ရုရှားကို ကူညီထောက်ပံ့ပေးမှုဖြင့် တရုတ်ကုမ္ပဏီနှစ်ခုကို အမေရိကန်အစိုးရ ပိတ်ဆို့မှုများထပ်မံချမှတ်

 164

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၁

အမေရိကန်အစိုးရသည် ယူကရိန်းစစ်ပွဲနှင့် ဆက်နွှယ်ပြီး တရုတ်ကုမ္ပဏီနှစ်ခုကို ပစ်မှတ်ထား ပိတ်ဆို့မှုများချမှတ်လိုက်ကြောင်း သိရသည်။ ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်တပ် အသုံးပြုနေသော ဒရုန်းများနှင့် ဆက်နွယ်၍ တရုတ်ကုမ္ပဏီနှစ်ခုကို ပိတ်ဆို့ခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်ကုမ္ပဏီနှစ်ခုက ယူကရိန်းစစ်ပွဲတွင် အသုံးပြုရန်ရုရှားကို ကူညီထောက်ပံ့ပေးနေခဲ့ကြောင်းအမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ရုရှားနိုင်ငံလက်နက်ကုမ္ပဏီနှင့်စီးပွားရေး လုပ်ငန်းရှင်များကြား ကြားဝင် ဆောင်ရွက်ခဲ့ဖူးသည့် ကုမ္ပဏီပိုင်ရှင်ဖြစ်သူ Artem Yams- hchikov ကိုလည်း ပစ်မှတ်ထား ပိတ်ဆို့မှု ချမှတ်ခဲ့ ကြောင်းသိရသည်။ အမေရိကန်အစိုးရသည် ပိတ်ဆို့မှုချမှတ်ခံခဲ့ရသောသူများ၏ အမေရိကန်ပိုင်နက်အတွင်းရှိ ပိုင်ဆိုင်မှုအကျိုးစီးပွားကို သိမ်းဆည်းသွားမည် ဖြစ် ကြောင်း ပြောသည်။
အမေရိကန်အစိုးရက တရုတ်နိုင်ငံ အခြေစိုက် Xiamen Limbach Aircraft Engine Co ကုမ္ပဏီနှင့် Redlepus Vector Industry Shen - zhen Co ကုမ္ပဏီများကို ပစ်မှတ်ထား ပိတ်ဆို့မှု ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အမေရိကန် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာက အသေခံဒရုန်းဟုခေါ်ဆိုသော ဒရုန်းများ ကို တရုတ်ကုမ္ပဏီနှစ်ခုက ပြီးခဲ့သောနှစ်ပိုင်းအတွင်း အများအပြားထုတ်လုပ်ခဲ့ပြီး ရုရှားနိုင်ငံကို ကူညီပံ့ပိုးပေးခဲ့ ကြောင်း ပြောသည်။
ယူကရိန်းသမ္မတဇီလန်စကီးကလည်း မြောက် ကိုရီးယားနိုင်ငံနှင့် အီရန်နိုင်ငံတို့သည် စစ်ပွဲအတွင်း အသုံးပြုနိုင်ရန်အတွက် အီရန်နိုင်ငံကို ဒရုန်းများနှင့် စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးနေဆဲဖြစ် ကြောင်း ဥရောပကောင်စီအစည်းအဝေးအတွင်း ပြောဆိုခဲ့သည်။ လာမည့်နှစ်မှ စတင်ပြီး ရုရှားသမ္မတပူတင်သည် စစ်လက်နက်ပစ္စည်း အများအပြားထုတ် လုပ်ရန် လိုလားနေပြီး ရုရှားနိုင်ငံအပေါ် ပိတ်ဆို့ထား သည့်ပိတ်ဆို့မှုများကို ‌ဖြေလျှော့ပေးခြင်းမျိုး မလုပ်ဆောင်စေလိုကြောင်း ယူကရိန်းသမ္မတက ထုတ်ဖော်ပြောဆိုလိုက်သည်။

Zawgyi Version;
႐ုရွားကို ကူညီေထာက္ပံ့ေပးမႈျဖင့္ တ႐ုတ္ကုမၸဏီႏွစ္ခုကို အေမရိကန္အစိုးရ ပိတ္ဆို႔မႈမ်ားထပ္မံခ်မွတ္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၁

အေမရိကန္အစိုးရသည္ ယူကရိန္းစစ္ပြဲႏွင့္ ဆက္ႏႊယ္ၿပီး တ႐ုတ္ကုမၸဏီႏွစ္ခုကို ပစ္မွတ္ထား ပိတ္ဆို႔မႈမ်ားခ်မွတ္လိုက္ေၾကာင္း သိရသည္။ ယူကရိန္းစစ္ပြဲအတြင္း ႐ုရွားစစ္တပ္ အသုံးျပဳေနေသာ ဒ႐ုန္းမ်ားႏွင့္ ဆက္ႏြယ္၍ တ႐ုတ္ကုမၸဏီႏွစ္ခုကို ပိတ္ဆို႔ခဲ့ျခင္းျဖစ္ေၾကာင္း၊ တ႐ုတ္ကုမၸဏီႏွစ္ခုက ယူကရိန္းစစ္ပြဲတြင္ အသုံးျပဳရန္႐ုရွားကို ကူညီေထာက္ပံ့ေပးေနခဲ့ေၾကာင္းအေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနက ေျပာသည္။ အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနသည္ ႐ုရွားႏိုင္ငံလက္နက္ကုမၸဏီႏွင့္စီးပြားေရး လုပ္ငန္းရွင္မ်ားၾကား ၾကားဝင္ ေဆာင္႐ြက္ခဲ့ဖူးသည့္ ကုမၸဏီပိုင္ရွင္ျဖစ္သူ Artem Yams- hchikov ကိုလည္း ပစ္မွတ္ထား ပိတ္ဆို႔မႈ ခ်မွတ္ခဲ့ ေၾကာင္းသိရသည္။ အေမရိကန္အစိုးရသည္ ပိတ္ဆို႔မႈခ်မွတ္ခံခဲ့ရေသာသူမ်ား၏ အေမရိကန္ပိုင္နက္အတြင္းရွိ ပိုင္ဆိုင္မႈအက်ိဳးစီးပြားကို သိမ္းဆည္းသြားမည္ ျဖစ္ ေၾကာင္း ေျပာသည္။
အေမရိကန္အစိုးရက တ႐ုတ္ႏိုင္ငံ အေျခစိုက္ Xiamen Limbach Aircraft Engine Co ကုမၸဏီႏွင့္ Redlepus Vector Industry Shen - zhen Co ကုမၸဏီမ်ားကို ပစ္မွတ္ထား ပိတ္ဆို႔မႈ ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အေမရိကန္ အစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ မက္သ႐ူးမီလာက အေသခံဒ႐ုန္းဟုေခၚဆိုေသာ ဒ႐ုန္းမ်ား ကို တ႐ုတ္ကုမၸဏီႏွစ္ခုက ၿပီးခဲ့ေသာႏွစ္ပိုင္းအတြင္း အမ်ားအျပားထုတ္လုပ္ခဲ့ၿပီး ႐ုရွားႏိုင္ငံကို ကူညီပံ့ပိုးေပးခဲ့ ေၾကာင္း ေျပာသည္။
ယူကရိန္းသမၼတဇီလန္စကီးကလည္း ေျမာက္ ကိုရီးယားႏိုင္ငံႏွင့္ အီရန္ႏိုင္ငံတို႔သည္ စစ္ပြဲအတြင္း အသုံးျပဳႏိုင္ရန္အတြက္ အီရန္ႏိုင္ငံကို ဒ႐ုန္းမ်ားႏွင့္ စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးေနဆဲျဖစ္ ေၾကာင္း ဥေရာပေကာင္စီအစည္းအေဝးအတြင္း ေျပာဆိုခဲ့သည္။ လာမည့္ႏွစ္မွ စတင္ၿပီး ႐ုရွားသမၼတပူတင္သည္ စစ္လက္နက္ပစၥည္း အမ်ားအျပားထုတ္ လုပ္ရန္ လိုလားေနၿပီး ႐ုရွားႏိုင္ငံအေပၚ ပိတ္ဆို႔ထား သည့္ပိတ္ဆို႔မႈမ်ားကို ‌ေျဖေလွ်ာ့ေပးျခင္းမ်ိဳး မလုပ္ေဆာင္ေစလိုေၾကာင္း ယူကရိန္းသမၼတက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

Related news

© 2021. All rights reserved.