BLACKPINK အဖွဲ့ဝင် Rose နဲ့ ဘရူနိုမားစ် တို့ရဲ့ "APT" က ၂၀၂၄ ခုနှစ်အတွင်း ကြည့်ရှုမှု သန်း (၁၀၀) အမြန်ဆုံးရရှိတဲ့ MV ဖြစ်လာ

 153

ရောင်နီ(NP News) - အောက်တိုဘာ ၂၄

တောင်ကိုရီးယား အမျိုးသမီး K POP အဖွဲ့ BLACKPINK ရဲ့ အဖွဲ့ဝင် Rosé ဟာ ၂၀၂၄ ခုနှစ်မှာ စံချိန်သစ် တင်ခဲ့ပါတယ်။

အောက်တိုဘာလ ၁၈ ရက်၊ နေ့လည် ၁ နာရီက Rosé ဟာ နာမည်ကျော် အဆို တော် ဘရူနိုမက်ခ်နဲ့ သီဆိုထားတဲ့ "APT" လို့ အမည်ရတဲ့ သီချင်းကို အောက်တိုဘာ ၂၃ ရက်၊ ညနေ ၄ နာရီ ၁၁ မိနစ်ခန့်က Youtube မှာ တင်ခဲ့ပါတယ်။ ဗီဒီယိုဟာ (၅)ရက်အ တွင်း ကြည့်ရှုသူသန်း(၁၀၀)ရရှိခဲ့ပါတယ်။ ဒါဟာ Rose အတွက် ၂၀၂၄ ခုနှစ်အတွင်း ကြည့်ရှုမှု သန်း(၁၀၀)အမြန်ဆုံးရရှိတဲ့ K-pop အနုပညာရှင် ဖြစ်လာစေခဲ့ပါတယ်။ Rose ဟာ ၂၀၂၁ ခုနှစ်မှာ "On the Ground"၊ ၂၀၂၂ ခုနှစ်မှာ "Gone" ဆိုတဲ့ solo album တွေ ထွက်ရှိခဲ့ပြီး (၂)နှစ်ကျော်ကြာခဲ့ပြီးမှ အခု "APT" သီချင်း ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ Blackpink အဖွဲ့ဝင် ဂျင်းနီကလည်း "Mantra” နဲ့ Solo သီချင်းသစ် ထွက်ရှိခဲ့ပါတယ်။ ဂျင်းနီရဲ့ "Mantra" သီချင်းဟာ ယခုသီတင်းပတ် အတွင်းမှာပဲ Official Singles Downloads Chart မှာ Rank နံပါတ် ၃ နေရာကို ရရှိခဲ့ပါတယ်။ အဖွဲ့ဝင် လီဆာကလည်း "Moonlit Floor" ဆိုတဲ့ ဆိုလိုသီချင်းသစ် ထပ်မံထွက်ရှိခဲ့ပါတယ်။ Blackpink အဖွဲ့ဟာ YG Entertainment နဲ့ စာချုပ်ချုပ်ဆိုထားဆဲဖြစ်ပေမယ့် အဖွဲ့လိုက်သီချင်း အယ်လ်ဘမ် ထွက်ရှိတာမျိုး တွေ့လာရခြင်း မရှိသေးဘဲ Blackpink member တစ်ယောက်ချင်းစီရဲ့ Solo comeback တွေကတော့ အဖွဲ့ဝင် ဂျီဆိုးကလွဲလို့ အခြားအဖွဲ့ဝင်တွေ (၃) ယောက်ဟာ ဆက်တိုက်ဆိုသလို ခပ်စိပ်စိပ် ထွက်လာနေတာ တွေ့ရပါတယ်။

zawgyi version
BLACKPINK အဖြဲ႕ဝင္ Rose နဲ႔ ဘ႐ူႏိုမားစ္ တို႔ရဲ႕ "APT" က ၂၀၂၄ ခုႏွစ္အတြင္း ၾကည့္ရႈမႈ သန္း (၁၀၀) အျမန္ဆုံးရရွိတဲ့ MV ျဖစ္လာ
ေရာင္နီ(NP News) - ေအာက္တိုဘာ ၂၄

ေတာင္ကိုရီးယား အမ်ိဳးသမီး K POP အဖြဲ႕ BLACKPINK ရဲ႕ အဖြဲ႕ဝင္ Rosé ဟာ ၂၀၂၄ ခုႏွစ္မွာ စံခ်ိန္သစ္ တင္ခဲ့ပါတယ္။

ေအာက္တိုဘာလ ၁၈ ရက္၊ ေန႔လည္ ၁ နာရီက Rosé ဟာ နာမည္ေက်ာ္ အဆို ေတာ္ ဘ႐ူႏိုမက္ခ္နဲ႔ သီဆိုထားတဲ့ "APT" လို႔ အမည္ရတဲ့ သီခ်င္းကို ေအာက္တိုဘာ ၂၃ ရက္၊ ညေန ၄ နာရီ ၁၁ မိနစ္ခန႔္က Youtube မွာ တင္ခဲ့ပါတယ္။ ဗီဒီယိုဟာ (၅)ရက္အ တြင္း ၾကည့္ရႈသူသန္း(၁၀၀)ရရွိခဲ့ပါတယ္။ ဒါဟာ Rose အတြက္ ၂၀၂၄ ခုႏွစ္အတြင္း ၾကည့္ရႈမႈ သန္း(၁၀၀)အျမန္ဆုံးရရွိတဲ့ K-pop အႏုပညာရွင္ ျဖစ္လာေစခဲ့ပါတယ္။ Rose ဟာ ၂၀၂၁ ခုႏွစ္မွာ "On the Ground"၊ ၂၀၂၂ ခုႏွစ္မွာ "Gone" ဆိုတဲ့ solo album ေတြ ထြက္ရွိခဲ့ၿပီး (၂)ႏွစ္ေက်ာ္ၾကာခဲ့ၿပီးမွ အခု "APT" သီခ်င္း ထြက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

ဒီႏွစ္ထဲမွာ Blackpink အဖြဲ႕ဝင္ ဂ်င္းနီကလည္း "Mantra” နဲ႔ Solo သီခ်င္းသစ္ ထြက္ရွိခဲ့ပါတယ္။ ဂ်င္းနီရဲ႕ "Mantra" သီခ်င္းဟာ ယခုသီတင္းပတ္ အတြင္းမွာပဲ Official Singles Downloads Chart မွာ Rank နံပါတ္ ၃ ေနရာကို ရရွိခဲ့ပါတယ္။ အဖြဲ႕ဝင္ လီဆာကလည္း "Moonlit Floor" ဆိုတဲ့ ဆိုလိုသီခ်င္းသစ္ ထပ္မံထြက္ရွိခဲ့ပါတယ္။ Blackpink အဖြဲ႕ဟာ YG Entertainment နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားဆဲျဖစ္ေပမယ့္ အဖြဲ႕လိုက္သီခ်င္း အယ္လ္ဘမ္ ထြက္ရွိတာမ်ိဳး ေတြ႕လာရျခင္း မရွိေသးဘဲ Blackpink member တစ္ေယာက္ခ်င္းစီရဲ႕ Solo comeback ေတြကေတာ့ အဖြဲ႕ဝင္ ဂ်ီဆိုးကလြဲလို႔ အျခားအဖြဲ႕ဝင္ေတြ (၃) ေယာက္ဟာ ဆက္တိုက္ဆိုသလို ခပ္စိပ္စိပ္ ထြက္လာေနတာ ေတြ႕ရပါတယ္။

Related news

© 2021. All rights reserved.