ဟားမတ်စ်ခေါင်းဆောင် သေဆုံးမှုက ဂါဇာစစ်ပွဲ အဆုံးသတ်စေမည်ဟု အမေရိကန်သမ္မတ ပြော

 220

Pika (NP News) - အောက်တိုဘာ ၂၁

ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ယာယာဆင်ဝါသေဆုံးမှုသည် ဖမ်းဆီးခံထားရသော အစ္စရေးဓားစာခံများ ပြန်လည်လွတ်မြောက်လာရေးနှင့် ဂါဇာစစ်ပွဲကို အဆုံးသတ်ရန်အတွက် အဆင့် တစ်ခုကို သတ်မှတ်ပေးခဲ့ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ဒုသမ္မတကာမာလာဟားရစ်တို့က အောက်တိုဘာလ (၁၇)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

(၂၀၂၃)ခုနှစ် အောက်တိုဘာလ(၇)ရက်တွင် ဖြစ်ပွားခဲ့သော အစ္စရေး-ဟားမတ်စ်စစ်ပွဲကို စတင်ခဲ့သူ ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ယာ ယာဆင်ဝါကို သတ်ဖြတ်နိုင်ခဲ့ခြင်းသည် အစ္စရေးအတွက် ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်ပြီး သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်းလည်းသိရသည်။ ဂျိုးဘိုင်ဒန်က “ဒီအချိန်က အပစ်အခတ်ရပ်စဲရေးဆီကို ဦးတည်သွားဖို့ အချိန်ပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတွက် ပိုမိုကောင်းမွန်တဲ့အရာတွေ ကို လုပ်ဆောင်ပေးဖို့လမ်းကြောင်းကို ကျွန်တော်တို့ ဦးတည်သွားနေဖို့က အရေးကြီးပါတယ်” ဟုပြောဆိုခဲ့သည်။

ဂျိုးဘိုင်ဒန်သည် ဂါဇာကမ်းမြောင်ဒေသတွင် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ယာယာဆင်ဝါ သတ်ဖြတ်ခံရပြီးနောက် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနှင့် ဖုန်းပြောဆိုမှုအပြီးတွင် ယခုကဲ့သို့ထုတ်ဖော်ပြောဆို ခဲ့ခြင်းဖြစ်သည်။ ဂျိုးဘိုင်ဒန်က “စစ်ပွဲကို အဆုံးသတ်ပြီး ဖမ်းဆီးခံထားရတဲ့ အစ္စရေးဓားစာခံတွေကို နေအိမ်ကိုပြန်လည်ခေါ်ဆောင်လာဖို့ အချိန်ရောက်ပါပြီ။ ဒါကို ကျွန်တော်တို့လုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ” ဟုပြောဆိုခဲ့သည်။

ထို့ပြင် ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေးအတွက် ပိုမိုမျှော်လင့်ထားကြောင်းနှင့် အစ္စရေး-ဟားမတ်စ် စစ်ပွဲက မကြာမီအချိန်အတွင်း အဆုံးသတ်လိ့မ်မည်ဟု မျှော်လင့်ထားကြောင်း ဂျိုးဘိုင်ဒန်က ပြောဆိုခဲ့သည်။ ဂျိုးဘိုင်ဒန်၏ ပြောဆိုချက်များကို ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်က ၎င်း၏ ကမ်ပိန်းတစ်ခုအတွင်း ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။

ကာမာလာဟားရစ် က “ဒီ အခိုက်အတန့်က ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အခွင့်အရေး တစ်ခုပေးပါတယ်” ဟုပြောဆိုခဲ့သည်။

Zawgyi Version;
ဟားမတ္စ္ေခါင္းေဆာင္ ေသဆုံးမႈက ဂါဇာစစ္ပြဲ အဆုံးသတ္ေစမည္ဟု အေမရိကန္သမၼတ ေျပာ
Pika (NP News) - ေအာက္တိုဘာ ၂၁

ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ ယာယာဆင္ဝါေသဆုံးမႈသည္ ဖမ္းဆီးခံထားရေသာ အစၥေရးဓားစာခံမ်ား ျပန္လည္လြတ္ေျမာက္လာေရးႏွင့္ ဂါဇာစစ္ပြဲကို အဆုံးသတ္ရန္အတြက္ အဆင့္ တစ္ခုကို သတ္မွတ္ေပးခဲ့ေၾကာင္း အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ႏွင့္ ဒုသမၼတကာမာလာဟားရစ္တို႔က ေအာက္တိုဘာလ (၁၇)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

(၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလ(၇)ရက္တြင္ ျဖစ္ပြားခဲ့ေသာ အစၥေရး-ဟားမတ္စ္စစ္ပြဲကို စတင္ခဲ့သူ ဟားမတ္စ္ လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ယာ ယာဆင္ဝါကို သတ္ျဖတ္ႏိုင္ခဲ့ျခင္းသည္ အစၥေရးအတြက္ ႀကီးမားေသာ ေအာင္ျမင္မႈတစ္ခုျဖစ္ၿပီး သမိုင္းမွတ္တိုင္တစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ ဂ်ိဳးဘိုင္ဒန္က “ဒီအခ်ိန္က အပစ္အခတ္ရပ္စဲေရးဆီကို ဦးတည္သြားဖို႔ အခ်ိန္ပဲျဖစ္ပါတယ္။ တစ္ကမာၻလုံးအတြက္ ပိုမိုေကာင္းမြန္တဲ့အရာေတြ ကို လုပ္ေဆာင္ေပးဖို႔လမ္းေၾကာင္းကို ကြၽန္ေတာ္တို႔ ဦးတည္သြားေနဖို႔က အေရးႀကီးပါတယ္” ဟုေျပာဆိုခဲ့သည္။

ဂ်ိဳးဘိုင္ဒန္သည္ ဂါဇာကမ္းေျမာင္ေဒသတြင္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ ယာယာဆင္ဝါ သတ္ျဖတ္ခံရၿပီးေနာက္ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုႏွင့္ ဖုန္းေျပာဆိုမႈအၿပီးတြင္ ယခုကဲ့သို႔ထုတ္ေဖာ္ေျပာဆို ခဲ့ျခင္းျဖစ္သည္။ ဂ်ိဳးဘိုင္ဒန္က “စစ္ပြဲကို အဆုံးသတ္ၿပီး ဖမ္းဆီးခံထားရတဲ့ အစၥေရးဓားစာခံေတြကို ေနအိမ္ကိုျပန္လည္ေခၚေဆာင္လာဖို႔ အခ်ိန္ေရာက္ပါၿပီ။ ဒါကို ကြၽန္ေတာ္တို႔လုပ္ဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ” ဟုေျပာဆိုခဲ့သည္။

ထို႔ျပင္ ဂါဇာကမ္းေျမာင္ေဒသအပစ္အခတ္ရပ္စဲေရးအတြက္ ပိုမိုေမွ်ာ္လင့္ထားေၾကာင္းႏွင့္ အစၥေရး-ဟားမတ္စ္ စစ္ပြဲက မၾကာမီအခ်ိန္အတြင္း အဆုံးသတ္လိ့မ္မည္ဟု ေမွ်ာ္လင့္ထားေၾကာင္း ဂ်ိဳးဘိုင္ဒန္က ေျပာဆိုခဲ့သည္။ ဂ်ိဳးဘိုင္ဒန္၏ ေျပာဆိုခ်က္မ်ားကို ဒီမိုကရက္တစ္သမၼတေလာင္း ကာမာလာဟားရစ္က ၎၏ ကမ္ပိန္းတစ္ခုအတြင္း ထပ္ေလာင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

ကာမာလာဟားရစ္ က “ဒီ အခိုက္အတန႔္က ဂါဇာကမ္းေျမာင္ေဒသမွာ ျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ အခြင့္အေရး တစ္ခုေပးပါတယ္” ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.