အိန္ဒိယအမျိုးသားတစ်ဦးက ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့အသေးဆုံးအဝတ်လျှော်စက်ကို ဖန်တီး

 263

Pika (NP News) - အောက်တိုဘာ၂၃

အိန္ဒိယအမျိုးသားတစ်ဦးသည် အရွယ်အစား(၁ ဒသမ ၂၈)လက်မ၊ (၁ ဒသမ ၃၂) လက်မ နှင့် (၁ ဒသမ ၅၂) လက်မအသီးသီးရှိသော ကမ္ဘာ့အသေးဆုံး အဝတ်လျှော်စက်ကိုဖန်တီးခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။ ဆီဘင်းဆာဂျီ၏ အဝတ်လျှော်စက်ကို ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က ကမ္ဘာ့အသေးဆုံး အဝတ်လျှော်စက်အဖြစ် အတည်ပြုပေးခဲ့ကြောင်းလည်း သိရသည်။

အဆိုပါအဝတ်လျှော်စက်သည် Tama­gotchi ဒီဂျစ်တယ်အရုပ်ထက် ပိုမိုသေးငယ်ပြီး ကမ္ဘာပေါ်တွင် အသေးဆုံးအဝတ်လျှော်စက်ဖြစ်ကြောင်း ဂင်းနစ်စံချိန် မှတ်တမ်းအဖွဲ့များက ပြောကြားခဲ့သည်။ ဆီဘင်းဆာဂျီ၏ အဝတ်လျှော်စက်၏ အလေးချိန်သည် (၂၅) ဂရမ်သာရှိပြီး OREO ကွတ်ကီး(၂)ခု ထက် သာ အနည်းငယ်ပိုလေးကြောင်းသိရသည်။ အဆိုပါဂင်းနစ်စံချိန်အတွက် အရည်အချင်းပြည့်မီရန် ဆီဘင်းဆာဂျီက ၎င်း၏အဝတ်လျှော်စက်သည် လျှော်ဖွပ်ခြင်း၊ ဆေးကြေားခြင်းနှင့် လည်ပတ်ခြင်းတို့ ဖြင့် အပြည့်အဝ အလုပ်လုပ်နိုင်သည်ကို သရုပ်ပြခဲ့ရကြောင်းလည်း သိရသည်။

ဆီဘင်းဆာဂျီ၏ ဂင်းနစ် စံချိန် မှတ်တမ်းတင်ရန်ကြိုးပမ်းမှုကို လူအများအပြားက လာရောက်ကြည့်ရှုခဲ့ကြပြီး ဂင်းနစ်စံချိန်အဖြစ် အသိ အမှတ်ပြုခံရချိန်တွင် တစ်ခဲနက်အားပေးခဲ့ကြကြောင်းလည်း သိရသည်။ ကမ္ဘာ့ဂင်းနစ် စံချိန် မှတ်တမ်းအဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်လာရမည်ဆိုသည့် ၎င်း၏အိပ်မက်ကို အကောင်အထည်ဖော် ရန်အတွက် ကမ္ဘာ့အသေးဆုံး အဝတ်လျှော်စက်ကိုဖန်တီးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆီဘင်းဆာဂျီ ကပြောကြားသည်။

zawgyi version
အိႏၵိယအမ်ိဳးသားတစ္ဦးက ဂင္းနစ္မွတ္တမ္းဝင္ ကမာၻ႔အေသးဆုံးအဝတ္ေလွ်ာ္စက္ကို ဖန္တီး
Pika (NP News) - ေအာက္တိုဘာ၂၃

အိႏၵိယအမ်ိဳးသားတစ္ဦးသည္ အ႐ြယ္အစား(၁ ဒသမ ၂၈)လက္မ၊ (၁ ဒသမ ၃၂) လက္မ ႏွင့္ (၁ ဒသမ ၅၂) လက္မအသီးသီးရွိေသာ ကမာၻ႔အေသးဆုံး အဝတ္ေလွ်ာ္စက္ကိုဖန္တီးခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့ေၾကာင္း သိရသည္။ ဆီဘင္းဆာဂ်ီ၏ အဝတ္ေလွ်ာ္စက္ကို ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕က ကမာၻ႔အေသးဆုံး အဝတ္ေလွ်ာ္စက္အျဖစ္ အတည္ျပဳေပးခဲ့ေၾကာင္းလည္း သိရသည္။

အဆိုပါအဝတ္ေလွ်ာ္စက္သည္ Tama­gotchi ဒီဂ်စ္တယ္အ႐ုပ္ထက္ ပိုမိုေသးငယ္ၿပီး ကမာၻေပၚတြင္ အေသးဆုံးအဝတ္ေလွ်ာ္စက္ျဖစ္ေၾကာင္း ဂင္းနစ္စံခ်ိန္ မွတ္တမ္းအဖြဲ႕မ်ားက ေျပာၾကားခဲ့သည္။ ဆီဘင္းဆာဂ်ီ၏ အဝတ္ေလွ်ာ္စက္၏ အေလးခ်ိန္သည္ (၂၅) ဂရမ္သာရွိၿပီး OREO ကြတ္ကီး(၂)ခု ထက္ သာ အနည္းငယ္ပိုေလးေၾကာင္းသိရသည္။ အဆိုပါဂင္းနစ္စံခ်ိန္အတြက္ အရည္အခ်င္းျပည့္မီရန္ ဆီဘင္းဆာဂ်ီက ၎၏အဝတ္ေလွ်ာ္စက္သည္ ေလွ်ာ္ဖြပ္ျခင္း၊ ေဆးေၾကားျခင္းႏွင့္ လည္ပတ္ျခင္းတို႔ ျဖင့္ အျပည့္အဝ အလုပ္လုပ္ႏိုင္သည္ကို သ႐ုပ္ျပခဲ့ရေၾကာင္းလည္း သိရသည္။

ဆီဘင္းဆာဂ်ီ၏ ဂင္းနစ္ စံခ်ိန္ မွတ္တမ္းတင္ရန္ႀကိဳးပမ္းမႈကို လူအမ်ားအျပားက လာေရာက္ၾကည့္ရႈခဲ့ၾကၿပီး ဂင္းနစ္စံခ်ိန္အျဖစ္ အသိ အမွတ္ျပဳခံရခ်ိန္တြင္ တစ္ခဲနက္အားေပးခဲ့ၾကေၾကာင္းလည္း သိရသည္။ ကမာၻ႔ဂင္းနစ္ စံခ်ိန္ မွတ္တမ္းအဖြဲ႕၏ တစ္စိတ္တစ္ပိုင္းျဖစ္လာရမည္ဆိုသည့္ ၎၏အိပ္မက္ကို အေကာင္အထည္ေဖာ္ ရန္အတြက္ ကမာၻ႔အေသးဆုံး အဝတ္ေလွ်ာ္စက္ကိုဖန္တီးရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ဆီဘင္းဆာဂ်ီ ကေျပာၾကားသည္။

Related news

© 2021. All rights reserved.