လာအိုဘက်သို့ ပြောင်းရွှေ့သွားသော ကျားဖျန့်များ မြန်မာနယ်စပ်တစ်လျှောက် ပြန်လည်ဝင်ရောက်လာနေ

 535

သန့်ဇင် (NP News) - အောက်တိုဘာ ၂၃

မြန်မာမှလာအိုဘက်သို့ ပြောင်းရွှေ့သွား သော ကျားဖျန့်များ မြန်မာနယ်စပ်တစ် လျှောက် ပြန်လည်ဝင်ရောက်လာနေကြောင်း အမည်မဖော်လိုသူ ကျားဖျန့်တိုက်ဖျက်ရေး လုပ်ဆောင်နေသူတစ်ဦးက NP News သို့ ထုတ်ဖော်ပြောဆိုထားသည်။

အွန်လိုင်းကျားဖျန့်လိမ်လည်မှုများသည် မြန်မာနိုင်ငံနှင့် ထိစပ်နေသော တရုတ်နိုင်ငံ၊ လာအို နိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်များတစ်လျှောက်တွင် ခြေကုတ်ယူကာ ငွေကြေးလိမ်လည်မှုများကို လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့်ကာလက တရုတ်နိုင်ငံအ စိုးရနှင့် နစကအစိုးရတို့ ပူးပေါင်းကာ ကျားဖျန့်နှိမ်နင်းရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါလုပ်ငန်းအချို့မှာ လာအိုနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး အဆိုပါနိုင်ငံတွင် အဖမ်းအဆီးများ တိုးလာသည့်အတွက် မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ကာ ကျားဖျန့်များကို ဆက်လက်လုပ်ဆောင်နေလျက်ရှိ ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

"မြန်မာပြည်က ကျားဖျန့်ဗဟိုချက်ဖြစ် သွားပြီတဲ့။ ပြည်တွင်းစစ်တွေနဲ့ တိုင်းပြည်မတည် ငြိမ်မှုတွေ၊ ဆင်းရဲမွဲတေမှုတွေဖြစ်တဲ့အခါမှာ ကျားဖျန့် အားလုံးဟာ နယ်စပ်ဒေသကို ခြေကုပ်ယူပြီးတော့ ထိုင်းနယ်စပ်၊ လာအိုနယ်စပ်နဲ့ တရုတ်နယ်စပ်တွေမှာ အဲလိုမျိုးဝင်လာပြီး အိန္ဒိယနိုင်ငံကို ပစ်မှတ်ထားတဲ့ ကျားဖျန့်တို့ မြန်မာဘက်ကို ပစ်မှတ်ထားတဲ့ ကျားဖျန့်တို့ တရုတ်ဘက်ကို ပစ်မှတ်ထားတဲ့ ကျားဖျန့်တို့ ရှိလာတယ်။ တလောက တရုတ်က ကျား ဖျန့်တွေ ဖမ်းပေးပါဆိုပြီး နစကအစိုးရကို ဖိအားပေးတော့ အဖမ်းအဆီးရှိတော့ လာအိုဘက်ကို ရွှေ့သွား ပြီးတော့ အခုဆိုရင် ဒီဘက်ကို ပြန်ရောက်လာတယ်"ဟု ၎င်းကဆိုသည်။

အဆိုပါ ကျားဖျန့်လုပ်ငန်းများ မြန်မာနိုင်ငံအတွင်းသို့ တစ်ကျော့ပြန် ပြန်လည်ဝင်ရောက်လာ ခြင်းမှာ အဆိုပါလုပ်ငန်းများအတွက် ဝန်ထမ်းရှာရ လွယ်ကူခြင်းနှင့် ကိုယ်စားလှယ်ပေါများခြင်းများ ကြောင့် ဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။ "ဒီကာလအနေအထားနဲ့ တရားဥပဒေမစိုးမိုးတဲ့အတွက် ဒီကောင်တွေက အခွင့်ကောင်း ယူပြီးပြန်လာလုပ်နေကြတာ။ ကျားဖျန့်အများဆုံးကတော့ ရှမ်းပြည်နယ်မှာရှိတယ်။ နောက်တစ်ခုက ကရင်ပြည်နယ်ပေါ့။ ကျန်တဲ့ ရန်ကုန်၊ မန္တလေးတို့မှာ တော့ ရှိတဲ့ဟာနည်းတယ်ပေါ့နော်။ ဟိုဘက်တွေမှာတော့ Camp သွင်းထားတာမျိုးပေါ့နော်။ အဆောင်တွေ ဘာတွေနဲ့ထားပြီးတော့ လခတွေမျိုးမျိုးမြတ်မြတ် ပေးပြီးတော့ လုပ်ခိုင်းတာ။ လုပ်ခိုင်းတော့လည်း လူ တစ်ယောက်ကို Target ထားတယ်။ ဆော့ဝဲလ်ရေးတဲ့ လူတွေကိုလည်း လာကမ်းလှမ်းတယ်။ ကျားဖျန့် ဆော့ဝဲလ်ရေးတာပေါ့နော်။ တော်ရုံတန်ရုံဆိုရင် သူဟာသူရေးရင် (၇)သိန်းလောက်ပဲရှိတာက ကျားဖျန့်ဟာရေးရင် သိန်း(၇၀)လောက်ကို လာကမ်းလှမ်းတာ။ အဲလိုမျိုးတွေပေးတာပေါ့။ အဲဒါကြောင့် တချို့ကျားဖျန့် အက်ပလီကေးရှင်းတွေဆိုရင် ခပ်ညံ့ ညံ့တွေ။ တချို့ကျားဖျန့်အကြီးတွေဆိုရင် အက်ပလီ ကေးရှင်း အရမ်းကောင်းတယ်"ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ပြင် လူမှုကွန်ရက်များဖြစ်သည့် Facebook၊ Tiktok နှင့် Telegram များတွင် ကျား ဖျန့်လုပ်ငန်းများ၌ လုပ်ကိုင်ရန် ငွေကြေးမက်လုံး ပေး ၍ နိုင်ငံအတွင်းမှ လူငယ်များကို ပေါ်ပေါ်ထင်ထင် ခေါ်ယူနေလျက်ရှိပြီး လူငယ်အချို့သည်လည်း အဆိုပါလုပ်ငန်းများတွင် လုပ်ကိုင်ရန် ဆန္ဒရှိနေကြ သည်။ လက်ရှိတွင် ပြည်သူလူထုအတွင်း ကျားဖျန့်များက အသွင်အမျိုးမျိုးဖြင့် လူလတ်တန်းစားနှင့် အခြေခံလူတန်းစားများကို အများစုပစ်မှတ်ထားကာ ငွေကြေး သောင်းဂဏန်းမှစ၍ ကျပ်သိန်းရာချီအထိ လိမ်လည်နေသည်။

zawgyi version
လာအိုဘက္သို႔ ေျပာင္းေ႐ႊ႕သြားေသာ က်ားဖ်န႔္မ်ား ျမန္မာနယ္စပ္တစ္ေလွ်ာက္ ျပန္လည္ဝင္ေရာက္လာေန
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၂၃

ျမန္မာမွလာအိုဘက္သို႔ ေျပာင္းေ႐ႊ႕သြား ေသာ က်ားဖ်န႔္မ်ား ျမန္မာနယ္စပ္တစ္ ေလွ်ာက္ ျပန္လည္ဝင္ေရာက္လာေနေၾကာင္း အမည္မေဖာ္လိုသူ က်ားဖ်န႔္တိုက္ဖ်က္ေရး လုပ္ေဆာင္ေနသူတစ္ဦးက NP News သို႔ ထုတ္ေဖာ္ေျပာဆိုထားသည္။

အြန္လိုင္းက်ားဖ်န႔္လိမ္လည္မႈမ်ားသည္ ျမန္မာႏိုင္ငံႏွင့္ ထိစပ္ေနေသာ တ႐ုတ္ႏိုင္ငံ၊ လာအို ႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံနယ္စပ္မ်ားတစ္ေလွ်ာက္တြင္ ေျခကုတ္ယူကာ ေငြေၾကးလိမ္လည္မႈမ်ားကို လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္ကာလက တ႐ုတ္ႏိုင္ငံအ စိုးရႏွင့္ နစကအစိုးရတို႔ ပူးေပါင္းကာ က်ားဖ်န႔္ႏွိမ္နင္းေရးမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ အဆိုပါလုပ္ငန္းအခ်ိဳ႕မွာ လာအိုႏိုင္ငံအတြင္းသို႔ ထြက္ေျပးတိမ္းေရွာင္သြားခဲ့ၿပီး အဆိုပါႏိုင္ငံတြင္ အဖမ္းအဆီးမ်ား တိုးလာသည့္အတြက္ ျမန္မာႏိုင္ငံအတြင္း ျပန္လည္ဝင္ေရာက္ကာ က်ားဖ်န႔္မ်ားကို ဆက္လက္လုပ္ေဆာင္ေနလ်က္ရွိ ေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။

"ျမန္မာျပည္က က်ားဖ်န႔္ဗဟိုခ်က္ျဖစ္ သြားၿပီတဲ့။ ျပည္တြင္းစစ္ေတြနဲ႔ တိုင္းျပည္မတည္ ၿငိမ္မႈေတြ၊ ဆင္းရဲမြဲေတမႈေတြျဖစ္တဲ့အခါမွာ က်ားဖ်န႔္ အားလုံးဟာ နယ္စပ္ေဒသကို ေျခကုပ္ယူၿပီးေတာ့ ထိုင္းနယ္စပ္၊ လာအိုနယ္စပ္နဲ႔ တ႐ုတ္နယ္စပ္ေတြမွာ အဲလိုမ်ိဳးဝင္လာၿပီး အိႏၵိယႏိုင္ငံကို ပစ္မွတ္ထားတဲ့ က်ားဖ်န႔္တို႔ ျမန္မာဘက္ကို ပစ္မွတ္ထားတဲ့ က်ားဖ်န႔္တို႔ တ႐ုတ္ဘက္ကို ပစ္မွတ္ထားတဲ့ က်ားဖ်န႔္တို႔ ရွိလာတယ္။ တေလာက တ႐ုတ္က က်ား ဖ်န႔္ေတြ ဖမ္းေပးပါဆိုၿပီး နစကအစိုးရကို ဖိအားေပးေတာ့ အဖမ္းအဆီးရွိေတာ့ လာအိုဘက္ကို ေ႐ႊ႕သြား ၿပီးေတာ့ အခုဆိုရင္ ဒီဘက္ကို ျပန္ေရာက္လာတယ္"ဟု ၎ကဆိုသည္။

အဆိုပါ က်ားဖ်န႔္လုပ္ငန္းမ်ား ျမန္မာႏိုင္ငံအတြင္းသို႔ တစ္ေက်ာ့ျပန္ ျပန္လည္ဝင္ေရာက္လာ ျခင္းမွာ အဆိုပါလုပ္ငန္းမ်ားအတြက္ ဝန္ထမ္းရွာရ လြယ္ကူျခင္းႏွင့္ ကိုယ္စားလွယ္ေပါမ်ားျခင္းမ်ား ေၾကာင့္ ျဖစ္ေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။ "ဒီကာလအေနအထားနဲ႔ တရားဥပေဒမစိုးမိုးတဲ့အတြက္ ဒီေကာင္ေတြက အခြင့္ေကာင္း ယူၿပီးျပန္လာလုပ္ေနၾကတာ။ က်ားဖ်န႔္အမ်ားဆုံးကေတာ့ ရွမ္းျပည္နယ္မွာရွိတယ္။ ေနာက္တစ္ခုက ကရင္ျပည္နယ္ေပါ့။ က်န္တဲ့ ရန္ကုန္၊ မႏၲေလးတို႔မွာ ေတာ့ ရွိတဲ့ဟာနည္းတယ္ေပါ့ေနာ္။ ဟိုဘက္ေတြမွာေတာ့ Camp သြင္းထားတာမ်ိဳးေပါ့ေနာ္။ အေဆာင္ေတြ ဘာေတြနဲ႔ထားၿပီးေတာ့ လခေတြမ်ိဳးမ်ိဳးျမတ္ျမတ္ ေပးၿပီးေတာ့ လုပ္ခိုင္းတာ။ လုပ္ခိုင္းေတာ့လည္း လူ တစ္ေယာက္ကို Target ထားတယ္။ ေဆာ့ဝဲလ္ေရးတဲ့ လူေတြကိုလည္း လာကမ္းလွမ္းတယ္။ က်ားဖ်န႔္ ေဆာ့ဝဲလ္ေရးတာေပါ့ေနာ္။ ေတာ္႐ုံတန္႐ုံဆိုရင္ သူဟာသူေရးရင္ (၇)သိန္းေလာက္ပဲရွိတာက က်ားဖ်န႔္ဟာေရးရင္ သိန္း(၇၀)ေလာက္ကို လာကမ္းလွမ္းတာ။ အဲလိုမ်ိဳးေတြေပးတာေပါ့။ အဲဒါေၾကာင့္ တခ်ိဳ႕က်ားဖ်န႔္ အက္ပလီေကးရွင္းေတြဆိုရင္ ခပ္ညံ့ ညံ့ေတြ။ တခ်ိဳ႕က်ားဖ်န႔္အႀကီးေတြဆိုရင္ အက္ပလီ ေကးရွင္း အရမ္းေကာင္းတယ္"ဟု ၎ကဆက္လက္ေျပာသည္။

ထို႔ျပင္ လူမႈကြန္ရက္မ်ားျဖစ္သည့္ Facebook၊ Tiktok ႏွင့္ Telegram မ်ားတြင္ က်ား ဖ်န႔္လုပ္ငန္းမ်ား၌ လုပ္ကိုင္ရန္ ေငြေၾကးမက္လုံး ေပး ၍ ႏိုင္ငံအတြင္းမွ လူငယ္မ်ားကို ေပၚေပၚထင္ထင္ ေခၚယူေနလ်က္ရွိၿပီး လူငယ္အခ်ိဳ႕သည္လည္း အဆိုပါလုပ္ငန္းမ်ားတြင္ လုပ္ကိုင္ရန္ ဆႏၵရွိေနၾက သည္။ လက္ရွိတြင္ ျပည္သူလူထုအတြင္း က်ားဖ်န႔္မ်ားက အသြင္အမ်ိဳးမ်ိဳးျဖင့္ လူလတ္တန္းစားႏွင့္ အေျခခံလူတန္းစားမ်ားကို အမ်ားစုပစ္မွတ္ထားကာ ေငြေၾကး ေသာင္းဂဏန္းမွစ၍ က်ပ္သိန္းရာခ်ီအထိ လိမ္လည္ေနသည္။

Related news

© 2021. All rights reserved.