတိေပးမႈအမ်ားအျပားလည္း ရွိေနသည္။ ႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားခဲ့သည္မွာ အခ်ိန္(၂)ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီျဖစ္ေသာ္လည္း လက္ရွိအခ်ိန္ အထိ ႏွစ္ဖက္စလုံးက အပစ္အခတ္ရပ္စဲေရးအတြက္ သေဘာတူညီခ်က္ရယူႏိုင္ျခင္းမ်ိဳးမရွိေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.